မႏၲေလး ဇန္နဝါရီ ၉

မႏၲေလးတကၠသိုလ္ေက်ာင္းသားသပိတ္ ယာယီရပ္နားထားၿပီး ၄ လအၾကာ ဇန္နဝါရီလ ၉ ရက္ေန႔တြင္ ျပန္လည္စတင္ကာ မရမခ်င္း သပိတ္စခန္းဖြင့္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ယင္းမႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢထံမွ သိရသည္။

မိမိတို႔အေနျဖင့္ ေက်ာင္းသားထုအစည္းအေဝးအရ သပိတ္ေမွာက္ရျခင္းျဖစ္ကာ ဥပေဒခ်ိဳးေဖာက္ခဲ့သည့္ ပါေမာကၡခ်ဳပ္ကို အေရးမယူမခ်င္း သပိတ္ေမွာက္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ယင္းသပိတ္ေမွာက္ဦးေဆာင္ေကာ္မတီဝင္ ကိုရန္စိုးပိုင္က ေျပာၾကားသည္။

ယင္းေက်ာင္းသားသပိတ္ေမွာက္မႈႏွင့္ပတ္သက္ၿပီး မႏၲေလးတကၠသိုလ္ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္ကို ေမးျမန္းရာ မည္သည့္မွတ္ခ်က္မွ မလိုဟု ေျပာၾကားသည္။

ယင္းသို႔ ေက်ာင္းသားသမဂၢ ဆႏၵထုတ္ေဖာ္ေနျခင္းေၾကာင့္ ေက်ာင္း၏ လုံျခဳံေရးႏွင့္ပတ္သက္ၿပီး အထူးတင္းၾကပ္ထားသည္။

မိမိတို႔အေနႏွင့္ ေက်ာင္း၏ လုံျခဳံေရးအရ ေဆာင္ရြက္ရျခင္းျဖစ္သည္ဟု မႏၲေလးတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ေဒါက္ျမမဥၨဴက ေျပာၾကားသည္။

မႏၲေလးတကၠသိုလ္ဝင္းအတြင္းတြင္ Food Court တည္ေဆာက္မႈႏွင္ျပတ္သက္ၿပီး ယင္းတကၠသိုလ္ေက်ာင္းသားသမဂၢမွာ စက္တင္ဘာလ ၂ ရက္ေန႔မွ စတင္ကာ စက္တင္ဘာလ ၈ ရက္ေန႔အထိ ပင္မေဆာင္တြင္ သပိတ္စခန္းဖြင့္၍ ေတာင္းဆိုခဲ့ၾကသည္။

ယင္းကိစၥကို စစ္ေဆးနိုင္ရန္အတြက္ ပညာေရးဝန္ႀကီး႒ာနဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း ဦးေဆာင္ေသာ စစ္ေဆးေရးအဖြဲ႕က စက္တင္ဘာလ ၇ ရက္၊ ၈ ရက္ေန႔တို႔တြင္ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ယင္းတကၠသိုလ္ေက်ာင္းသားသမဂၢအဖြဲ႕တို႔မွ တာဝန္ရွိသူ ေက်ာင္းသား ေက်ာင္းသူမ်ားကို စစ္ေဆးခဲ့သည္။

ယင္းသို႔စစ္ေဆးေနစဥ္ကာလအတြင္း စက္တင္ဘာလ ၈ ရက္ေန႔ညပိုင္းမွ စတင္ကာ သပိတ္ေမွာက္မႈကို ေခတၱရပ္နားထားခဲ့သည္။

ယင္းေက်ာင္းသားသမဂၢအဖြဲ႕ဝင္မ်ားသည္ နိုင္ငံေတာ္သမၼတညႊန္ၾကားခ်က္ႏွင့္ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အား စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္အား အသုံးခ်၍ ကိုယ္က်ိဳးရွာေသာ ပါေမကၡခ်ဳပ္ အလိုမရွိ၊ မွန္ကန္မၽွတေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆး အေရးယူေပးေရး၊ ေက်ာင္းစီမံကိန္းမ်ား ေဆာင္ရြက္ရာတြင္ ပြင့္လင္းျမင္သာစြာခ်ျပေရး၊ ပညာေရးဝန္ႀကီး႒ာန၏ ဘက္လိုက္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕အား အယုံအၾကည္မရွိ၊ မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္အား တာဝန္မွ အျမန္ဆုံးရပ္ဆိုင္းေပးေရး၊ ပညာေရးဝန္ႀကီးမွ အျမန္ဆုံးလာေရာက္တာဝန္ယူေျဖရွင္းေပးေရး စသည့္ ေတာင္းဆိုခ်က္မ်ားျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ယင္း Food Court ကို ၾသဂုတ္လပထမတ္အတြင္းက ဖြင့္လွစ္ရန္ရွိေသာ္လည္း ကန္႔ကြက္မႈမ်ားေၾကာင့္ ရပ္ဆိုင္းထားေၾကာင္းသိရသည္။





Unicode




မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ပြန်လည်စတင်



မန္တလေး ဇန်နဝါရီ ၉

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ယာယီရပ်နားထားပြီး ၄ လအကြာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြန်လည်စတင်ကာ မရမချင်း သပိတ်စခန်းဖွင့်တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းမန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။

မိမိတို့အနေဖြင့် ကျောင်းသားထုအစည်းအဝေးအရ သပိတ်မှောက်ရခြင်းဖြစ်ကာ ဥပဒေချိုးဖောက်ခဲ့သည့် ပါမောက္ခချုပ်ကို အရေးမယူမချင်း သပိတ်မှောက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းသပိတ်မှောက်ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က ပြောကြားသည်။

ယင်းကျောင်းသားသပိတ်မှောက်မှုနှင့်ပတ်သက်ပြီး မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ကို မေးမြန်းရာ မည်သည့်မှတ်ချက်မှ မလိုဟု ပြောကြားသည်။

ယင်းသို့ ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်နေခြင်းကြောင့် ကျောင်း၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အထူးတင်းကြပ်ထားသည်။

မိမိတို့အနေနှင့် ကျောင်း၏ လုံခြုံရေးအရ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်မြမဥ္ဇူက ပြောကြားသည်။

မန္တလေးတက္ကသိုလ်ဝင်းအတွင်းတွင် Food Court တည်ဆောက်မှုနှင်ပြတ်သက်ပြီး ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၈ ရက်နေ့အထိ ပင်မဆောင်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုခဲ့ကြသည်။

ယင်းကိစ္စကို စစ်ဆေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၇ ရက်၊ ၈ ရက်နေ့တို့တွင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တို့မှ တာဝန်ရှိသူ ကျောင်းသား ကျောင်းသူများကို စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးနေစဉ်ကာလအတွင်း စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ သပိတ်မှောက်မှုကို ခေတ္တရပ်နားထားခဲ့သည်။

ယင်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမေက္ခချုပ် အလိုမရှိ၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ ကျောင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး၊ ပညာရေးဝန်ကြီးဋ္ဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေး၊ ပညာရေးဝန်ကြီးမှ အမြန်ဆုံးလာရောက်တာဝန်ယူဖြေရှင်းပေးရေး စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်း Food Court ကို သြဂုတ်လပထမတ်အတွင်းက ဖွင့်လှစ်ရန်ရှိသော်လည်း ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားကြောင်းသိရသည်။