Unicode
ဇန်နဝါရီ ၉အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်တို့ ပဲ့ထိန်းဒုံးများဖြင့် တိုက်ခိုက်စဉ်အတွင်း အီရန်နိုင်ငံ တီဟီရန် လေဆိပ်အနီး ပျက်ကျခဲ့သော ယူကရိန်လေယာဉ်အား အီရန်တို့က မှားယွင်းစွာဖြင့် ပစ်ချလိုက်လေသလားဟု သံသယရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ကြသပတေးနေ့က ပြောကြားလိုက်သည်။ “ကျွန်တော် သံသယဖြစ်နေတာတွေ ရှိ်တယ်။ အခြားတစ်ဖက်မှာ တစ်ယောက်ယောက်က အမှားတစ်ခုလုပ်ခဲ့တာမျိုး။ လေယာဉ်က သူတို့အနီးနားမှာ ထင်ထင်ရှားရှား ပျံသန်းသွားနေချိန် တစ်ယောက်ယောက်က အမှားတစ်ခုကို လုပ်လိုက်မိတာလားဆိုတာ သံယသရှိတယ်” ဟု ၄င်းက ဆိုသည်။ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ အစောပိုင်းက အီရန်နိုင်ငံ တီဟီရန် နိုင်ငံတကာ လေဆိပ်အနီး ယူကရိန်လေယာဉ် ပျက်ကျခဲ့မှုတွင် လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့သည်။ လန်ဒန်မြို့ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်အဖွဲ့၏ အဆိုအရ တာတိုပစ် ဒုံးကျည်ဖြင့် လေယာဉ်မှ ပစ်ချခံရဖွယ်ရှိကြောင်းနှင့် လေယာဉ်ပျက်ကျခဲ့သည့် နေရာအနီးရှိ ဥယျာဉ်တစ်ခုအတွင်း လက်ကိုင် တာတိုပစ် SA-15 ၏ အစိတ်အပိုင်း တချိ့၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ “အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ တချို့ကတော့ စက်ချွတ်ယွင်းတယ်လို့ ပြောကြတယ်။ ကျွန်တော်အနေနဲ့တော့ မေခွန်းထုတ်ဖို့တော့ မစဉ်းစားထားပါဘူး။ ဒါဟာ တုန်လှုပ်စရာလို့ပဲ ခံစားမိတယ်။ အလွန်ပဲ ကြောက်ရွံထိတ်ဖွယ်ရာ အဖြစ်အပျက်ပါပဲ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ ပျက်ကျခဲ့သော ဘိုရင်း 738-800 လေယာဉ်၏ Black Box အီရန်တို့က ရရှိထားပြီး ယူကရိန်းသို့ လွှဲပေးခြင်း Black Box ရှိ အချက်အလက်များကို ထုတ်ဖော်ခြင်း မရှိသေးသော်လည်း အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သလား ဒါမှမဟုတ် အခြားအကြောင်းကြောင့် ပျက်ကျခဲ့သလားဆိုသည်ကို ယူကရိန်းနှင့် အီရန်တို့က အတိအကျ ပြောဆိုထားခြင်း မရှိသေးပေ။ယူကရိန်းလေယာဉ်သည် အမေရိကန် အခြေစိုက်စခန်းများ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ASRef; washingtontimes<Zawgyi>ယူကရိန်းလေယာဉ်ကို အီရန်တို့ မှားယွင်းစွာ ပစ်ချခဲ့လေသလားဟု ဒေါ်နယ်ထရမ့် သံသယရှိနေဇန်နဝါရီ ၉အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်တို့ ပဲ့ထိန်းဒုံးများဖြင့် တိုက်ခိုက်စဉ်အတွင်း အီရန်နိုင်ငံ တီဟီရန် လေဆိပ်အနီး ပျက်ကျခဲ့သော ယူကရိန်လေယာဉ်အား အီရန်တို့က မှားယွင်းစွာဖြင့် ပစ်ချလိုက်လေသလားဟု သံသယရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ကြသပတေးနေ့က ပြောကြားလိုက်သည်။ “ကျွန်တော် သံသယဖြစ်နေတာတွေ ရှိ်တယ်။ အခြားတစ်ဖက်မှာ တစ်ယောက်ယောက်က အမှားတစ်ခုလုပ်ခဲ့တာမျိုး။ လေယာဉ်က သူတို့အနီးနားမှာ ထင်ထင်ရှားရှား ပျံသန်းသွားနေချိန် တစ်ယောက်ယောက်က အမှားတစ်ခုကို လုပ်လိုက်မိတာလားဆိုတာ သံယသရှိတယ်” ဟု ၄င်းက ဆိုသည်။ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ အစောပိုင်းက အီရန်နိုင်ငံ တီဟီရန် နိုင်ငံတကာ လေဆိပ်အနီး ယူကရိန်လေယာဉ် ပျက်ကျခဲ့မှုတွင် လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့သည်။ လန်ဒန်မြို့ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်အဖွဲ့၏ အဆိုအရ တာတိုပစ် ဒုံးကျည်ဖြင့် လေယာဉ်မှ ပစ်ချခံရဖွယ်ရှိကြောင်းနှင့် လေယာဉ်ပျက်ကျခဲ့သည့် နေရာအနီးရှိ ဥယျာဉ်တစ်ခုအတွင်း လက်ကိုင် တာတိုပစ် SA-15 ၏ အစိတ်အပိုင်းတချိ့၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ “အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ တချို့ကတော့ စက်ချွတ်ယွင်းတယ်လို့ ပြောကြတယ်။ ကျွန်တော်အနေနဲ့တော့ မေခွန်းထုတ်ဖို့တော့ မစဉ်းစားထားပါဘူး။ ဒါဟာ တုန်လှုပ်စရာလို့ပဲ ခံစားမိတယ်။ အလွန်ပဲ ကြောက်ရွံထိတ်ဖွယ်ရာ အဖြစ်အပျက်ပါပဲ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ ပျက်ကျခဲ့သော ဘိုရင်း 738-800 လေယာဉ်၏ Black Box အီရန်တို့က ရရှိထားပြီး ယူကရိန်းသို့ လွှဲပေးခြင်း Black Box ရှိ အချက်အလက်များကို ထုတ်ဖော်ခြင်း မရှိသေးသော်လည်း အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့သလား ဒါမှမဟုတ် အခြားအကြောင်းကြောင့် ပျက်ကျခဲ့သလားဆိုသည်ကို ယူကရိန်းနှင့် အီရန်တို့က အတိအကျ ပြောဆိုထားခြင်း မရှိသေးပေ။ယူကရိန်းလေယာဉ်သည် အမေရိကန် အခြေစိုက်စခန်းများ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ASRef; washingtontimes
0 Comments