


Unicode





မြန်မာနိုင်ငံရဲ့ အရွယ်သုံးပါး ကြားမှာ သီချင်းတွေနဲ့ ခေတ်စားလာတဲ့ အဆိုတော် မနောတစ်ယောက်ကတော့ ပရိသတ်ရဲ့ အထူးချစ်ခင်အလေးထားမှုကို ရရှိထားသူဖြစ်ပါတယ်။ သူရဲ့သီချင်းတွေဟာ ပရိသတ်အကြားမှာ ရေပန်းစားလွန်းလို့ ၁၂ လရာသီ မနောပွဲလို့တောင် တင်စားကြရတဲ့အထိဖြစ်ပါတယ်။



အခုလို နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ မနောရဲ့ ငယ်ဘဝကတော့ အားလုံးထင်မှတ်မထားကြတဲ့ အခြေအနေတစ်ခုပါပဲ။ဒီအကြောင်းကိုလည်း သူကိုယ်တိုင် အင်တာဗျူးမှာ သူ့ရဲ့ဘဝကိုရိုးရှင်းစွာ ချပြထားသူဖြစ်ပါတယ်။



သူက နွားနို့သည်အဖေ ၊ အကြော်သည် အမေကနေ မွေးဖွားခဲ့ပြီးတော့ ဘဝကို ဆိတ်ကျောင်းပြီး ရုန်းကန်ခဲ့ရတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်မျိုးစုံကိုလည်း လုပ်ဖူးသူဖြစ်ပါတယ်။ သူရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံ ဇာတာ ပေးချိန်နဲ့ တိုက်ဆိုင်လို့ အခုတော့နိုင်ငံကျော် အဆိုတော်ကြီး မနော ဖြစ်နေခဲ့ပါပြီနော်။



ဒါကြောင့် မိတ်ဆွေတို့လည်း ငါလုပ်နေတာပဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ အားမလျော့ကြပါနဲ့ ။ အချိန်တန်ရင်တော့ အွေရ့တစ်ခုတော့ ဖြစ်လာမှာပါနော်။