ရန္ကုန္ၿမိဳ႕၏ အႀကီးဆုံး လူကူးခုံးေက်ာ္တံတား ၉၀ ရာခိုင္ႏႈန္း ၿပီးစီး
ရန္ကုန္၊ ဇန္နဝါရီ ၁၄
ရန္ကုန္ၿမိဳ႕၏ အႀကီးဆုံးလူကူးခုံးေက်ာ္တံတားျဖစ္ေသာ နာနတ္ေတာ - ဘုရင့္ေနာင္ ေလးလမ္းဆုံ လူကူးခုံး ေက်ာ္တံတားကို ေဆာက္လုပ္လ်က္ေနသည္မွာ ၉၀ ရာခိုင္းႏႈန္ထိ ေဆာက္လုပ္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (လမ္းႏွင့္တံတား) မွ ဌာနမႉးဦးလင္းခိုင္က ေျပာၾကားသည္။
“၉၀ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီ၊ ေနာက္ပိုင္း ေဆာက္လုပ္တဲ့ ခုံးေက်ာ္တံတားေတြမွာ စက္ေလွကားေတြ ပါတပ္ဆင္ေဆာင္ရြက္ေနပါတယ္။ step ေတြကအမ်ားႀကီး၊ တံတားတင္ မဟုတ္ဘူး၊ ေအာက္ေျခေတြပါလုပ္ရတယ္။ ေန႔ေရာညေရာေဆာင္ရြက္ေနပါတယ္” ဟု ၎က ဆိုသည္။
အဆိုပါ လမ္းဆုံတြင္ ေန႔စဥ္လမ္းျဖတ္ကူးသည့္လူဦးေရမ်ားျပားျခင္းႏွင့္ ကြန္တိန္နာယာဥ္မ်ား ျဖတ္သန္းသြားလာမႈရွိသည့္အျပင္ ဘုရင့္ေနာင္လမ္း၊ လွည္းတန္းလမ္း၊ နာနတ္ေတာလမ္းႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းမ်ား ဆုံသည့္ ေနရာျဖစ္သည့္အျပင္ ရဲစခန္း၊ စာသင္ေက်ာင္း၊ စာသင္တိုက္၊ ေဆး႐ုံႏွင့္ ဆင္မလိုက္ေဈးသို႔ ျဖတ္သန္းသြားလာရာ ေနရာျဖစ္သည္။
နာနတ္ေတာ - ဘုရင့္ေနာင္ ေလးလမ္းဆုံလူကူးခုံးေက်ာ္တံတားကို ၂၀၁၉ ခုႏွစ္ မက္လတြင္ စတင္တည္ေဆာက္ခဲ့ၿပီး တံတားမွာ (၅၂၅) ေပ (၁၁) ေပရွည္လ်ားကာ ယာဥ္ကင္းလြတ္အျမင့္မွာ (၂၀) ေပရွိၿပီး ေဖေဖာ္ဝါရီလအတြင္း ဖြင့္လွစ္ရန္ ခန္႔မွန္းထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ လူကူးခုံေက်ာ္တံတား ၂၁ ခု ရွိၿပီး ယင္းလူကူးခုံးေက်ာ္တံတားမ်ားတြင္ ၆ ခုမွာ စက္ေလွကားပါရွိသည္။
J-10
Unicode
ရန်ကုန်မြို့၏ အကြီးဆုံး လူကူးခုံးကျော်တံတား ၉၀ ရာခိုင်နှုန်း ပြီးစီး
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်မြို့၏ အကြီးဆုံးလူကူးခုံးကျော်တံတားဖြစ်သော နာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံး ကျော်တံတားကို ဆောက်လုပ်လျက်နေသည်မှာ ၉၀ ရာခိုင်းနှုန်ထိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဌာနမှူးဦးလင်းခိုင်က ပြောကြားသည်။
“၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ၊ နောက်ပိုင်း ဆောက်လုပ်တဲ့ ခုံးကျော်တံတားတွေမှာ စက်လှေကားတွေ ပါတပ်ဆင်ဆောင်ရွက်နေပါတယ်။ step တွေကအများကြီး၊ တံတားတင် မဟုတ်ဘူး၊ အောက်ခြေတွေပါလုပ်ရတယ်။ နေ့ရောညရောဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လမ်းဆုံတွင် နေ့စဉ်လမ်းဖြတ်ကူးသည့်လူဦးရေများပြားခြင်းနှင့် ကွန်တိန်နာယာဉ်များ ဖြတ်သန်းသွားလာမှုရှိသည့်အပြင် ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်း၊ နာနတ်တောလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းများ ဆုံသည့် နေရာဖြစ်သည့်အပြင် ရဲစခန်း၊ စာသင်ကျောင်း၊ စာသင်တိုက်၊ ဆေးရုံနှင့် ဆင်မလိုက်ဈေးသို့ ဖြတ်သန်းသွားလာရာ နေရာဖြစ်သည်။
နာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံလူကူးခုံးကျော်တံတားကို ၂၀၁၉ ခုနှစ် မက်လတွင် စတင်တည်ဆောက်ခဲ့ပြီး တံတားမှာ (၅၂၅) ပေ (၁၁) ပေရှည်လျားကာ ယာဉ်ကင်းလွတ်အမြင့်မှာ (၂၀) ပေရှိပြီး ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ရန် ခန့်မှန်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် လူကူးခုံကျော်တံတား ၂၁ ခု ရှိပြီး ယင်းလူကူးခုံးကျော်တံတားများတွင် ၆ ခုမှာ စက်လှေကားပါရှိသည်။
J-10
0 Comments