ေခ်ာက္၊ ဇန္နဝါရီလ ၁၄ ။
မေကြးတိုင္းေဒသႀကီး ေခ်ာက္၊ လမ္းရြာ ေရနံေျမတြင္ ေရနံထုတ္လုပ္နိုင္မႈ တိုးၿပီး ထုတ္လုပ္နိုင္သည့္အတြက္ ယခုႏွစ္ ၂၀၁၉၊ ၂၀ ဘ႑ာေရးႏွစ္တြင္ လူမႈေရးတာဝန္သိမႈ CSR ေငြ ရရွိမႈက ယခင္ႏွစ္ ရရွိေငြထက္ ေငြက်ပ္ ၁၈၆၀ သိန္းခန္႔ ပိုတိုး၍ ရရွိသည္ဟု ေခ်ာက္၊ လမ္းရြာ ေရနံေၿမ အေထြေထြမန္ေနဂ်ာႀကီး႐ုံးမွ သိရသည္။
ေခ်ာက္၊ လမ္းရြာ ေရနံေၿမ အေထြေထြမန္ေနဂ်ာႀကီး ဦးကိုကိုသက္ က ဓ ပိုရလာတာ ေနျပည္ေတာ္က ဒါေတြျမင့္ေပးတာေပါ့။ ကၽြန္ေတာ္ရဲ့ ေရနံအထြက္ႏႈန္းရယ္၊ ေခ်ာက္ရဲ့ ြီဏ ေပၚမႈတည္ၿပီးေတာ့ တိုးၿပီးရတာပါ။ဓ ဟု ေျပာၾကားသည္။
ယခုႏွစ္ ၂၀၁၉၊ ၂၀ ဘ႑ာေရး ႏွစ္အတြက္ ေခ်ာက္၊ လမ္းရြာ ေရနံေၿမ ေဒသဖြံၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ရန္ CSR ေငြက်ပ္သိန္းေပါင္း ၄၇၃၀ က်ပ္သိန္းရရွိခဲ့ၿပီး ယခင္ႏွစ္ ၂၀၁၈၊ ၁၉ ဘ႑ာေရးႏွစ္တြင္ CSR ေငြ ၂၈၇၊ဝ က်ပ္သိန္းေက်ာ္ ရရွိခဲ့၍ ယခင္ႏွစ္ထက္ CSRမွ ရရွိ ေငြ ၁၈၆၀ က်ပ္သိန္းခန္႔ ပိုရရွိသည္ဟု ေခ်ာက္၊ လမ္းရြာ ေရနံေၿမ အေထြေထြမန္ေနဂ်ာႀကီး႐ုံးမွ စာရင္းမ်ား အရ သိရသည္။
ေခ်ာက္၊ လမ္းရြာ ေရနံေျမေဒသ ဖြံၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရန္ ရရွိထားေသာ CSR ေငြမွ ပညာေရးက႑ လုပ္ငန္း ၊၇ မ်ိဳး အတြက္ ေငြက်ပ္ ၄၊၅၀ သိန္း၊ က်န္းမာေရးက႑ အတြက္ လူနာတင္ယာဥ္တစ္စီး ဝယ္ယူရန္ ေငြက်ပ္ ၇၄၀ သိန္း၊ လူမႈအေထာက္အကူျပဳ လုပ္ငန္း အတြက္ ေငြက်ပ္ ၃၄၉၂ သိန္း၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးက႑အတြက္ ေငြက်ပ္ ၄၈ သိန္း ျဖစ္သည္ဟု ယင္း႐ုံးႀကီးမွ သိရသည္။
ပညာေရးက႑ ၇ မ်ိဳးတြင္ အမက ၁၃၅ ေက်ာင္း ြဳ ေက်ာင္းေဆာင္ျပဳျပင္ျခင္း၊ အိမ္သာ ႏွင့္ ေက်ာင္းဝန္းတံခါးျပဳလုပ္ျခင္း၊ သစ္လွေက်းရြာ အမက ေက်ာင္း ြဳ ေက်ာင္းေဆာင္ျပဳျပင္ျခင္း၊ မက်ီးပင္ေက်းရြာ ေက်ာင္းေဆာက္လုပ္ျခင္း၊ အိုင့္ႀကီးေက်းရြာ အထက၊ ၾကပ္စုေက်းရြာ အမက ၿခံစည္းရိုးကာရံျခင္း၊ လင္းတကိုင္းေက်းရြာ အထက အုတ္တံတိုင္းကာရံျခင္း၊ ၿမိဳ႕ေပၚေက်ာင္း အထက ၂ ႏွင့္ အမက ၉ ေရသန္႔စက္ ႏွစ္လုံး တပ္ဆင္ျခင္းတို႔ ျဖစ္သည္။
လူမႈေထာက္အကူျပဳလုပ္ငန္း ၁၉ မ်ိဳးတြင္ လမ္းရြာေက်းရြာတြင္း ၄၀ဝ ဖို႔စ္ ဓါတ္အားလိုင္း၊ ဝရကုန္၊ ေျမစြန္း၊ ေညာင္ဖြာ၊ ပေဒသာကၽြန္းေက်းရြာတို႔တြင္ ၁၁ ေကဗြီ ဓါတ္အားလိုင္း၊ ေျမစြန္း၊ သစ္ခ်ိဳကုန္း၊ ဆူးပန္းေခ်ာင္း၊ ေညာင္ဖြာ ေက်းရြာတို႔တြင္ ထရန္စေဖာ္မာ တပ္ဆင္ျခင္း ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္ ၇ ရပ္ကြက္ ႏွင့္ ေက်းရြာတစ္ရြာ ကြန္ကရစ္လမ္းခင္းျခင္း၊ ေက်းရြာခ်င္းဆက္လမ္း ႏွစ္လမ္းတြင္ ကြန္ကရစ္ေရေက်ာ္ ျပဳလုပ္ျခင္း၊ အထက ၂ ေက်ာင္းအတက္ လမ္းျပဳျပင္ျခင္း၊ တမာအိုင့္ရိုးေခ်ာင္းတြင္ လူကူးတံတားတည္ေဆာက္ျခင္းျဖစ္သည္။
ထို႔အျပင္ နလင္ကန္၊ အိုးဘိုေက်းရြာတို႔တြင္ ဂါလံ ၂၄၀ဝ ဆံ စင္ျမင္ေရစင္၊ ဇီခ်ိဳပင္ေက်းရြာ ေရပိုက္လိုင္းသြယ္တန္းျခင္း၊ ၿမိဳ႕ေပၚရပ္ကြက္ ၅ ခု ေရပိုက္လိုင္းသြယ္တန္းျခင္း၊ ေညာင္လွရပ္ကြက္ အားကစားကြင္း ပြဲၾကည့္စင္ ျပဳျပင္ျခင္း ႏွင့္ ေျမထိမ္းနံရံ ႏွစ္ခု ျပဳလုပ္ျခင္း စသည့္ လုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ဟု ေခ်ာက္၊ လမ္းရြာ ေရနံေၿမ အေထြေထြမန္ေနဂ်ာႀကီး႐ုံးမွ သိရသည္။
ေနနိုင္
Unicode
ချောက်တွင် ရေနံ ထုတ်လုပ်နိုင်မှု တိုးလာ၍ CSR ကျပ်သိန်း ၁၈ဝဝ ကျပ်ကျော် ပိုမိုရရှိ

ချောက်၊ ဇန်နဝါရီလ ၁၄ ။
မကွေးတိုင်းဒေသကြီး ချောက်၊ လမ်းရွာ ရေနံမြေတွင် ရေနံထုတ်လုပ်နိုင်မှု တိုးပြီး ထုတ်လုပ်နိုင်သည့်အတွက် ယခုနှစ် ၂၀၁၉၊ ၂၀ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု CSR ငွေ ရရှိမှုက ယခင်နှစ် ရရှိငွေထက် ငွေကျပ် ၁၈၆၀ သိန်းခန့် ပိုတိုး၍ ရရှိသည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ သိရသည်။
ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီး ဦးကိုကိုသက် က ဓ ပိုရလာတာ နေပြည်တော်က ဒါတွေမြင့်ပေးတာပေါ့။ ကျွန်တော်ရဲ့ ရေနံအထွက်နှုန်းရယ်၊ ချောက်ရဲ့ ွီဏ ပေါ်မှုတည်ပြီးတော့ တိုးပြီးရတာပါ။ဓ ဟု ပြောကြားသည်။
ယခုနှစ် ၂၀၁၉၊ ၂၀ ဘဏ္ဍာရေး နှစ်အတွက် ချောက်၊ လမ်းရွာ ရေနံမြေ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် CSR ငွေကျပ်သိန်းပေါင်း ၄၇၃၀ ကျပ်သိန်းရရှိခဲ့ပြီး ယခင်နှစ် ၂၀၁၈၊ ၁၉ ဘဏ္ဍာရေးနှစ်တွင် CSR ငွေ ၂၈၇၊ဝ ကျပ်သိန်းကျော် ရရှိခဲ့၍ ယခင်နှစ်ထက် CSRမှ ရရှိ ငွေ ၁၈၆၀ ကျပ်သိန်းခန့် ပိုရရှိသည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ စာရင်းများ အရ သိရသည်။
ချောက်၊ လမ်းရွာ ရေနံမြေဒေသ ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရန် ရရှိထားသော CSR ငွေမှ ပညာရေးကဏ္ဍ လုပ်ငန်း ၊၇ မျိုး အတွက် ငွေကျပ် ၄၊၅၀ သိန်း၊ ကျန်းမာရေးကဏ္ဍ အတွက် လူနာတင်ယာဉ်တစ်စီး ဝယ်ယူရန် ငွေကျပ် ၇၄၀ သိန်း၊ လူမှုအထောက်အကူပြု လုပ်ငန်း အတွက် ငွေကျပ် ၃၄၉၂ သိန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအတွက် ငွေကျပ် ၄၈ သိန်း ဖြစ်သည်ဟု ယင်းရုံးကြီးမှ သိရသည်။
ပညာရေးကဏ္ဍ ၇ မျိုးတွင် အမက ၁၃၅ ကျောင်း ွု ကျောင်းဆောင်ပြုပြင်ခြင်း၊ အိမ်သာ နှင့် ကျောင်းဝန်းတံခါးပြုလုပ်ခြင်း၊ သစ်လှကျေးရွာ အမက ကျောင်း ွု ကျောင်းဆောင်ပြုပြင်ခြင်း၊ မကျီးပင်ကျေးရွာ ကျောင်းဆောက်လုပ်ခြင်း၊ အိုင့်ကြီးကျေးရွာ အထက၊ ကြပ်စုကျေးရွာ အမက ခြံစည်းရိုးကာရံခြင်း၊ လင်းတကိုင်းကျေးရွာ အထက အုတ်တံတိုင်းကာရံခြင်း၊ မြို့ပေါ်ကျောင်း အထက ၂ နှင့် အမက ၉ ရေသန့်စက် နှစ်လုံး တပ်ဆင်ခြင်းတို့ ဖြစ်သည်။
လူမှုထောက်အကူပြုလုပ်ငန်း ၁၉ မျိုးတွင် လမ်းရွာကျေးရွာတွင်း ၄ဝဝ ဖို့စ် ဓါတ်အားလိုင်း၊ ဝရကုန်၊ မြေစွန်း၊ ညောင်ဖွာ၊ ပဒေသာကျွန်းကျေးရွာတို့တွင် ၁၁ ကေဗွီ ဓါတ်အားလိုင်း၊ မြေစွန်း၊ သစ်ချိုကုန်း၊ ဆူးပန်းချောင်း၊ ညောင်ဖွာ ကျေးရွာတို့တွင် ထရန်စဖော်မာ တပ်ဆင်ခြင်း နှင့် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက် နှင့် ကျေးရွာတစ်ရွာ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးရွာချင်းဆက်လမ်း နှစ်လမ်းတွင် ကွန်ကရစ်ရေကျော် ပြုလုပ်ခြင်း၊ အထက ၂ ကျောင်းအတက် လမ်းပြုပြင်ခြင်း၊ တမာအိုင့်ရိုးချောင်းတွင် လူကူးတံတားတည်ဆောက်ခြင်းဖြစ်သည်။
ထို့အပြင် နလင်ကန်၊ အိုးဘိုကျေးရွာတို့တွင် ဂါလံ ၂၄ဝဝ ဆံ စင်မြင်ရေစင်၊ ဇီချိုပင်ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မြို့ပေါ်ရပ်ကွက် ၅ ခု ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ညောင်လှရပ်ကွက် အားကစားကွင်း ပွဲကြည့်စင် ပြုပြင်ခြင်း နှင့် မြေထိမ်းနံရံ နှစ်ခု ပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ သိရသည်။
နေနိုင်
0 Comments