ကၽြန္ေတာ္တို႔ ေန႔စဥ္နဲ႔အမၽွ လႈပ္ရွားသြားလာေနရတဲ့ ဘဝႀကီးမွာ ဦးေႏွာက္ရဲ့ အေတြးအေခၚ အက်ိဳးျပဳမႈေတြက တစ္စိတ္တစ္ပိုင္းပါဝင္လို႔ေနပါတယ္။ မ်ားေသာအားျဖင့္ ဦးေႏွာက္နဲ႔ အလုပ္လုပ္ၾကရတဲ့ ဒီေခတ္ႀကီးမွာ မၾကာခဏ ေမ့ေနတာမ်ိဳးေတြ မွတ္ဉာဏ္အားနည္းတာမ်ိဳးေတြဟာ ေန႔စဥ္လုပ္ငန္းေဆာင္တာ ကိစၥရပ္ေတြကို ေႏွာင့္ေႏွးၾကန႔္ၾကာေစပါတယ္။ ဒီလိုေႏွာင့္ေႏွးေစရတဲ့ အေၾကာင္းအရာေတြက ဘာျဖစ္မလဲ? သင္ေန႔စဥ္စားသုံးေလ့ရွိတဲ့ အစားအစာေတြကိုေရာ ဆန္းစစ္ၿပီးၿပီလား? ဒီမွာ ဦးေႏွာက္မွတ္ဉာဏ္ေကာင္းေစဖို႔ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာေတြကို ေဝမၽွေပးလိုက္ပါတယ္။

၁။ ဘီစကစ္


ဘီစကစ္လို အသင့္စား အစားအစာေတြဟာ အဆီပါဝင္မႈႏႈန္းမ်ားၿပီး သၾကားဓာတ္ပါဝင္မႈ မ်ားျပားတာေၾကာင့္ ဦးေႏွာက္ရဲ့ လုပ္ငန္းေဆာင္တာအခ်ိဳ႕ကို ေႏွာင့္ေႏွးေစပါတယ္။ ဒါေၾကာင့္ ဘီစကစ္ႀကိဳက္တယ္ဆိုရင္ အရင္ကထက္ေလ်ာ့စားဖို႔ လိုေနပါၿပီ။
၂။ အခ်ိဳရည္မ်ား


အခ်ိဳရည္ဆိုတာနဲ႔ အားျဖည့္အခ်ိဳရည္၊ အသီးေဖ်ာ္ရည္၊ ဓာတုျဖင့္ျပဳလုပ္ထားတဲ့ အသီးအရသာ ေဖ်ာ္ရည္ဘူးမ်ား အစရွိသည္တို႔မွာ သၾကားဓာတ္ပါဝင္မႈမ်ားၿပီး ေသြးဖိအားကို ျမႇင့္တက္ေစတာေၾကာင့္ ဦးေႏွာက္လုပ္ငန္းေဆာင္တာေတြ မူမမွန္တာမ်ိဳးျဖစ္တတ္ပါတယ္။
၃။ ေပါင္မုန႔္၊ ကိတ္မုန႔္မ်ား


ကာဗိုဟိုက္ဒရိတ္ ပါဝင္မႈႏႈန္းမ်ားတဲ့ ေပါင္မုန႔္ကိတ္မုန႔္ေတြဟာလဲ ျပည့္ဝကစီဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဦးေႏွာက္ကို ေလးလံထိုင္းမိုင္းေစပါတယ္။
၄။ ပီဇာ၊ ဟမ္ဘာဂါ


အသင့္စား အစားအစာမ်ားျဖစ္တဲ့ ပီဇာ၊ ဟမ္ဘာဂါတို႔ဟာ ဆိုရင္ အသီးအရြက္မ်ားပါဝင္ေပမယ့္ စားသုံးၿပီး ခႏၶာကိုယ္ထဲေရာက္ရွိသြား ပါဝင္တဲ့ အာဟာရဓာတ္ေတြအကုန္ သၾကားဓာတ္အျဖစ္ ေျပာင္းလဲခံလိုက္ရတာေၾကာင့္ ဦးေႏွာက္မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈ ျဖစ္ေစဖို႔ဦးတည္ေနပါတယ္။
၅။ အရက္


အရက္ဟာ ဦးေႏွာက္နဲ႔ တျခားေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ဆက္သြယ္ဖို႔ အေႏွာင့္အယွက္ေပးပါလိမ့္မယ္။ ဒါ့အျပင္အရက္ အလြန္အကၽြံေသာက္သူေတြဟာမွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း၊ စိတ္ ကစဉ့္ကလ်ားျဖစ္ျခင္း၊ အျမင္အာ႐ုံမၾကည္လင္ျခင္း အစရွိတဲ့ ေရာဂါေဝဒနာကိုခံစားရမွာပဲျဖစ္ပါတယ္။
Source-organicwelcome
(ပိုပိုေလး)





Unicode






ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ ရှောင်ကြဉ်သင့်တဲ့အစားအစာများ








ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေရတဲ့ ဘဝကြီးမှာ ဦးနှောက်ရဲ့ အတွေးအခေါ် အကျိုးပြုမှုတွေက တစ်စိတ်တစ်ပိုင်းပါဝင်လို့နေပါတယ်။ များသောအားဖြင့် ဦးနှောက်နဲ့ အလုပ်လုပ်ကြရတဲ့ ဒီခေတ်ကြီးမှာ မကြာခဏ မေ့နေတာမျိုးတွေ မှတ်ဉာဏ်အားနည်းတာမျိုးတွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာ ကိစ္စရပ်တွေကို နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒီလိုနှောင့်နှေးစေရတဲ့ အကြောင်းအရာတွေက ဘာဖြစ်မလဲ? သင်နေ့စဉ်စားသုံးလေ့ရှိတဲ့ အစားအစာတွေကိုရော ဆန်းစစ်ပြီးပြီလား? ဒီမှာ ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ဘီစကစ်

ဘီစကစ်လို အသင့်စား အစားအစာတွေဟာ အဆီပါဝင်မှုနှုန်းများပြီး သကြားဓာတ်ပါဝင်မှု များပြားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာအချို့ကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ဘီစကစ်ကြိုက်တယ်ဆိုရင် အရင်ကထက်လျော့စားဖို့ လိုနေပါပြီ။

၂။ အချိုရည်များ

အချိုရည်ဆိုတာနဲ့ အားဖြည့်အချိုရည်၊ အသီးဖျော်ရည်၊ ဓာတုဖြင့်ပြုလုပ်ထားတဲ့ အသီးအရသာ ဖျော်ရည်ဘူးများ အစရှိသည်တို့မှာ သကြားဓာတ်ပါဝင်မှုများပြီး သွေးဖိအားကို မြှင့်တက်စေတာကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေ မူမမှန်တာမျိုးဖြစ်တတ်ပါတယ်။

၃။ ပေါင်မုန့်၊ ကိတ်မုန့်များ

ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနှုန်းများတဲ့ ပေါင်မုန့်ကိတ်မုန့်တွေဟာလဲ ပြည့်ဝကစီဓာတ်များစွာ ပါဝင်တာကြောင့် ဦးနှောက်ကို လေးလံထိုင်းမိုင်းစေပါတယ်။

၄။ ပီဇာ၊ ဟမ်ဘာဂါ

အသင့်စား အစားအစာများဖြစ်တဲ့ ပီဇာ၊ ဟမ်ဘာဂါတို့ဟာ ဆိုရင် အသီးအရွက်များပါဝင်ပေမယ့် စားသုံးပြီး ခန္ဓာကိုယ်ထဲရောက်ရှိသွား ပါဝင်တဲ့ အာဟာရဓာတ်တွေအကုန် သကြားဓာတ်အဖြစ် ပြောင်းလဲခံလိုက်ရတာကြောင့် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်စေဖို့ဦးတည်နေပါတယ်။

၅။ အရက်

အရက်ဟာ ဦးနှောက်နဲ့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆက်သွယ်ဖို့ အနှောင့်အယှက်ပေးပါလိမ့်မယ်။ ဒါ့အပြင်အရက် အလွန်အကျွံသောက်သူတွေဟာမှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ် ကစဉ့်ကလျားဖြစ်ခြင်း၊ အမြင်အာရုံမကြည်လင်ခြင်း အစရှိတဲ့ ရောဂါဝေဒနာကိုခံစားရမှာပဲဖြစ်ပါတယ်။
Source-organicwelcome
(ပိုပိုလေး)