LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
Lotayanet Burmese
-
January 13, 2020
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဇာတ်ကားထဲမှာ အတူသရုပ်ဆောင်ရင်း နေခြည်ဦးကို တကယ်ချစ်မိသွားတာလို့ ဝန်ခံလိုက်တဲ့ အဝင်း
စကားပြောရင် ရိုးသားပြီး အေးဆေးလွန်းတဲ့ ပင်ကိုယ်အမူအရာကြောင့် မြန်မာမိန်းကလေးတွေကြား ရေပန်းစားခဲ့တဲ့ သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်း ကတော့ ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင် ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ အဆိုတော် တစ်ဦးအဖြစ်ရပ်တည်နေခဲ့ပြီးတော့ မြန်မာနိုင်ငံမှာတော့ သီချင်းဆိုခြင်း ၊ ကြေငြာ ၊ သရုပ်ဆောင် အလုပ်တွေကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အဝင်းဟာ အိပ်မက်တွေ မိုးထားတဲ့ ဆိုတဲ့ ဇတ်ကားရိုက်ကူးလျက်ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ဇတ်ကားမှာတော့ မင်းသမီးအဖြစ် နေခြည်ဦးက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇတ်ကားကြီးနဲ့ပတ်သတ်ပြီး အဝင်းဟာ အင်တာဗျူး တစ်ခုမှာ နေခြည်ဦးနဲ့ Romantic အခန်းတွေ သရုပ်ဆောင်တဲ့ အခါမှာ တကယ်ချစ်မိသွားတယ်လို့ ဆိုပါတယ်။
နေခြည်ဦးနဲ့ သရုပ်ဆောင်ရတာဟာ အဆင်ပြေပြီး သူမဟာ တကယ့်ကို တော်တဲ့ မင်းသမီး တစ်လက်လို့ ဆိုပါတယ်။ နမ်းတဲ့ အခန်းတွေပါဝင်ကိုတော့ တကယ်နမ်းလား မနမ်းလားဆိုတာ TV ဖန်သားပြင်ပေါ်မှာသာ ကြည့်ရှုဖို့ ဖြေကြားခဲ့ပါတယ်။ Drama ဇတ်ကားဖြစ်တာကြောင့် ပြောလိုက်ရင် ပေ့ါသွားမှာစိုးလို့ထင်ပါတယ်နော်ပရိတ်သတ်ကြီး……။ ပရိတ်သတ်ကြီးရေ အဝင်းရဲ့ အင်တာဗျူး ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်နော်………။ အားပေးကြပါဦးနော်……။
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
Writer- ME(Shwe Yaung Lan)
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမ္ဘာသတင်း
ကျန်းမာရေး
နည်းပညာ
ပညာရေး
မူခင်း
အားကစား
ဒေသန္တရသတင်းများ
ဖျော်ဖြေရေး
FACEBOOK
0 Comments