






မိုမိုလေး
Unicode
ပန်းနုသွေး”ဇာတ်လမ်းတွဲထဲမှာ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အခုဆိုရင် အောင်မြင်မှုတွေများစွာ ရရှိနေပြီဖြစ်တဲ့ မင်းသမီးဖြစ်နေပါပြီ။ လတ်တလောမှာတော့ မေမြင့်မိုရ်က နယ်မြို့လေးမှာ တာဝန်ကျနေတဲ့ ဒေါက်တာမလေးအသွင်နဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ မေမြင့်မိုရ်ကတော့ ဂျူတီကုတ်လေးနဲ့ အရမ်းကို လှရက်လွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ဂျူတီကုတ်အဖြူရောင်လေးနဲ့ လှရက်လွန်းနေတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေမြင့်မိုရ်ကတော့ “တာဝန်ကျရာ မြို့လေးမှာ 👩🏻⚕️💜” တာဝန်ကျရာမြို့လေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမလေးအသွင်နဲ့ ရိုက်ကူးထားတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ဒီဒေါက်တာမလေးကို ချစ်လိုက်တာနော်…။
မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး၊ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲအသစ်တွေလည်း မကြာခင် ပရိသတ်တွေ ကြည့်ရှုကြရတော့မှာပါ။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီး လှရက်လွန်းလာတဲ့ မေမြင့်မိုရ်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
မိုမိုလေး
0 Comments