လူ ၃ ဦး ေသဆုံးၿပီး ၄ ဦး ဒဏ္ရာရွိခဲ့သည့္ ထိုင္းနိုင္ငံ ေရာ္ဘန္စင္ကုန္တိုက္ ေရႊဆိုင္ဓါးျပတိုက္မႈမွ လူသတ္သမားဟာ စစ္မႈထမ္းေဟာင္းျဖစ္နိုင္ေၾကာင္း ယူဆခ်က္နဲ႔အတူ စုံစမ္းစစ္ေဆးေရးအဖြဲ႕မွ ပစ္မွတ္ထား စုံစမ္းေနေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖာ္ျပထားသည္။
အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္အရ အဆိုပါအမႈအတြက္ စုံစမ္းစစ္ေဆးေရးအဖြဲနဲ႔ အေရးေပၚအစည္းအေဝး ျပဳလုပ္ရန္ ရဲခ်ဳပ္ႀကီး ခ်က္သစ္ပ္ ခ်ိဳင္ဂ်င္ဒါ က ေလာ့ဘူရီသို႔ တနဂၤေႏြေန႔က ထြက္ခြာသြားေၾကာင္း သိရသည္။
ေနာက္ထပ္သတင္းရင္းျမစ္တစ္ခုအရ ရဲေတြဟာ အသက္ ၃၅ နဲ႔ ၄၀ ၾကား အရပ္ ၅’ ၄” ကေန ၅’ ၅“ ရွိၿပီး ေသနတ္အပိုင္အတြယ္ ကၽြမ္းက်င္သူ အမ်ိဳးသားကို ေထာက္လွမ္းရွာေဖြေနေၾကာင္း သိရသည္။
မီဒီယာမ်ားနဲ႔ အင္တာဗ်ဴးမွာ ဒုရဲခ်ဳပ္ ပိုလ္ဂန္ ဆူခ်တ္ တီရာဆာဝပ္ က ေလာ့ဘူရီခရိင္အတြင္း လိုင္စင္နဲ႔ေသနတ္ကိုင္ေဆာင္သူမ်ားကို စစ္ေဆးသြားမည္ျဖစ္ၿပီး လူသတ္တရားခံကို ရွာေတြ႕နိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဆိုပါခရိုင္မွာ လိုင္စင္နဲ႔ ေသနတ္ကိုင္ေဆာင္သူ ၃၀၀ ဝန္းက်င္ရွိေၾကာင္း သိရသည္။
ဓါးျပဟာ စုစုေပါင္း ေသနတ္ ၁၃ ခ်က္ ပစ္ေဖာက္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး ေသနတ္ကို ယု႔ၾကည္ခ်က္ရွိရွိ က်င္လည္စြာ ပစ္ခတ္တတ္သူျဖစ္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။
အမႈကို ရွာေဖြေဖာ္ထုတ္နိုင္ရန္ ရဲအင္အားကို တိုးျမႇင့္ခ်ထားၿပီး အခ်ိဳ႕ေသာ ေဆြးေႏြးမႈေတြကိုေတာ့ အေသးစိတ္ မသိရွိရပါ။ တရားခံဟာ ေသနတ္ပစ္ အားကစား အေျခခံရွိထားသူလည္း ျဖစ္နိုင္ေၾကာင္း ဒုရဲခ်ဳပ္က ေျပာၾကားခဲ့သည္။ ဒါ့အျပင္ အခင္းျဖစ္တဲ့အခ်ိန္က ဓါးျပကဲ့သို႔ ဝတ္ထားဆင္ယင္သူ မည္သူမဆို နစ္နာဆုံးရႈံးခဲ့သူေတြရဲ့ စိတ္ပိုင္ဆိုင္ရာကို ထိခိုက္ေစနိုင္ေၾကာင္း သတိေပးေျပာဆိုခဲ့သည္။
ဓါးျပကိုင္ေဆာင္ခဲ့သည့္ ေသနတ္၊ အသံတိတ္ ဆိုင္လန္ဆာ တို႔နဲ႔ ပက္သက္ၿပီး လက္နက္ကၽြမ္းက်င္သူေတြနဲ႔ ပူေပါင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဓါးျပတိုက္ခံခဲ့ရတဲ့ ‘မိုးေသာက္ပန္း’ ေရႊဆိုင္ကေတာ့ ယေန႔မွာ ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ေနၿပီး အခင္ျဖစ္ပြားခဲ့တဲ့ေနရာမွာပဲ အေစာင့္အၾကပ္လုံျခဳံေရးေတြ ခ်ထားတာကို ေတြ႕ရပါတယ္။ ဓါးျပတိုက္ခံရမႈေၾကာင့္ ဘတ္ ၆၃၅,၀၀၀ တန္ဖိုးရွိ ေရႊနဲ႔ လက္ဝတ္ရတနာမ်ား ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
Unicode
လူ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရှိခဲ့သည့် ထိုင်းနိုင်ငံ ရော်ဘန်စင်ကုန်တိုက် ရွှေဆိုင်ဓါးပြတိုက်မှုမှ လူသတ်သမားဟာ စစ်မှုထမ်းဟောင်းဖြစ်နိုင်ကြောင်း ယူဆချက်နဲ့အတူ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပစ်မှတ်ထား စုံစမ်းနေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်အရ အဆိုပါအမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲနဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန် ရဲချုပ်ကြီး ချက်သစ်ပ် ချိုင်ဂျင်ဒါ က လော့ဘူရီသို့ တနင်္ဂနွေနေ့က ထွက်ခွာသွားကြောင်း သိရသည်။
နောက်ထပ်သတင်းရင်းမြစ်တစ်ခုအရ ရဲတွေဟာ အသက် ၃၅ နဲ့ ၄၀ ကြား အရပ် ၅’ ၄” ကနေ ၅’ ၅“ ရှိပြီး သေနတ်အပိုင်အတွယ် ကျွမ်းကျင်သူ အမျိုးသားကို ထောက်လှမ်းရှာဖွေနေကြောင်း သိရသည်။
မီဒီယာများနဲ့ အင်တာဗျူးမှာ ဒုရဲချုပ် ပိုလ်ဂန် ဆူချတ် တီရာဆာဝပ် က လော့ဘူရီခရိင်အတွင်း လိုင်စင်နဲ့သေနတ်ကိုင်ဆောင်သူများကို စစ်ဆေးသွားမည်ဖြစ်ပြီး လူသတ်တရားခံကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါခရိုင်မှာ လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်သူ ၃၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ဓါးပြဟာ စုစုပေါင်း သေနတ် ၁၃ ချက် ပစ်ဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သေနတ်ကို ယု့ကြည်ချက်ရှိရှိ ကျင်လည်စွာ ပစ်ခတ်တတ်သူဖြစ်တာကိုလည်း တွေ့ခဲ့ရပါတယ်။
အမှုကို ရှာဖွေဖော်ထုတ်နိုင်ရန် ရဲအင်အားကို တိုးမြှင့်ချထားပြီး အချို့သော ဆွေးနွေးမှုတွေကိုတော့ အသေးစိတ် မသိရှိရပါ။ တရားခံဟာ သေနတ်ပစ် အားကစား အခြေခံရှိထားသူလည်း ဖြစ်နိုင်ကြောင်း ဒုရဲချုပ်က ပြောကြားခဲ့သည်။ ဒါ့အပြင် အခင်းဖြစ်တဲ့အချိန်က ဓါးပြကဲ့သို့ ဝတ်ထားဆင်ယင်သူ မည်သူမဆို နစ်နာဆုံးရှုံးခဲ့သူတွေရဲ့ စိတ်ပိုင်ဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။
ဓါးပြကိုင်ဆောင်ခဲ့သည့် သေနတ်၊ အသံတိတ် ဆိုင်လန်ဆာ တို့နဲ့ ပက်သက်ပြီး လက်နက်ကျွမ်းကျင်သူတွေနဲ့ ပူပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ဓါးပြတိုက်ခံခဲ့ရတဲ့ ‘မိုးသောက်ပန်း’ ရွှေဆိုင်ကတော့ ယနေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီး အခင်ဖြစ်ပွားခဲ့တဲ့နေရာမှာပဲ အစောင့်အကြပ်လုံခြုံရေးတွေ ချထားတာကို တွေ့ရပါတယ်။ ဓါးပြတိုက်ခံရမှုကြောင့် ဘတ် ၆၃၅,၀၀၀ တန်ဖိုးရှိ ရွှေနဲ့ လက်ဝတ်ရတနာများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
0 Comments