ရန္ကုန္၊ ဇန္နဝါရီ ၉

အေျခခံပညာက႑ရွိ ဆရာဆရာမ ေလးသိန္းခုႏွစ္ေသာင္းေက်ာ္ ကန္႔ကြက္မည္ဆိုပါက လက္ရွိထုတ္ျပန္ထားသည့္ ေက်ာင္းတက္ခ်ိန္မ်ားကို ျပန္လည္စဥ္းစားေပးမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။

မတ္လကုန္အထိ ေက်ာင္းတက္ရက္တိုးျမႇင့္ထားျခင္းအေပၚ ျမန္မာနိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္၊ အေျခခံႏွင့္အဆင့္ျမင့္ပညာ ပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီတို႔က ေၾကညာခ်က္မ်ားထုတ္ျပန္ၿပီး ကန္႔ကြက္ထားသကဲ့သို႔ ပညာေရးတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္မ်ားရွိ ေက်ာင္းသားေက်ာင္းသူမ်ားက ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားျဖင့္ ကန္႔ကြက္မႈမ်ားျပဳထားေသာ္လည္း ကိုယ္စားျပဳမႈအရ တစ္နိုင္ငံလုံးရွိ ဆရာဆရာမ ေလးသိန္းခုႏွစ္ေသာင္းေက်ာ္ျဖင့္ ႏွိုင္းယွဥ္ၾကည့္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ဆရာဆရာမအားလုံး ကန္႔ကြက္မည္ဆိုပါက ယင္းစနစ္ကို ျပန္လည္စဥ္းစားမည္ဟု ၎ကဆိုသည္။

“သမဂၢေတြကို ကၽြန္ေတာ္မေျပာလိုဘူး။ ေဖ့စ္ဘြတ္ခ္မွာတင္ေနတာေတြကိုၾကည့္ရင္ Like အေရအတြက္ကိုၾကည့္ေလ။ တစ္ခ်ိဳ႕ဆိုရင္ အျပဳသေဘာေဆာင္ေျပာေနတဲ့ဆရာေတြလည္းရွိေနတယ္။ သူတို႔နဲ႔ အခုဆိုရန္ေတြျဖစ္ကုန္တယ္။ ဘယ္ေလာက္ကိုယ္စားျပဳလဲေပါ့ေနာ္။ ဆရာဆရာမ ေလးသိန္းခုႏွစ္ေသာင္းေက်ာ္ရွိတယ္။ သူတို႔အားလုံးက ကန္႔ကြက္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ျပန္စဥ္းစားရင္ စဥ္းစားမွာေပါ့”ဟု ဦးကိုေလးဝင္းက The Voice သို႔ေျပာသည္။

ဇန္နဝါရီလ ၉ ရက္ေန႔တြင္ အေျခခံပညာဦးစီးဌာန ေနျပည္ေတာ္တြင္ တိုင္းေဒသႀကီး၊ ျပည္နယ္ပညာေရးမႉးမ်ားႏွင့္ ေက်ာင္းတက္ရက္တိုးျမႇင့္ျခင္းႏွင့္ စာေမးပြဲအခ်ိန္စာရင္း ေျပာင္းလဲျခင္းမ်ားအတြက္ ျဖစ္ေပၚလာနိုင္သည့္ အခက္အခဲမ်ားကို ေဆြးေႏြးမႈမ်ားကိုျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

“ပညာေရးေကာလိပ္ေတြက လုပ္ေနတာေတြကိုေတာ့ အဆင့္ျမင့္ပညာဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔ ညႇိႏွိုင္းရမွာပါ”ဟု ဦးကိုေလးဝင္းက ေျပာသည္။

ေက်ာင္းတက္ရက္တိုးျမႇင့္ျခင္းအေပၚတြင္ ကန္႔ကြက္သည့္ အဖြဲ႕အစည္းမ်ားထဲမွ ပညာေရးတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္မ်ားမွ ေက်ာင္းသားသမဂၢမ်ားသည္ ပညာေရးဝန္ႀကီးဌာန၏ လက္ရွိစနစ္ကိုျပန္လည္ ျပင္ဆင္ရန္ႏွင့္ ေက်ာင္းသား၊ ဆရာတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးၿပီးမွသာ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားကိုရပ္တန္႔မည္ဟု ထုန္ျပန္ထားသည္။

တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ အေျခခံပညာတြင္ ဆရာဆရာမစုစုေပါင္း ေလးသိန္းခုႏွစ္ေသာင္းေက်ာ္ရွိၿပီး ေက်ာင္းသားေက်ာင္းသူ ကိုးသန္းေက်ာ္ ပညာသင္ၾကားေနသည္။

ေအာင္သက္ကို




Unicode




ဆရာဆရာမ လေးသိန်း ခုနှစ်သောင်းကျော် ကန့်ကွက်ပါက ကျောင်းတက်ချိန် ပြန်လည်စဉ်းစားပေးမည်ဟု ညွှန်ချုပ်ပြော



ရန်ကုန်၊ ဇန်နဝါရီ ၉

အခြေခံပညာကဏ္ဍရှိ ဆရာဆရာမ လေးသိန်းခုနှစ်သောင်းကျော် ကန့်ကွက်မည်ဆိုပါက လက်ရှိထုတ်ပြန်ထားသည့် ကျောင်းတက်ချိန်များကို ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

မတ်လကုန်အထိ ကျောင်းတက်ရက်တိုးမြှင့်ထားခြင်းအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်၊ အခြေခံနှင့်အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့က ကြေညာချက်များထုတ်ပြန်ပြီး ကန့်ကွက်ထားသကဲ့သို့ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များရှိ ကျောင်းသားကျောင်းသူများက ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် ကန့်ကွက်မှုများပြုထားသော်လည်း ကိုယ်စားပြုမှုအရ တစ်နိုင်ငံလုံးရှိ ဆရာဆရာမ လေးသိန်းခုနှစ်သောင်းကျော်ဖြင့် နှိုင်းယှဉ်ကြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဆရာဆရာမအားလုံး ကန့်ကွက်မည်ဆိုပါက ယင်းစနစ်ကို ပြန်လည်စဉ်းစားမည်ဟု ၎င်းကဆိုသည်။

“သမဂ္ဂတွေကို ကျွန်တော်မပြောလိုဘူး။ ဖေ့စ်ဘွတ်ခ်မှာတင်နေတာတွေကိုကြည့်ရင် Like အရေအတွက်ကိုကြည့်လေ။ တစ်ချို့ဆိုရင် အပြုသဘောဆောင်ပြောနေတဲ့ဆရာတွေလည်းရှိနေတယ်။ သူတို့နဲ့ အခုဆိုရန်တွေဖြစ်ကုန်တယ်။ ဘယ်လောက်ကိုယ်စားပြုလဲပေါ့နော်။ ဆရာဆရာမ လေးသိန်းခုနှစ်သောင်းကျော်ရှိတယ်။ သူတို့အားလုံးက ကန့်ကွက်တယ်ဆိုရင်တော့ ကျွန်တော်တို့ပြန်စဉ်းစားရင် စဉ်းစားမှာပေါ့”ဟု ဦးကိုလေးဝင်းက The Voice သို့ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် အခြေခံပညာဦးစီးဌာန နေပြည်တော်တွင် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ကျောင်းတက်ရက်တိုးမြှင့်ခြင်းနှင့် စာမေးပွဲအချိန်စာရင်း ပြောင်းလဲခြင်းများအတွက် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ပညာရေးကောလိပ်တွေက လုပ်နေတာတွေကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရမှာပါ”ဟု ဦးကိုလေးဝင်းက ပြောသည်။

ကျောင်းတက်ရက်တိုးမြှင့်ခြင်းအပေါ်တွင် ကန့်ကွက်သည့် အဖွဲ့အစည်းများထဲမှ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ကျောင်းသားသမဂ္ဂများသည် ပညာရေးဝန်ကြီးဌာန၏ လက်ရှိစနစ်ကိုပြန်လည် ပြင်ဆင်ရန်နှင့် ကျောင်းသား၊ ဆရာတို့နှင့်တွေ့ဆုံဆွေးနွေးပြီးမှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုများကိုရပ်တန့်မည်ဟု ထုန်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာတွင် ဆရာဆရာမစုစုပေါင်း လေးသိန်းခုနှစ်သောင်းကျော်ရှိပြီး ကျောင်းသားကျောင်းသူ ကိုးသန်းကျော် ပညာသင်ကြားနေသည်။

အောင်သက်ကို