ဆီးေက်ာက္တည္ေရာဂါဟာ ေဝဒနာရွင္ကို မခ်ိမဆံ့ခံစားရၿပီး အလူးအလဲႏွိပ္စက္သည့္ ဆီးေရာဂါတစ္မ်ိဳးျဖစ္သည္။ အရြယ္အစားအမ်ိဳးမ်ိဳးရွိသည့္ ဆီးေက်ာက္မ်ားကို ေက်ာက္ကပ္အတြင္းမွ ခြဲစိတ္ဖယ္ရွားရသည္ထိ ေၾကာက္စရာေကာင္းတဲ့ ေရာဂါျဖစ္ပါတယ္။ ဆီးေက်ာက္တည္ေရာဂါဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ျဖစ္တတ္သည့္ ေရာဂါျဖစ္သည္။

ဆီးေက်ာက္တည္ေဝဒနာရွင္မ်ားအတြက္ သက္သာေပ်ာက္ကင္းေစနိုင္သည့္ အစြမ္းထက္ ျမန္မာ့တိုင္းရင္းေဆးနည္း (၂)နည္းကို ေဖာ္ျပေပးလိုက္ရပါသည္။

ေဆးနည္း (၁) သံမနိုင္ ေက်ာက္မနိုင္နည္း


သံမနိုင္ ေက်ာက္မနိုင္ အပင္သည္ ျမန္မာ့ေဆးက်မ္းတြင္ ေဆးဘက္ဝင္အပင္အျဖစ္ စာရင္းဝင္ၿပီး ခ်ဳပ္ေသာ သတၱိရွိသည္။ ေဖာေယာင္ျခင္း၊ ေသြးဝမ္းသြားျခင္း၊ ဆီးခ်ဳပ္ ေက်ာက္တည္ေရာဂါမ်ားကို ေပ်ာက္ကင္း၍ အနာျပည္ေပါက္ေစနိုင္ေသာ စြမ္းအင္သတၱိရွိေၾကာင္း ေလ့လာသိရွိရသည္။



ေဆးနည္းမွာ ေျမျပင္တြင္ ရွပ္၍ေပါက္ေလ့ရွိေသာ “သံမနိုင္ေက်ာက္မနိုင္” အပင္ကို အျမစ္ပါ ပါေအာင္ ဆြဲႏုတ္ပါ။ ေျမအိုးတြင္ထည့္ကာ သုံးခြက္ တစ္ခြက္တင္က်ိဳပါ။ ထို႔ေနာက္ အရည္မ်ားကို (အဖတ္မပါေအာင္) ေရစစ္နဲ႔ စစ္ၿပီး သံမနိုင္ေက်ာက္မနိုင္ ျပဳတ္ရည္ကို ခဏခဏ ေသာက္ေပးျခင္းျဖင့္ ႏွစ္ရက္အတြင္း ေရာဂါကင္းစင္သက္သာကာ ဆီးေက်ာက္မ်ား အလိုလိုေႂကြက်ၾကမည္။

 

ေဆးနည္း (၂) ဆီးျဖဴသီးနည္း


ဆီးျဖဴသီး၏ ဓာတ္သေဘာမွာ အငန္မွလြဲ၍ အရသာ ငါးပါးစလုံး စုဖြဲ႕တည္ေနျခင္းေၾကာင့္ အရသာတစ္မ်ိဳးျခင္းစီ၏ စြမ္းရည္အလိုက္ အေထြေထြေရာဂါတို႔ကို ေပ်ာက္ကင္းေစနိုင္သည္။ ဆီးျဖဴသီးကို အျခားအရာမ်ားနဲ႔ ေပါင္းစပ္မွီဝဲပါက ဆီးေရာဂါ၊ ေလေအာင့္ေရာဂါ၊ သလိပ္ေရာဂါ အစရွိေသာ ေဝဒနာတို႔ကို ေပ်ာက္ကင္းသက္သာေစသည္။ နာမည္ကိုက "ဆီးျဖဴ" ျဖစ္သျဖင့္ ဆီးနဲ႔ပက္သက္တဲ့ ကိစၥေတြအတြက္ အစြမ္းထက္သည္။



ဆီးေက်ာက္တည္ျခင္းအတြက္ “ဆီးျဖဴသီး” ေဆးနည္းမွာ ဆီးျဖဴသီး ၂၀ က်ပ္သားကို ႏူးေနေအာင္ျပဳတ္ၿပီး အေစ့ထုတ္ပါ။ ထို႔ေနာက္ နႏြင္း(အစစ္) ၁၀ က်ပ္သား၊ ပ်ားရည္ ၁၀ က်ပ္သား တို႔နဲ႔အတူ သုံးမ်ိဳးေရာစပ္ သမေအာင္ေမႊၿပီး တစ္ေန႔လၽွင္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း စားသုံးပါ။ နႏြင္းခါးအရသာကို မႏွစ္သက္သူမ်ားအေနနဲ႔ ပ်ားရည္ကို ပို၍ေရာစပ္နိုင္ပါသည္။

 

ေဆးနည္း (၃) ထိက႐ုံးနည္း

ထိက႐ုံးပင္တြင္ ေအးေသာသတၱိရွိသည္၊ သလိပ္၊ သည္းေျခတို႔ကို ၿငိမ္းေစၿပီး ဆီးေရာဂါ၊ လိပ္ေခါင္းေရာဂါ၊ ေသြးအန္၊ ဝမ္းေရာဂါေတြအတြက္ အထူးေကာင္းသည္။ ထိက႐ုန္းပင္တြင္ ကုန္းထိက႐ုန္း၊ ေရထိက႐ုန္း ဟူ၍ ႏွစ္မ်ိဳးရွိၿပီး ကုန္းထိက႐ုန္းက သာ၍အစြမ္းထက္သည္။



ဆီးေက်ာက္တည္ျခင္းအတြက္ ထိက႐ုန္း ေဆးနည္းမွာ ထိက႐ုန္းပင္ကို အရြက္မွ အျမစ္ထိ ပဥၥငါးပါးစလုံး စင္ၾကယ္ေအာင္ ေဆးေက်ာၿပီး ေရႏွင့္ျပဳတ္ကာ ေရေႏြးၾကမ္းအျဖစ္ ေသာက္သုံးပါက ေက်ာက္ေပ်ာ္ၿပီး ကြဲက်ေႂကြက် ေစသည္။

 

ေဆးနည္း (၄) အုန္းစိမ္းေက်ာက္ခ်ဥ္နည္း

အုန္းသီးစိမ္းတစ္လုံးကို ေဖာက္၍ရလာေသာ အုန္းစိမ္းရည္ထဲသို႔ ေက်ာက္ခ်ဥ္မႈန႔္ကို မန္က်ည္းေစးခန႔္ အရြယ္ေလာက္ ထည့္ၿပီး နာရီဝက္ခန႔္ စိမ္ထားၿပီးေနာက္ ေသာက္သုံးပါ။



အုန္းရည္ေသာက္ၿပီး မ်ားမၾကာမီတြင္ ဆီးသြားခ်င္စိတ္ ျဖစ္လာၿပီး ဆီးနဲ႔အတူ ေက်ာက္ပါ ေႂကြက်လာပါလိမ့္မည္။ မၾကာခဏဆိုသလို အုန္းရည္ေသာက္ေပးပါက လုံးဝသက္သာေပ်ာက္ကင္းသြားနိုင္ပါမည္။

 

မွတ္ခ်က္။  ။ ေရာဂါ၏ အႏုအရင့္ အေျခအေနအလိုက္ တိုင္းရင္းေဆးနည္းမ်ားကို သုံးစြဲရန္ သင့္/မသင့္ နားလည္တတ္ကၽြမ္းသည့္ ဆရာဝန္ႀကီးမ်ားနဲ႔ တိုင္ပင္သင့္ပါေၾကာင္း ထပ္ေလာင္း အႀကံျပဳပါရေစ။



Unicode







ဆီးကျောက်တည်ရောဂါဟာ ဝေဒနာရှင်ကို မချိမဆံ့ခံစားရပြီး အလူးအလဲနှိပ်စက်သည့် ဆီးရောဂါတစ်မျိုးဖြစ်သည်။ အရွယ်အစားအမျိုးမျိုးရှိသည့် ဆီးကျောက်များကို ကျောက်ကပ်အတွင်းမှ ခွဲစိတ်ဖယ်ရှားရသည်ထိ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပါတယ်။ ဆီးကျောက်တည်ရောဂါဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တတ်သည့် ရောဂါဖြစ်သည်။
ဆီးကျောက်တည်ဝေဒနာရှင်များအတွက် သက်သာပျောက်ကင်းစေနိုင်သည့် အစွမ်းထက် မြန်မာ့တိုင်းရင်းဆေးနည်း (၂)နည်းကို ဖော်ပြပေးလိုက်ရပါသည်။

ဆေးနည်း (၁) သံမနိုင် ကျောက်မနိုင်နည်း

သံမနိုင် ကျောက်မနိုင် အပင်သည် မြန်မာ့ဆေးကျမ်းတွင် ဆေးဘက်ဝင်အပင်အဖြစ် စာရင်းဝင်ပြီး ချုပ်သော သတ္တိရှိသည်။ ဖောယောင်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ် ကျောက်တည်ရောဂါများကို ပျောက်ကင်း၍ အနာပြည်ပေါက်စေနိုင်သော စွမ်းအင်သတ္တိရှိကြောင်း လေ့လာသိရှိရသည်။
ဆေးနည်းမှာ မြေပြင်တွင် ရှပ်၍ပေါက်လေ့ရှိသော “သံမနိုင်ကျောက်မနိုင်” အပင်ကို အမြစ်ပါ ပါအောင် ဆွဲနုတ်ပါ။ မြေအိုးတွင်ထည့်ကာ သုံးခွက် တစ်ခွက်တင်ကျိုပါ။ ထို့နောက် အရည်များကို (အဖတ်မပါအောင်) ရေစစ်နဲ့ စစ်ပြီး သံမနိုင်ကျောက်မနိုင် ပြုတ်ရည်ကို ခဏခဏ သောက်ပေးခြင်းဖြင့် နှစ်ရက်အတွင်း ရောဂါကင်းစင်သက်သာကာ ဆီးကျောက်များ အလိုလိုကြွေကျကြမည်။

ဆေးနည်း (၂) ဆီးဖြူသီးနည်း

ဆီးဖြူသီး၏ ဓာတ်သဘောမှာ အငန်မှလွဲ၍ အရသာ ငါးပါးစလုံး စုဖွဲ့တည်နေခြင်းကြောင့် အရသာတစ်မျိုးခြင်းစီ၏ စွမ်းရည်အလိုက် အထွေထွေရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ ဆီးဖြူသီးကို အခြားအရာများနဲ့ ပေါင်းစပ်မှီဝဲပါက ဆီးရောဂါ၊ လေအောင့်ရောဂါ၊ သလိပ်ရောဂါ အစရှိသော ဝေဒနာတို့ကို ပျောက်ကင်းသက်သာစေသည်။ နာမည်ကိုက "ဆီးဖြူ" ဖြစ်သဖြင့် ဆီးနဲ့ပက်သက်တဲ့ ကိစ္စတွေအတွက် အစွမ်းထက်သည်။
ဆီးကျောက်တည်ခြင်းအတွက် “ဆီးဖြူသီး” ဆေးနည်းမှာ ဆီးဖြူသီး ၂၀ ကျပ်သားကို နူးနေအောင်ပြုတ်ပြီး အစေ့ထုတ်ပါ။ ထို့နောက် နနွင်း(အစစ်) ၁၀ ကျပ်သား၊ ပျားရည် ၁၀ ကျပ်သား တို့နဲ့အတူ သုံးမျိုးရောစပ် သမအောင်မွှေပြီး တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း စားသုံးပါ။ နနွင်းခါးအရသာကို မနှစ်သက်သူများအနေနဲ့ ပျားရည်ကို ပို၍ရောစပ်နိုင်ပါသည်။

ဆေးနည်း (၃) ထိကရုံးနည်း

ထိကရုံးပင်တွင် အေးသောသတ္တိရှိသည်၊ သလိပ်၊ သည်းခြေတို့ကို ငြိမ်းစေပြီး ဆီးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးအန်၊ ဝမ်းရောဂါတွေအတွက် အထူးကောင်းသည်။ ထိကရုန်းပင်တွင် ကုန်းထိကရုန်း၊ ရေထိကရုန်း ဟူ၍ နှစ်မျိုးရှိပြီး ကုန်းထိကရုန်းက သာ၍အစွမ်းထက်သည်။
ဆီးကျောက်တည်ခြင်းအတွက် ထိကရုန်း ဆေးနည်းမှာ ထိကရုန်းပင်ကို အရွက်မှ အမြစ်ထိ ပဉ္စငါးပါးစလုံး စင်ကြယ်အောင် ဆေးကျောပြီး ရေနှင့်ပြုတ်ကာ ရေနွေးကြမ်းအဖြစ် သောက်သုံးပါက ကျောက်ပျော်ပြီး ကွဲကျကြွေကျ စေသည်။

ဆေးနည်း (၄) အုန်းစိမ်းကျောက်ချဉ်နည်း

အုန်းသီးစိမ်းတစ်လုံးကို ဖောက်၍ရလာသော အုန်းစိမ်းရည်ထဲသို့ ကျောက်ချဉ်မှုန့်ကို မန်ကျည်းစေးခန့် အရွယ်လောက် ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးနောက် သောက်သုံးပါ။
အုန်းရည်သောက်ပြီး များမကြာမီတွင် ဆီးသွားချင်စိတ် ဖြစ်လာပြီး ဆီးနဲ့အတူ ကျောက်ပါ ကြွေကျလာပါလိမ့်မည်။ မကြာခဏဆိုသလို အုန်းရည်သောက်ပေးပါက လုံးဝသက်သာပျောက်ကင်းသွားနိုင်ပါမည်။

မှတ်ချက်။  ။ ရောဂါ၏ အနုအရင့် အခြေအနေအလိုက် တိုင်းရင်းဆေးနည်းများကို သုံးစွဲရန် သင့်/မသင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါကြောင်း ထပ်လောင်း အကြံပြုပါရစေ။