LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
Lotayanet Burmese
-
January 13, 2020
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဝလို့မလှဘူး ပြောခံနေရတဲ့သူတွေကိုယ်စား ထိထိထိမိမိ ပြန်လည်ချေပလိုက်တဲ့ အေသင်ချိုဆွေ
“ပေါက်တဲ့ အိုး ” သီချင်းခွေနဲ့အတူ လူငယ်ပရိသတ်အကြား ရေပန်းစားခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေတစ်ယောက် ယနေ့တိုင် အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်နော်။ သူမဟာ အချစ်ရေးမှာ မျှော်မှန်းထားသလို ကံမကောင်းခဲ့ပေမယ့် သူမနှလုံးသားနဲ့သူမရဲ့ ရင်သွေးလေးကို ကာကွယ်ရင်း ယနေ့တိုင် Singal Mother အဖြစ် ကြံ့ကြံ့ခိုင် ရင်ဆိုင်နေခဲ့တဲ့ မိန်းမသား မေမေ တစ်ဦးလည်းဖြစ်ပါတယ်။
မေမေ အေသင်တစ်ယောက်ဟာ ချစ်ရတဲ့ အိုင်ဗီလေးကို ပြုစုပျိုးထောင်ရင်း အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နေတုန်းပါပဲနော်။ သူမဟာ ကလေးရဲ့မိခင်ဖြစ်သွားပြီး ဝလာတာကြောင့် အချို့က ပြောနေကြတဲ့အပေါ်မှာတော့ သူမဟာ အပြစ်မမြင်ပဲ အပြုံးလေးနဲ့ အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်။
့ “ဘယ်သူပြောလဲ ဖက်တီးမတွေ မလှဘူးလို့။ လူတယောက်ချင်းစီတိုင်းမှာ အလှတရားကိုယ်စီရှိတယ်။ အဲ့ဒီအလှတရားကို ကိုယ်တိုင်ကအသိအမှတ်ပြုပြီး မြတ်နိုးနေဖို့ပဲလိုတယ်။ လူတကာရဲ့ မှတ်ချက်တွေမလိုအပ်ဘူး။ အိုခေ?” ချစ်စရာကောင်းစွာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
အခုလို သာသာနဲ့နာနာလေး အမှန်အတိုင်းပြောတတ်တဲ့ အေသင်ချိုဆွေ ကတော့ တကယ့်ကို အာဂမိန်းမသားပါပဲနော်။ ပြီးတော့ သူဟာ ဖက်တီးမလေးတွေရဲ့ သံတမန်အဖြစ်ပါ ရှေ့တန်းကကာကွယ်လိုက်တာမို့ အားလုံးကလည်း သဘောကျနေခဲ့ကြပါတယ်။
Writer- SMT(Shwe Yaung Lan)
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမ္ဘာသတင်း
ကျန်းမာရေး
နည်းပညာ
ပညာရေး
မူခင်း
အားကစား
ဒေသန္တရသတင်းများ
ဖျော်ဖြေရေး
FACEBOOK
0 Comments