ဇန္နဝါရီ ၈ ရက္ မနက္အေစာပိုင္းမွာ တဟီရန္ ၿမိဳ႕ေတာ္ကေန ပ်ံတက္သြားတဲ့ ယူကရိန္း ႏိုင္ငံတကာ ေလေၾကာင္း ခရီးစဥ္အမွတ္ ၇၅၂ ကို ရည္႐ြယ္ခ်က္ မပါဘဲ မွားယြင္း ပစ္ခ်လိုက္မိတယ္လို႔ အီရန္ အစိုးရ မီဒီယာက အတည္ျပဳ ေၾကညာသြားပါတယ္။ယူကရိန္း ခရီးသည္တင္ ေလယာဥ္ကို မွားယြင္းၿပီး ပစ္ခ်လိုက္မိေၾကာင္း အီရန္က အတည္ျပဳ ဝန္ခံလိုက္ၿပီ ျဖစ္ပါတယ္။
Image result for UAI Crash
ဇန္နဝါရီ ၈ ရက္ မနက္အေစာပိုင္းမွာ တဟီရန္ ၿမိဳ႕ေတာ္ကေန ပ်ံတက္သြားတဲ့ ယူကရိန္း ႏိုင္ငံတကာ ေလေၾကာင္း ခရီးစဥ္အမွတ္ ၇၅၂ ကို ရည္႐ြယ္ခ်က္ မပါဘဲ မွားယြင္း ပစ္ခ်လိုက္မိတယ္လို႔ အီရန္ အစိုးရ မီဒီယာက အတည္ျပဳ ေၾကညာသြားပါတယ္။
ဇန္နဝါရီ ၁၁ ရက္မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္အရ လူ႔အမွား တစ္ခုေၾကာင့္ အခုလို အေျခအေနဆိုးမ်ိဳး ႀကဳံေတြ႕သြားတာလို႔ ေဖာ္ျပထားပါတယ္။ အီရန္ ေလေၾကာင္း ပို႔ေဆာင္ေရး တာဝန္ရွိသူေတြဟာ ဇန္နဝါရီ ၁၀ ရက္ ညပိုင္းထိ ယူကရိန္း ေလယာဥ္ကို အီရန္ဒုံးက်ည္ ထိမွန္ခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ အစဥ္တစိုက္ ျငင္းဆိုေနခဲ့ပါေသးတယ္။
Image result for UAI Crash
ဒီေလယာဥ္ ပ်က္က်မႈမွာ စုစုေပါင္း လူ ၁၇၆ ဦး အသက္ဆုံးရႈံးခဲ့ပါတယ္။ အီရန္နဲ႔ အေမရိကန္တို႔ၾကား ဆက္ဆံေရး တင္းမာမႈ အျမင့္ဆုံး ျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ အခုလို မေတာ္တဆ မွားယြင္းမႈ ေပၚေပါက္ခဲ့တာပါ။
အီရန္စစ္ဘက္ရဲ႕ အဆိုအရ တမင္ ရည္႐ြယ္တာမ်ိဳး လုံးဝ မရွိဘဲ လူပုဂၢိဳလ္ေတြရဲ႕ မွားယြင္းဆုံးျဖတ္ခ်က္နဲ႔ ေလယာဥ္ကို ပစ္ခ်မိခဲ့တာလို႔ သိရပါတယ္။ အေမရိကန္ အစိုးရ အရာရွိ တခ်ိဳ႕က အီရန္ဟာ ႐ုရွားလုပ္ ဒုံးက်ည္ႏွစ္စင္းနဲ႔ ေလယာဥ္ကို ပစ္ခ်ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ အေစာပိုင္း ကတည္းက ထင္ေၾကးေပးထားၿပီးသားပါ။ အီရန္က အခုအမွားအယြင္း ျဖစ္စဥ္ကို တရားဝင္ ဝန္ခံလိုက္တဲ့ေနာက္ ယူကရိန္း အပါအဝင္ ေလယာဥ္ ပ်က္က်မႈမွာ ႏိုင္ငံသားေတြ အသက္ေသဆုံးခဲ့ရတဲ့ ႏိုင္ငံအစိုးရေတြရဲ႕ ဖိအားေပး တုံ႔ျပန္မႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ ရွိေနပါတယ္။
Image result for UAI Crash
ဆဲဗင္းေဒး



Unicode






ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့တော်ကနေ ပျံတက်သွားတဲ့ ယူကရိန်း နိုင်ငံတကာ လေကြောင်း ခရီးစဉ်အမှတ် ၇၅၂ ကို ရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိတယ်လို့ အီရန် အစိုးရ မီဒီယာက အတည်ပြု ကြေညာသွားပါတယ်။ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းပြီး ပစ်ချလိုက်မိကြောင်း အီရန်က အတည်ပြု ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။

Image result for UAI Crash

ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့တော်ကနေ ပျံတက်သွားတဲ့ ယူကရိန်း နိုင်ငံတကာ လေကြောင်း ခရီးစဉ်အမှတ် ၇၅၂ ကို ရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိတယ်လို့ အီရန် အစိုးရ မီဒီယာက အတည်ပြု ကြေညာသွားပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ လူ့အမှား တစ်ခုကြောင့် အခုလို အခြေအနေဆိုးမျိုး ကြုံတွေ့သွားတာလို့ ဖော်ပြထားပါတယ်။ အီရန် လေကြောင်း ပို့ဆောင်ရေး တာဝန်ရှိသူတွေဟာ ဇန်နဝါရီ ၁၀ ရက် ညပိုင်းထိ ယူကရိန်း လေယာဉ်ကို အီရန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါသေးတယ်။

Image result for UAI Crash

ဒီလေယာဉ် ပျက်ကျမှုမှာ စုစုပေါင်း လူ ၁၇၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ဖြစ်နေတဲ့ အချိန်မျိုးမှာ အခုလို မတော်တဆ မှားယွင်းမှု ပေါ်ပေါက်ခဲ့တာပါ။

အီရန်စစ်ဘက်ရဲ့ အဆိုအရ တမင် ရည်ရွယ်တာမျိုး လုံးဝ မရှိဘဲ လူပုဂ္ဂိုလ်တွေရဲ့ မှားယွင်းဆုံးဖြတ်ချက်နဲ့ လေယာဉ်ကို ပစ်ချမိခဲ့တာလို့ သိရပါတယ်။ အမေရိကန် အစိုးရ အရာရှိ တချို့က အီရန်ဟာ ရုရှားလုပ် ဒုံးကျည်နှစ်စင်းနဲ့ လေယာဉ်ကို ပစ်ချခဲ့တာ ဖြစ်နိုင်တယ်လို့ အစောပိုင်း ကတည်းက ထင်ကြေးပေးထားပြီးသားပါ။ အီရန်က အခုအမှားအယွင်း ဖြစ်စဉ်ကို တရားဝင် ဝန်ခံလိုက်တဲ့နောက် ယူကရိန်း အပါအဝင် လေယာဉ် ပျက်ကျမှုမှာ နိုင်ငံသားတွေ အသက်သေဆုံးခဲ့ရတဲ့ နိုင်ငံအစိုးရတွေရဲ့ ဖိအားပေး တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Image result for UAI Crash

ဆဲဗင်းဒေး