လားရွိုး၊ ဇန္နဝါရီ ၁၄
ေက်ာက္ပန္းေတာင္းေဒသခံ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ဝ နယ္သို႔ ေခၚေဆာင္ကာ သတ္ၿပီးေနာင္ ဇနီးျဖစ္သူထံ ၿခိမ္းေျခာက္ေငြးေတာင္းခဲ့သည့္ ဘုန္းေတာ္ႀကီး ဦးေခမာသီရိ (ခ) ေစာဖိုးခြားပါအမႈကို ဇန္နဝါရီလ ၁၃ ရက္ေန႔က အမႈကို စတင္စစ္ေဆးနိုင္ရန္ ဆင့္ေခၚထားေသာလည္း စစ္ေဆးနိုင္ျခင္းမရွိခဲ့ေၾကာင္း လားရွိုးခရိုင္တရား႐ုံးထံမွ သိရသည္။
“စစ္ေဆးမဲ့တရားသူႀကီးက ဟိုပန္ “ဝ”တိုင္းေဒသမွာ တရား႐ုံး႐ုံးဖြင့္ပြဲသြားေနရလို႔ မစစ္ေဆးျဖစ္တာပါ၊ ဇန္နဝါရီလ ၂၁ ရက္ေန႔ကို ျပန္ခ်ိန္းထားပါတယ္”ဟု တရား႐ုံးတာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ေန ကိုခိုင္ေဇာ္ဝင္း(ခ)ကိုေနရွိုင္းသည္ ၎ပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ ဆရာေတာ္ ဦးေခမာသီရိ၊ ဦးဟန္းသိန္းတို႔ႏွင့္ အတူ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ တ႐ုတ္ျပည္နယ္စပ္သို႔ အလည္သြားေရာက္စဥ္ ဇနီးျဖစ္သူႏွင့္ အဆက္အသြယ္ျပတ္ေတာက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ကို အကူအညီေတာင္းခံရာက ကိုခိုင္ေဇာ္ဝင္း (ခ) ကိုေနရွိုင္း၏ ႐ုပ္အေလာင္းကို တန္႔ယန္းၿမိဳ႕အထြက္ ပန္ဆန္းၿမိဳ႕နယ္ဘက္သြား ကားလမ္းမေဘးတစ္ေနရာတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း တန္းယန္းၿမိဳ႕မရဲစခန္းထံမွ သိရသည္။
“လူသတ္မႈ ၿခိမ္းေျခာက္မႈ၊ အေလာင္းေဖ်ာက္မႈေတြနဲ႔ တရားစြဲထားတာပါ၊ တည္းခိုခန္းမွာ အသတ္ခံရတယ္။ ၿပီးေတာ့ ေသဆုံးသူရဲ့ အမ်ိဳးသမီးဆီကို ဖုန္းဆက္ၿပီး ေငြသိန္း ၂၀၀ လႊဲေပးဖို႔ေတာင္းခဲ့တယ္။ အေလာင္းကိုလဲ လမ္းေဘးမွာ ပစ္ခ်ၿပီး ေဖ်ာက္ဖ်က္ဖို႔ ႀကိဳးစားခဲ့တယ္။ ျပစ္မႈက်ဴးလြန္ရာမွာလဲ ႏွစ္ေယာက္စလုံးပူးေပါင္းပါဝင္တာေတြ႕ရလို႔ ပုဒ္မေလးခုနဲ႔တရားစြဲထားတယ္” ဟု တန္႔ယန္းၿမိဳ႕မရဲစခန္းမႉးက ရွင္းျပသည္။
အဆိုပါ႐ုပ္အေလာင္းကိုေတြ႕ရွိၿပီးေနာက္ ဘုန္းႀကီးဦးေခမာသီရိႏွင့္ ဦးဟန္းသိမ္းတို႔ကို “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပန္ၿမိဳ႕ရွိ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းတြင္ နိုဝင္ဘာလ ၂၃ ရက္ေန႔က ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းမိၿပီး တန္႔ယန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ကာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ (လူသတ္မႈ)၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၇ (ၿခိမ္းေျခာက္ေငြေတာင္းခံမႈ)၊ ရာဇသတ္ႀကီးပုဒ္မ ၂၀၂ (အေလာင္းေဖ်ာက္ဖ်က္မႈ)၊ ရာဇသတ္ႀကီးပုဒ္မ ၁၁၄ (ျပစ္မႈက်ဴးလြန္ရာတြင္ ပူးေပါင္းပါဝင္ေဆာင္ရြက္မႈ) ပုဒ္မမ်ားျဖင့္ အမႈဖြင့္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းအမႈကို လားရွိုးခရိုင္တရား႐ုံးက အမႈႀကီးအမွတ္ ၄၁၅/၂၀၁၉ ျဖင့္ ဒီဇင္ဘာလ ၂၃ ရက္ေန႔က လက္ခံခဲ့ၿပီး ဇန္နဝါရီလ ၁၃ ရက္ေန႔တြင္ အမႈဖြင့္တိုင္ၾကားသူ တရားလို ေဒၚေအာင္ေဌးညြန္႔ (အသတ္ခံရသူ၏ဇနီး) ကို စစ္ေဆးနိုင္ရန္ ဆင့္ေခၚခဲ့ေသာ္လည္း စစ္ေဆးနိုင္ျခင္းမရွိခဲ့ေပ။
မမ (လားရွိုး)
Unicode
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို “ဝ” နယ်သို့ ခေါ်ဆောင်ကာ သတ်ပြီးနောက် ဇနီးဖြစ်သူထံမှ ကျပ်သိန်း ၂၀၀ ကျော် ခြိမ်းခြောက်ငွေတောင်းခံမှု စတင်စစ်ဆေး

လားရှိုး၊ ဇန်နဝါရီ ၁၄
ကျောက်ပန်းတောင်းဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဝ နယ်သို့ ခေါ်ဆောင်ကာ သတ်ပြီးနောင် ဇနီးဖြစ်သူထံ ခြိမ်းခြောက်ငွေးတောင်းခဲ့သည့် ဘုန်းတော်ကြီး ဦးခေမာသီရိ (ခ) စောဖိုးခွားပါအမှုကို ဇန်နဝါရီလ ၁၃ ရက်နေ့က အမှုကို စတင်စစ်ဆေးနိုင်ရန် ဆင့်ခေါ်ထားသောလည်း စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း လားရှိုးခရိုင်တရားရုံးထံမှ သိရသည်။
“စစ်ဆေးမဲ့တရားသူကြီးက ဟိုပန် “ဝ”တိုင်းဒေသမှာ တရားရုံးရုံးဖွင့်ပွဲသွားနေရလို့ မစစ်ဆေးဖြစ်တာပါ၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကို ပြန်ချိန်းထားပါတယ်”ဟု တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ်နေ ကိုခိုင်ဇော်ဝင်း(ခ)ကိုနေရှိုင်းသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် ဆရာတော် ဦးခေမာသီရိ၊ ဦးဟန်းသိန်းတို့နှင့် အတူ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် တရုတ်ပြည်နယ်စပ်သို့ အလည်သွားရောက်စဉ် ဇနီးဖြစ်သူနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံရာက ကိုခိုင်ဇော်ဝင်း (ခ) ကိုနေရှိုင်း၏ ရုပ်အလောင်းကို တန့်ယန်းမြို့အထွက် ပန်ဆန်းမြို့နယ်ဘက်သွား ကားလမ်းမဘေးတစ်နေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တန်းယန်းမြို့မရဲစခန်းထံမှ သိရသည်။
“လူသတ်မှု ခြိမ်းခြောက်မှု၊ အလောင်းဖျောက်မှုတွေနဲ့ တရားစွဲထားတာပါ၊ တည်းခိုခန်းမှာ အသတ်ခံရတယ်။ ပြီးတော့ သေဆုံးသူရဲ့ အမျိုးသမီးဆီကို ဖုန်းဆက်ပြီး ငွေသိန်း ၂၀၀ လွှဲပေးဖို့တောင်းခဲ့တယ်။ အလောင်းကိုလဲ လမ်းဘေးမှာ ပစ်ချပြီး ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တယ်။ ပြစ်မှုကျူးလွန်ရာမှာလဲ နှစ်ယောက်စလုံးပူးပေါင်းပါဝင်တာတွေ့ရလို့ ပုဒ်မလေးခုနဲ့တရားစွဲထားတယ်” ဟု တန့်ယန်းမြို့မရဲစခန်းမှူးက ရှင်းပြသည်။
အဆိုပါရုပ်အလောင်းကိုတွေ့ရှိပြီးနောက် ဘုန်းကြီးဦးခေမာသီရိနှင့် ဦးဟန်းသိမ်းတို့ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က မော်တော်ယာဉ်နှင့်အတူ ဖမ်းမိပြီး တန့်ယန်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၇ (ခြိမ်းခြောက်ငွေတောင်းခံမှု)၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ (အလောင်းဖျောက်ဖျက်မှု)၊ ရာဇသတ်ကြီးပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု) ပုဒ်မများဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုကို လားရှိုးခရိုင်တရားရုံးက အမှုကြီးအမှတ် ၄၁၅/၂၀၁၉ ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ခံခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားသူ တရားလို ဒေါ်အောင်ဌေးညွန့် (အသတ်ခံရသူ၏ဇနီး) ကို စစ်ဆေးနိုင်ရန် ဆင့်ခေါ်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။
မမ (လားရှိုး)
0 Comments