ဇန္နဝါရီ ၁၀

တရာလႊတ္ေတာ္ေရွ႕ေန ဦးကိုနီသတ္ျဖတ္ခံရမွုမွ တရားခံမ်ားအား ျပစ္ဒဏ္တိုးရန္အတြက္ ေလၽွာက္ထားမွုတြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္မွ ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

ယင္းသို့ ပယ္ခ်ခံရျခင္းသည္ ျပည္သူလူထု၏ေမၽွာ္လင့္ခ်က္မ်ားကို ရိုက္ခ်ိဳးခံရျခင္းျဖစ္ေၾကာင္းလည္း တရားလႊတ္ေတာ္ ဦးေရာဘတ္စန္းေအာင္က ေျပာၾကားေျပာၾကားသည္။

"ဒီကေန႔ပလပ္မွုကိုၾကည့္ရင္တရားဥပေဒဟာ လိုအပ္ခ်က္ေတြရွိေနၿပီဆိုတာ ျပသလိုက္တာပဲ။ဒါထက္ပိုေျပာရရင္ ဒီအမွု စကတည္းက ျမန္မာနိုင္ငံမွုခင္းအထူးတပ္ဖြဲ႕ဟာ သူ႔အလုပ္သူေသခ်ာမလုပ္ခဲ့တာေတြ႕ရတယ္။ဒီအမွုမွာ ေဇယ်ာၿဖိဳးဟာ အဓိက တရားခံတစ္ေယာက္ျဖစ္တယ္ဆိုတာ ေပၚလြင္ေနတယ္။ဒါကို ၅ႏွစ္ပဲအမိန္႔ခ်တာဟာ ေသဆုံးသူအတြက္ အမွန္ တရားမရွာနိုင္ဘူးဆိုတာျပသတာပဲ။ အျပည္ျပည္ဆိုင္ရာခရီးသြားေတြ ဝင္ထြက္သြားလာေနတဲ့ေနရာမွာ ေပၚေပၚထင္ထင္ ေသနတ္နဲ႔ပစ္သတ္တဲ့ကိစၥကို ၅ႏွစ္ခ်မွတ္တာဟာ နိုင္ငံအတြက္လည္းမေကာင္းဘူး။ ေနာက္ၿပီးေတာ့ ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္ဟာ အျမင့္ဆုံးတရား႐ုံးျဖစ္ၿပီးေတာ့ ဒီေနရာက ပလပ္လိုက္တာဟာ တရား႐ုံးေတြကို အားကိုးရမယ့္ ျပည္လူထုရဲ့ ေမၽွာ္လင့္ခ်က္ကို ရိုက္ခ်ိဳးလိုက္သလိုပါပဲ"ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဥပေဒအႀကံေပး ဦးကိုနီ လုပ္ႀကံခံရသည့္အမွုတြင္ အဓိက ေစခိုင္းသူတစ္ဦးအျဖစ္ပါ ဝင္သည့္ ေဇယ်ာၿဖိဳး ႏွင့္ ေအာင္ဝင္းထြန္းတို့အေပၚ ခ်မွတ္ထားသည့္ျပစ္ဒဏ္မ်ားတိုးျမႇင့္ေပးရန္ တရားလိုေရွ႕ေနမ်ား၏ အယူခံေလၽွာက္ထားခ်က္ကို ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္၊ေအာက္တိုဘာလအတြင္းပိုင္းက တင္ထားခဲ့ၿပီးေနာက္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ယေန႔ဇန္နဝါရီ ၁၀ရက္တြင္ ပယ္ခ်လိုက္ျခင္းျဖစ္ သည္။

ရန္ကုန္ေျမာက္ပိုင္းခရိုင္တရား႐ုံးက ဦးကိုနီအားလုပ္ႀကံသည့္ ေသနတ္သမား ၾကည္လင္း ႏွင့္ ေအာင္ဝင္းေဇာ္ကို မေသ မခ်င္းႀကိဳးကြင္းစြပ္သတ္ရန္အမိန္႔ခ်မွတ္ထားၿပီး အဆိုပါလုပ္ႀကံမွုတြင္ အဓိကပါဝင္ေနေသာ စစ္ေထာက္လွမ္းေရး ဗိုလ္ႀကီး ေဟာင္းေဇယ်ာၿဖိဳးကို ေထာင္ ၅ ႏွစ္၊ ေအာင္ဝင္းထြန္းကို ေထာင္ ၃ ႏွစ္ ခ်မွတ္ထားျခင္းျဖစ္သည္။

ထိုသို့ အယူခံေလၽွာက္ထားမွုကို ျပည္ေထာင္စုလႊတ္ေတာ္မွ ပယ္ခ်ခဲ့အတြက္သည့္ အထူးအယူခံကိုထပ္မံ ေလၽွာက္ထားသြားမည္ျဖစ္ေၾကာင္းလည္း တရားလႊတ္ေတာ္ေရွ႕ေနဦးေရာဘတ္စန္းေအာင္က ေျပာၾကားသည္။

ယင္းအျပင္အမွုတြင္ ပါဝင္ပတ္သက္ေသာ တရားခံေျပးေအာင္ဝင္းခိုင္မွာ ေနျပည္ေတာ္ရွိ ပရေဆးဥယ်ာဥ္နား၌ ေပ်ာက္ဆုံး သြားခဲ့ၿပီး လက္ရွိအခ်ိန္ထိလြတ္ေျမာက္ေနဆဲျဖစ္သည္။

ကိုဖူးသစ္






Unicode






ဦးကိုနီအမှုမှ တရားခံများကိုပြစ်ဒဏ်တိုးရန်လျှောက်ထားချက် ပယ်ချခံရ



ဇန်နဝါရီ ၁၀

တရာလွှတ်တော်ရှေ့နေ ဦးကိုနီသတ်ဖြတ်ခံရမှုမှ တရားခံများအား ပြစ်ဒဏ်တိုးရန်အတွက် လျှောက်ထားမှုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပယ်ချခဲ့ကြောင်း သိရသည်။

ယင်းသို့ ပယ်ချခံရခြင်းသည် ပြည်သူလူထု၏မျှော်လင့်ချက်များကို ရိုက်ချိုးခံရခြင်းဖြစ်ကြောင်းလည်း တရားလွှတ်တော် ဦးရောဘတ်စန်းအောင်က ပြောကြားပြောကြားသည်။

"ဒီကနေ့ပလပ်မှုကိုကြည့်ရင်တရားဥပဒေဟာ လိုအပ်ချက်တွေရှိနေပြီဆိုတာ ပြသလိုက်တာပဲ။ဒါထက်ပိုပြောရရင် ဒီအမှု စကတည်းက မြန်မာနိုင်ငံမှုခင်းအထူးတပ်ဖွဲ့ဟာ သူ့အလုပ်သူသေချာမလုပ်ခဲ့တာတွေ့ရတယ်။ဒီအမှုမှာ ဇေယျာဖြိုးဟာ အဓိက တရားခံတစ်ယောက်ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ဒါကို ၅နှစ်ပဲအမိန့်ချတာဟာ သေဆုံးသူအတွက် အမှန် တရားမရှာနိုင်ဘူးဆိုတာပြသတာပဲ။ အပြည်ပြည်ဆိုင်ရာခရီးသွားတွေ ဝင်ထွက်သွားလာနေတဲ့နေရာမှာ ပေါ်ပေါ်ထင်ထင် သေနတ်နဲ့ပစ်သတ်တဲ့ကိစ္စကို ၅နှစ်ချမှတ်တာဟာ နိုင်ငံအတွက်လည်းမကောင်းဘူး။ နောက်ပြီးတော့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဟာ အမြင့်ဆုံးတရားရုံးဖြစ်ပြီးတော့ ဒီနေရာက ပလပ်လိုက်တာဟာ တရားရုံးတွေကို အားကိုးရမယ့် ပြည်လူထုရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပါပဲ"ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရသည့်အမှုတွင် အဓိက စေခိုင်းသူတစ်ဦးအဖြစ်ပါ ဝင်သည့် ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့အပေါ် ချမှတ်ထားသည့်ပြစ်ဒဏ်များတိုးမြှင့်ပေးရန် တရားလိုရှေ့နေများ၏ အယူခံလျှောက်ထားချက်ကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊အောက်တိုဘာလအတွင်းပိုင်းက တင်ထားခဲ့ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ဇန်နဝါရီ ၁ဝရက်တွင် ပယ်ချလိုက်ခြင်းဖြစ် သည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဦးကိုနီအားလုပ်ကြံသည့် သေနတ်သမား ကြည်လင်း နှင့် အောင်ဝင်းဇော်ကို မသေ မချင်းကြိုးကွင်းစွပ်သတ်ရန်အမိန့်ချမှတ်ထားပြီး အဆိုပါလုပ်ကြံမှုတွင် အဓိကပါဝင်နေသော စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဟောင်းဇေယျာဖြိုးကို ထောင် ၅ နှစ်၊ အောင်ဝင်းထွန်းကို ထောင် ၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

ထိုသို့ အယူခံလျှောက်ထားမှုကို ပြည်ထောင်စုလွှတ်တော်မှ ပယ်ချခဲ့အတွက်သည့် အထူးအယူခံကိုထပ်မံ လျှောက်ထားသွားမည်ဖြစ်ကြောင်းလည်း တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ယင်းအပြင်အမှုတွင် ပါဝင်ပတ်သက်သော တရားခံပြေးအောင်ဝင်းခိုင်မှာ နေပြည်တော်ရှိ ပရဆေးဥယျာဉ်နား၌ ပျောက်ဆုံး သွားခဲ့ပြီး လက်ရှိအချိန်ထိလွတ်မြောက်နေဆဲဖြစ်သည်။

ကိုဖူးသစ်