ေတာင္ငူ၊ ဇန္နဝါရီ ၉

ပညာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ဆရာဆရာမမ်ားသည္ ေႏြေက်ာင္းပိတ္ရက္တြင္လည္း လစာခံစားသည့္အတြက္ စာသင္ၾကားေရး လုပ္ငန္းမ်ား ေဆာင္ရြက္ရမည္ ျဖစ္သည္ဟု ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားသည္။

ယခုစာသင္ႏွစ္မွစတင္ၿပီး စာသင္ခ်ိန္တိုးျမင့္သည့္ကိစၥႏွင့္ပတ္သက္၍ ဆရာဆရာမ်ား ေက်ာင္းသားမိဘမ်ား ေဝဖန္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ ပညာေရးဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးက စာသင္ခ်ိန္တိုးျမင့္မႈကို ေျပာင္းလဲမည္မဟုတ္ေၾကာင္း ေျပာဆိုထားခဲ့သည့္အျပင္ ယခုကဲ့သို႔ လစာယူပါက စာသင္ရမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ပညာေရးေကာလိပ္မ်ားကို ျပည္ပအကူညီျဖင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ေနသည့္ကိစၥမ်ားႏွင့္ပတ္သက္ၿပီး ယခုလ ၉ ရက္ေန႔က ေတာင္ငူပညာေရးေကာလိပ္တြင္ ေက်ာင္းတာဝန္ရွိသူမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ေတြ႕ဆုံခဲ့စဥ္ ဝန္ႀကီးက ေျပာခဲ့ျခင္းျဖစ္သည္ဟု ဖဲႀကိဳးစိမ္းကန္ပိမ္းလႈပ္ရွားမႈ ဦးေဆာင္ေကာ္မတီဝင္ ကိုေနာင္ထက္ေအာင္က ေျပာၾကားသည္။

“သူက ေမးတယ္။ စာသင္ရက္တိုးတာသိလားလို႔။ တစ္ဖက္က သိတယ္ေျပာေတာ့ ထပ္ေမးတယ္။ အာ့အခ်ိန္ေရာ လစာယူလားဆိုၿပီး။ ယူတယ္ေျပာတဲ့အခါ လစာယူထားရင္ စာသင္ရရမွာပဲ ဆိုတဲ့သေဘာ ေျပာခဲ့တာပါ ”ဟု ကိုေနာင္ထက္ေအာင္ က ဆက္လက္ေျပာဆိုရွင္းျပသည္။

မတ္လကုန္အထိ စာသင္ၾကားရမည့္ကိစၥႏွင့္ပတ္သက္ၿပီး ဇန္နဝါရီ ၇ ရက္ေန႔က စစ္ကိုင္းပညာေရးေကာလိပ္၌ ကန္႔ကြက္သည့္အေနျဖင့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈစတင္ျပဳလုပ္ခဲ့ၿပီး ယေန႔ နံနက္ (ဇန္နဝါရီ ၉) ပညာေရးဝန္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီး ေတာင္ငူၿမိဳ႕ပညာေရးေကာလိပ္ကို ေရာက္ရွိစဥ္ ယင္းေကာလိပ္ေက်ာင္းသားမ်ားကလည္း ဖဲႀကိဳးစိမ္းကန္ပိမ္းကို စတင္လႈပ္ေဆာင္ခဲ့ၾကသည္။

ပညာေရးဝန္ႀကီးဌာနတာဝန္ရွိသူမ်ားသည္ အေျခခံပညာဦးစီးဌာနလက္ေအာက္ရွိ ဆရာဆရာမမ်ား၊ ဝန္ထမ္းမ်ား၊ ေက်ာင္းသားသမဂၢမ်ား၏ ေဝဖန္မႈမ်ားႏွင့္ သေဘာထားကိုလစ္လၽွဴရႈျခင္း၊ သင္ရိုးသစ္သင္ရိုးေဟာင္း စာသင္ကာလမ်ားကို စနစ္တက်ခြဲေဝမႈမရွိသည့္အျပင္ ေက်ာင္းပိတ္ရက္ဖြင့္ရက္မ်ားႏွင့္ပတ္သက္ၿပီး စနစ္တက် ခြဲေဝမႈမရွိျခင္းတို႔ေၾကာင့္ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈမ်ားကို လုပ္ေဆာင္ရျခင္းျဖစ္သည္ဟု ပညာေရးတကၠသိုလ္ႏွင့္ ေကာလိပ္ေက်ာင္းသားမ်ားက ဆိုသည္။

စာသင္ခ်ိန္ကာလတိုးျမႇင့္မႈအေပၚ အေျခခံပညာႏွင့္ အဆင့္ျမင့္ပညာပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ၊ ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ ဆရာမမ်ား အဖြဲ႕ခ်ဳပ္တို႔ကလည္း ကန္႔ကြက္ထားၿပီး ျပင္ဆင္မႈမလုပ္ေပးပါက၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲ႐ုံတာဝန္မ်ားကို ယူမည္မဟုတ္ေၾကာင္း ထုတ္ျပန္ထားသည္။

R-15




Unicode




လစာယူသည့်အတွက် စာသင်ကြားရမည်ဟု ပညာရေးဝန်ကြီး ပြောဆို



တောင်ငူ၊ ဇန်နဝါရီ ၉

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာဆရာမများသည် နွေကျောင်းပိတ်ရက်တွင်လည်း လစာခံစားသည့်အတွက် စာသင်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ယခုစာသင်နှစ်မှစတင်ပြီး စာသင်ချိန်တိုးမြင့်သည့်ကိစ္စနှင့်ပတ်သက်၍ ဆရာဆရာများ ကျောင်းသားမိဘများ ဝေဖန်မှုများမြင့်တက်နေချိန်တွင် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက စာသင်ချိန်တိုးမြင့်မှုကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောဆိုထားခဲ့သည့်အပြင် ယခုကဲ့သို့ လစာယူပါက စာသင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပညာရေးကောလိပ်များကို ပြည်ပအကူညီဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့်ကိစ္စများနှင့်ပတ်သက်ပြီး ယခုလ ၉ ရက်နေ့က တောင်ငူပညာရေးကောလိပ်တွင် ကျောင်းတာဝန်ရှိသူများ၊ ကျောင်းသူကျောင်းသားများနှင့်တွေ့ဆုံခဲ့စဉ် ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်ဟု ဖဲကြိုးစိမ်းကန်ပိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောကြားသည်။

“သူက မေးတယ်။ စာသင်ရက်တိုးတာသိလားလို့။ တစ်ဖက်က သိတယ်ပြောတော့ ထပ်မေးတယ်။ အာ့အချိန်ရော လစာယူလားဆိုပြီး။ ယူတယ်ပြောတဲ့အခါ လစာယူထားရင် စာသင်ရရမှာပဲ ဆိုတဲ့သဘော ပြောခဲ့တာပါ ”ဟု ကိုနောင်ထက်အောင် က ဆက်လက်ပြောဆိုရှင်းပြသည်။

မတ်လကုန်အထိ စာသင်ကြားရမည့်ကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်နေ့က စစ်ကိုင်းပညာရေးကောလိပ်၌ ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ပြီး ယနေ့ နံနက် (ဇန်နဝါရီ ၉) ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး တောင်ငူမြို့ပညာရေးကောလိပ်ကို ရောက်ရှိစဉ် ယင်းကောလိပ်ကျောင်းသားများကလည်း ဖဲကြိုးစိမ်းကန်ပိမ်းကို စတင်လှုပ်ဆောင်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများသည် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂများ၏ ဝေဖန်မှုများနှင့် သဘောထားကိုလစ်လျှူရှုခြင်း၊ သင်ရိုးသစ်သင်ရိုးဟောင်း စာသင်ကာလများကို စနစ်တကျခွဲဝေမှုမရှိသည့်အပြင် ကျောင်းပိတ်ရက်ဖွင့်ရက်များနှင့်ပတ်သက်ပြီး စနစ်တကျ ခွဲဝေမှုမရှိခြင်းတို့ကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ကျောင်းသားများက ဆိုသည်။

စာသင်ချိန်ကာလတိုးမြှင့်မှုအပေါ် အခြေခံပညာနှင့် အဆင့်မြင့်ပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ ဆရာမများ အဖွဲ့ချုပ်တို့ကလည်း ကန့်ကွက်ထားပြီး ပြင်ဆင်မှုမလုပ်ပေးပါက၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်များကို ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

R-15