
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ျပင္ျဖဴေမာ္ရပ္ကြက္မွာ ဇန္နဝါရီ ၁၀ ရက္ေန႔ ေန႔လယ္ပိုင္းက အသက္ ၇ ႏွစ္အ႐ြယ္ ကေလးငယ္တဦးအား ႐ိုက္ႏွက္အဓမၼျပဳက်င့္မႈနဲ႔ အမ်ိဳးသား ၂ ဦးအား ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ကေလးငယ္ကို ေရလုပ္ငန္းလုပ္ကိုင္တဲ့ အမ်ိဳးသား ၂ ဦးက ျပင္ျဖဴေမာ္ရပ္ကြက္ကိုသြားတဲ့ တာေဘာင္ေဘးရွိ ခ်ဳံပုတ္အတြင္း ႐ိုက္ႏွက္ကာ အဓမၼျပဳက်င့္ခဲ့မႈ ျဖစ္ပြားခဲ့တာပါ။

ျဖစ္စဥ္မွာ အဆိုပါကေလးငယ္အား မိခင္ျဖစ္သူက ေနအိမ္မွာ တဦးတည္းထားခဲ့ၿပီး ငါးဝယ္ဖို႔ ဂူတာျပင္ပိုက္ဆိပ္ကို သြားေရာက္စဥ္ အိမ္နားနီးခ်င္းေနသူ ကိုသက္ပိုင္စိုး လိုက္လာကာ ကေလးငယ္အား ကိုေဇာ္မ်ိဳးေနာင္(ခ)ေမာင္ႀကီးနဲ႔ ကိုႏိုင္မင္းထြန္းတို႔ အဓမၼျပဳက်င့္ခဲ့တာေၾကာင့္ ဒဏ္ရာေတြ ရရွိသြားၿပီး ေက်ာက္ျဖဴေဆး႐ုံ ပို႔ေဆာင္လိုက္ရေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။
ေက်ာက္ျဖဴေဆး႐ုံမွာ ကေလးငယ္အား သြားေရာက္ၾကည့္ရႈရာ ဝဲမ်က္ခုံးပြန္းပဲ့ဒဏ္ရာ တခ်က္၊ အထက္ႏႈတ္ခမ္းဝဲဘက္ျခမ္း ေပါက္ၿပဲဒဏ္ရာတခ်က္၊ ယာလက္ဖဝါး ေပါက္ၿပဲဒဏ္ရာတခ်က္၊ ႏွာေခါင္းဖူးေရာင္ ဒဏ္ရာတခ်က္၊ ဝဲမ်က္လုံးဖူးေရာင္ ဒဏ္ရာ ရွိထားတာကို ေတြ႕ရွိရတာေၾကာင့္ သမီးျဖစ္သူအား အဓမၼျပဳက်င့္သူ ၂ ဦးကို အေရးယူေပးဖို႔ မိခင္ျဖစ္သူက တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာပါ။
ေက်ာက္ျဖဴရဲစခန္း ဒုရဲမႉး ေက်ာ္ေဇာက “သက္ငယ္မုဒိမ္းမႈနဲ႔ အမႈဖြင့္ထားတယ္၊ တရားခံေတြကေတာ့ ေဇာ္မ်ိဳးေနာင္(ခ)ေမာင္ႀကီးနဲ႔ ႏိုင္မင္းထြန္းတို႔ ႏွစ္ေယာက္ပဲ၊ စစ္ေဆးေနဆဲပါ” လို႔ ေျပာပါတယ္။
အဆိုပါကေလးငယ္ အဓမၼျပဳက်င့္ခံရတာကို မိသားစုဝင္ေတြနဲ႔ ေဒသခံအခ်ိဳ႕ သိရွိခဲ့ၾကၿပီးေနာက္ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းကို လာေရာက္ၿပီး ျပစ္မႈက်ဴးလြန္သူေတြအား ထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ဆူပူမႈအနည္းငယ္ျဖစ္ပြားခဲ့ၿပီး တာဝန္ရွိသူေတြက လာေရာက္ ေဖ်ာင္းဖ်ေျဖရွင္းခဲ့ရတယ္လို႔ သိရပါတယ္။
ဒီဗြီဘီ
Unicode
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးအား ရိုက်နှက်အဓမ္မပြုကျင့်မှုနဲ့ အမျိုးသား ၂ ဦးအား ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ကို ရေလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၂ ဦးက ပြင်ဖြူမော်ရပ်ကွက်ကိုသွားတဲ့ တာဘောင်ဘေးရှိ ချုံပုတ်အတွင်း ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့တာပါ။
Image result for ကျောက်ဖြူမြို့
ဖြစ်စဉ်မှာ အဆိုပါကလေးငယ်အား မိခင်ဖြစ်သူက နေအိမ်မှာ တဦးတည်းထားခဲ့ပြီး ငါးဝယ်ဖို့ ဂူတာပြင်ပိုက်ဆိပ်ကို သွားရောက်စဉ် အိမ်နားနီးချင်းနေသူ ကိုသက်ပိုင်စိုး လိုက်လာကာ ကလေးငယ်အား ကိုဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ ကိုနိုင်မင်းထွန်းတို့ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဒဏ်ရာတွေ ရရှိသွားပြီး ကျောက်ဖြူဆေးရုံ ပို့ဆောင်လိုက်ရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူဆေးရုံမှာ ကလေးငယ်အား သွားရောက်ကြည့်ရှုရာ ဝဲမျက်ခုံးပွန်းပဲ့ဒဏ်ရာ တချက်၊ အထက်နှုတ်ခမ်းဝဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာတချက်၊ ယာလက်ဖဝါး ပေါက်ပြဲဒဏ်ရာတချက်၊ နှာခေါင်းဖူးရောင် ဒဏ်ရာတချက်၊ ဝဲမျက်လုံးဖူးရောင် ဒဏ်ရာ ရှိထားတာကို တွေ့ရှိရတာကြောင့် သမီးဖြစ်သူအား အဓမ္မပြုကျင့်သူ ၂ ဦးကို အရေးယူပေးဖို့ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။
ကျောက်ဖြူရဲစခန်း ဒုရဲမှူး ကျော်ဇောက “သက်ငယ်မုဒိမ်းမှုနဲ့ အမှုဖွင့်ထားတယ်၊ တရားခံတွေကတော့ ဇော်မျိုးနောင်(ခ)မောင်ကြီးနဲ့ နိုင်မင်းထွန်းတို့ နှစ်ယောက်ပဲ၊ စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
အဆိုပါကလေးငယ် အဓမ္မပြုကျင့်ခံရတာကို မိသားစုဝင်တွေနဲ့ ဒေသခံအချို့ သိရှိခဲ့ကြပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းကို လာရောက်ပြီး ပြစ်မှုကျူးလွန်သူတွေအား ထုတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဆူပူမှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတွေက လာရောက် ဖျောင်းဖျဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။
ဒီဗွီဘီ
0 Comments