
ဇန္နဝါရီလ(၇)ရက္ေန႔ကစတင္ၿပီး ျပည္သူေတြလက္ထဲကို ျဖန႔္ေဝခဲ့တဲ့ ဗိုလ္ခ်ဳပ္ပုံပါ (၁၀၀၀)တန္အသစ္ကို ျပည္သူေတြအေနနဲ႔ သပ္သပ္ရပ္ရပ္ကိုင္တြယ္သုံးစြဲၾကဖို႔နဲ႔ ေနာက္ထပ္ဗိုလ္ခ်ဳပ္ပုံပါေငြစကၠဴေတြကိုလည္း တန္ဖိုးအလိုက္ထုတ္လုပ္သြားမယ္လို႔ ဗဟိုဘဏ္ကေနသိရပါတယ္။

အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ ေငြစကၠဴ (၁၀၀၀)တန္အသစ္ကို ျပည္သူလူထုေတြအေနနဲ႔ ေငြစကၠဴအျပန႔္အတိုင္း သပ္သပ္ရပ္ရပ္ကိုင္တြယ္သုံးစြဲၾကဖို႔ကို ဗဟိုဘဏ္က ေမတၱာရပ္ခံေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနနဲ႔ ျပည္သူေတြကို သစ္လြန္ေကာင္းမြန္တဲ့ ေငြစကၠဴေတြကိုင္တြယ္သုံးစြဲႏိုင္ဖို႔ ေဆာင္႐ြက္ေပးေနသလို ျပည္သူေတြဘက္ကလည္း ေငြစကၠဴေတြ ပ်က္စီးေစမယ့္ အရာေတြကိုမလုပ္ၾကဖို႔ ေမတၱာရပ္ခံေၾကာင္း ႏိုင္ငံပိုင္မီဒီယာကေန အသိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ျပည္သူေတြကို သစ္လြင္ေကာင္းမြန္တဲ့ ေငြစကၠဴေတြ ကိုင္တြယ္သုံးစြဲႏိုင္ဖို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႔ ေဆာင္႐ြက္ေပးလွ်က္ရွိပါတယ္။ ျပည္သူေတြကလည္း ေငြစကၠဴေတြ ပ်က္စီးေစမယ့္ ေခါက္ျခင္း၊ ခ်ိဳးျခင္း၊ လိပ္ျခင္း၊ လုံးျခင္းေတြမျပဳလုပ္ဖို႔နဲ႔ ဆီစြန္းညစ္ေပျခင္းေတြမျဖစ္ေအာင္ကိုင္တြယ္ၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္” ဆိုၿပီး ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ေငြေၾကးစီမံခန႔္ခြဲဌာနမွ ၫႊန္ၾကားေရးမႉး ဦးဝင္းျမင့္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း ေဟာင္းႏြမ္းညစ္ေပေနတဲ့ ေငြစကၠဴေတြကိုလည္း ဗဟိုဘဏ္မွာ အပ္ႏွံလဲလွယ္ဖို႔ ဘဏ္ေတြအားလုံးကိုၫႊန္ၾကားထားသလို ျပည္သူေတြအေနနဲ႔ကလည္း ေဟာင္းႏြမ္းညစ္ေပ စုတ္ၿပဲေနတဲ့ ပိုက္ဆံေတြကိုလည္း နီးစပ္ရာဘဏ္ေတြမွာ အပ္ႏွံၿပီး သစ္လြင္ေကာင္းမြန္တဲ့ေငြစကၠဴေတြနဲ႔ လဲလွယ္သုံးစြဲၾကဖို႔ကိုလည္း တိုက္တြန္းေျပာၾကားထားပါေသးတယ္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴ (၁၀၀၀)တန္အသစ္ေတြကို ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ (၇)ရက္ေန႔ကစၿပီး ျပည္သူေတြလက္ထဲကို ျဖန႔္ေဝလွ်က္ရွိပါတယ္။
ဓူဝံ
Unicode
ဇန်နဝါရီလ(၇)ရက်နေ့ကစတင်ပြီး ပြည်သူတွေလက်ထဲကို ဖြန့်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)တန်အသစ်ကို ပြည်သူတွေအနေနဲ့ သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့နဲ့ နောက်ထပ်ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေကိုလည်း တန်ဖိုးအလိုက်ထုတ်လုပ်သွားမယ်လို့ ဗဟိုဘဏ်ကနေသိရပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်အသစ်ကို ပြည်သူလူထုတွေအနေနဲ့ ငွေစက္ကူအပြန့်အတိုင်း သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့ကို ဗဟိုဘဏ်က မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်သူတွေကို သစ်လွန်ကောင်းမွန်တဲ့ ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ ဆောင်ရွက်ပေးနေသလို ပြည်သူတွေဘက်ကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် အရာတွေကိုမလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း နိုင်ငံပိုင်မီဒီယာကနေ အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
“ပြည်သူတွေကို သစ်လွင်ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ပြည်သူတွေကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် ခေါက်ခြင်း၊ ချိုးခြင်း၊ လိပ်ခြင်း၊ လုံးခြင်းတွေမပြုလုပ်ဖို့နဲ့ ဆီစွန်းညစ်ပေခြင်းတွေမဖြစ်အောင်ကိုင်တွယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဆိုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း ဟောင်းနွမ်းညစ်ပေနေတဲ့ ငွေစက္ကူတွေကိုလည်း ဗဟိုဘဏ်မှာ အပ်နှံလဲလှယ်ဖို့ ဘဏ်တွေအားလုံးကိုညွှန်ကြားထားသလို ပြည်သူတွေအနေနဲ့ကလည်း ဟောင်းနွမ်းညစ်ပေ စုတ်ပြဲနေတဲ့ ပိုက်ဆံတွေကိုလည်း နီးစပ်ရာဘဏ်တွေမှာ အပ်နှံပြီး သစ်လွင်ကောင်းမွန်တဲ့ငွေစက္ကူတွေနဲ့ လဲလှယ်သုံးစွဲကြဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါသေးတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်အသစ်တွေကို ၂၀၂ဝခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ကစပြီး ပြည်သူတွေလက်ထဲကို ဖြန့်ဝေလျှက်ရှိပါတယ်။
ဓူဝံ
0 Comments