ဇန်နဝါရီ ၁ဝ
AS
<Zawgyi>
ဇန်နဝါရီ ၁ဝ
AS
Unicode
<Unicode>
ဘာစီလိုနာကို အနိုင်ယူပြီး စပိန်စူပါဖလားဗိုလ်လုပွဲသို့ အက်သလက်တီကို တက်ရောက်
ဇန်နဝါရီ ၁ဝ
ပုံစံသစ်ဖြင့် ပြောင်းလဲလိုက်သော စပိန်စူပါဖလား ဆီမီးဖိုင်နယ်အဖြစ် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို အသင်းတို့ ယနေ့ နံနက်ပိုင်းက ကစားခဲ့ရာ အက်သလက်တီကိုအသင်းက နောက်ကျဂိုးများသွင်းယူကာ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲစဉ်အတွင်း အက်သလက်တီကို အသင်းက ၄၆ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ၅၁ မိနစ်နှင့် ၆၂ မိနစ်တို့တွင် မက်ဆီနှင့် ဂရစ်ဇ်မန်းတို့က ချေပဂိုးနှင့် ဦးဆောင်ဂိုးများ ပြန်လည်သွင်းယူခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် မက်ဆီသွင်းယူသည့်ဂိုးနှင့် ၇၄ မိနစ်တွင် ပီကေးသွင်းယူသည့် ဂိုးတို့ကို VAR ဖြင့် စစ်ဆေးပြီး ပယ်ဖျက်ခဲ့သဖြင့် ဘာစီလိုနာအသင်း နှစ်နာခဲ့ရသည်။
ပွဲပြီးဆုံးရန် ကိုးမိနစ်အလိုတွင် အက်သလက်တီကို တိုက်စစ်မှူး မိုရာတာက ပင်နယ်တီမှ တစ်ဆင့် ချေးပဂိုးသွင်းယူပြီး ငါးမိနစ်အကြာတွင် ကော်ရီရာက အနိုင်ဂိုးထပ်မံ သွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။
အက်သလက်တီကို အသင်းသည် ယမန်နေ့ ကစားခဲ့သော စပိန်စူပါဖလား ဆီမီးဖိုင်နယ်တွင် ဗလင်စီယာအသင်းကို အနိုင်ယူခဲ့သော ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဗိုလ်လုပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက် ည ၁၂ နာရီခွဲတွင် ဆော်ဒီနိုင်ငံ ဘုရင့်အားကစားကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
စပိန်စူပါဖလားကို ယခင်က အမှတ်ပေးချန်ပီယံနှင့် ကိုပါဒယ်ရေးချန်ပီယံအသင်း နှစ်သင်းသာ ဖလားလုပွဲ ကစားခဲ့ရသော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလက အသင်းလေးသင်းဖြင့် ယှဉ်ပြိုင်ကစားရန် သတ်မှတ်ခဲ့သဖြင့် လာလီဂါ ချန်ပီယံ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်၊ ကိုပါဒယ်ရေးဖလား ချန်ပီယံ ဗလင်စီယာနှင့် လာလီဂါ တတိယနေရာမှ ရီးရဲလ်အသင်းတို့ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံးခဲ့ကြသည်။
ဘာစီလိုနာအသင်းမှာ စပိန် စူပါဖလားကို ၁၃ ကြိမ်ဖြင့် အများဆုံးရယူထားပြီး ရီးရဲလ်အသင်းမှာ ၁၀ ကြိမ် ဆွတ်ခူးထားသည်။ ယနေ့ည ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့ နံနက် ၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
AS
0 Comments