LOTAYANET TO DAY TV
WELLCOME TO LOTAYANET WEBSITE
HOME
Home
သင့္ရဲ႕သြင္ျပင္ကိုေျပာင္းလဲသြားေစမယ့္ (၁၀)မိနစ္စာ အေၾကာေလွ်ာ့ေလ့က်င့္ခန္း
သင့္ရဲ႕သြင္ျပင္ကိုေျပာင္းလဲသြားေစမယ့္ (၁၀)မိနစ္စာ အေၾကာေလွ်ာ့ေလ့က်င့္ခန္း
Lotayanet Burmese
-
January 12, 2020
Zawgyi ျဖင့္ဖတ္ရန္
အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ Brightside ကေန ေဖာ္ျပထားတဲ့ ၁၀ မိနစ္စာ ေလ့က်င့္ခန္းကို မွ်ေဝေပးခ်င္ပါတယ္။
ဒီေဆာင္းပါးကိုေရးထားတဲ့အမ်ိဳးသမီးက သူရဲ႕အေတြ႕အႀကံဳကိုမွ်ေဝထားပါတယ္။ သူမ အသက္ ၃၀ ေလာက္က်ေတာ့ သူ႔မွာ ခါးနာတဲ့ေဝဒနာခံစားလာခဲ့ရပါတယ္တဲ့။ ဒါေၾကာင့္ေလ့က်င့္ခန္းစလုပ္ခဲ့တယ္။
ခါးနာတာတင္မကဘူး အိပ္လို႔မရတဲ့ေဝဒနာလည္းရွိေနေတာ့ ဒီအေၾကာေလွ်ာ့ေလ့က်င့္ခန္းကို တစ္ေန႔ ၁၀ မိနစ္ေလာက္လုပ္တဲ့အခါ သူမ ဘယ္လိုေျပာင္းလဲလာသြားလဲဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။
၁။ အရင္ဆံုးအခုပံုမွာျပထားသလို ေျခေထာက္တစ္ဖက္ကိုဆန္႔ တစ္ဖက္ကို ေကြးထားလိုက္ၿပီး ခႏၶာကိုယ္ကို ေျခေထာက္ဆန္႔ထားတဲ့ဖက္ လွဲၿပီးအေၾကာ့ေလွ်ာ့ေပးတာပါ။ အဲဒီအတိုင္း ၁ မိနစ္ေလာက္ေနေပးၿပီး ေနာက္တစ္ဖက္ကိုလုပ္ပါ။ စလုပ္လုပ္ခ်င္းေတာ့ ေျခေထာက္နဲ႔ လက္နဲ႔ထိဖို႔ခက္လိမ့္မယ္ေနာ္။ၿပီးရင္ေတာ့ အသားက်သြားမွာပါ။
၂။ ဒုတိယတစ္ခုကေတာ့ ဖားလိုပံုစံမ်ိဳးလုပ္ၿပီးအေၾကာ့ေလွ်ာ့တာမ်ိဳးပါ။ ပံုမွာျပထားတဲ့အတိုင္းပဲ ခါးကို ဆန္႔ ၊ ေပါင္ကိုဆန္႔ခ်ၿပီးအေၾကာ့ေလွ်ာ့ေပးတာမ်ိဳးျဖစ္ပါတယ္။ အဲဒီအတိုင္း ၂ မိနစ္ေနေပးပါ။
၃။ အရင္ဆံုးေမွာက္လ်က္ေနၿပီးလက္ႏွစ္ဖက္ကိုေထာက္ေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာကိုေမာ့ ခါးကိုဆန္႔ၿပီး အသက္ျပင္းျပင္းရႉလိုက္ပါ။ ၿပီး၇င္ျပန္ရႉထုတ္ပါ။ အဲဒီအတိုင္း ၂ မိနစ္ေနပါ။
၄။ အခုပံုမွာျပထားသလိုမ်ိဳးေနေပးရမွာျဖစ္ပါတယ္။ ၁ မိနစ္ေနေပးရမွာေနာ္။
၅။ အရင္ဆံုးေျခေထာက္တစ္ဖက္ကိုေကြး တစ္ဖက္ကုိဆန္႔ထားပါ။ လက္တစ္ဖက္ကို ဒူးေပၚတင္ၿပီးက်န္တဲ့တစ္ဖက္ကိုေဘးကိုခ်ကာ ခႏၶာကိုယ္ကို လွည့္ေပးလိုက္ပါ။ အဲဒီအတိုင္း ၁ မိနစ္ေနေပးၿပီး က်န္တစ္ဖက္ေျပာင္းေပးပါ။
ေပ်ာ္ရႊင္စရာရလဒ္
ဒီလိုမ်ိဳးေလ့က်င့္ခန္းကို ပံမွန္လုပ္ေပးျခင္းအားျဖင့္ အိပ္ေရးလည္းမွန္လာသလို၊ ခါးနာတာမ်ိဳးလည္းမရွိေတာ့ပါဘူးတဲ့။ ေကာင္းေကာင္းအိပ္ႏိုင္ေတာ့ အသားအေရလည္း ပိုလွလာတာေပါ့ေနာ္။
အားလည္းပိုရွိလာတယ္။ ပင္ပန္းႏြယ္နယ္လြယ္တာမ်ိဳးလည္းမရွိေတာ့ပါဘူး။
Credit – MyStyle Myanmar
Unicode ဖြင့်ဖတ်ရန်
သင့်ရဲ့သွင်ပြင်ကိုပြောင်းလဲသွားစေမယ့် (၁၀)မိနစ်စာ အကြောလျှော့လေ့ကျင့်ခန်း
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ Brightside ကနေ ဖော်ပြထားတဲ့ ၁၀ မိနစ်စာ လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။
ဒီဆောင်းပါးကိုရေးထားတဲ့အမျိုးသမီးက သူရဲ့အတွေ့အကြုံကိုမျှဝေထားပါတယ်။ သူမ အသက် ၃၀ လောက်ကျတော့ သူ့မှာ ခါးနာတဲ့ဝေဒနာခံစားလာခဲ့ရပါတယ်တဲ့။ ဒါကြောင့်လေ့ကျင့်ခန်းစလုပ်ခဲ့တယ်။
ခါးနာတာတင်မကဘူး အိပ်လို့မရတဲ့ဝေဒနာလည်းရှိနေတော့ ဒီအကြောလျှော့လေ့ကျင့်ခန်းကို တစ်နေ့ ၁၀ မိနစ်လောက်လုပ်တဲ့အခါ သူမ ဘယ်လိုပြောင်းလဲလာသွားလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
၁။ အရင်ဆုံးအခုပုံမှာပြထားသလို ခြေထောက်တစ်ဖက်ကိုဆန့် တစ်ဖက်ကို ကွေးထားလိုက်ပြီး ခန္ဓာကိုယ်ကို ခြေထောက်ဆန့်ထားတဲ့ဖက် လှဲပြီးအကြော့လျှော့ပေးတာပါ။ အဲဒီအတိုင်း ၁ မိနစ်လောက်နေပေးပြီး နောက်တစ်ဖက်ကိုလုပ်ပါ။ စလုပ်လုပ်ချင်းတော့ ခြေထောက်နဲ့ လက်နဲ့ထိဖို့ခက်လိမ့်မယ်နော်။ပြီးရင်တော့ အသားကျသွားမှာပါ။
၂။ ဒုတိယတစ်ခုကတော့ ဖားလိုပုံစံမျိုးလုပ်ပြီးအကြော့လျှော့တာမျိုးပါ။ ပုံမှာပြထားတဲ့အတိုင်းပဲ ခါးကို ဆန့် ၊ ပေါင်ကိုဆန့်ချပြီးအကြော့လျှော့ပေးတာမျိုးဖြစ်ပါတယ်။ အဲဒီအတိုင်း ၂ မိနစ်နေပေးပါ။
၃။ အရင်ဆုံးမှောက်လျက်နေပြီးလက်နှစ်ဖက်ကိုထောက်ပေးပါ။ ပြီးရင်တော့ မျက်နှာကိုမော့ ခါးကိုဆန့်ပြီး အသက်ပြင်းပြင်းရှူလိုက်ပါ။ ပြီးရင်ပြန်ရှူထုတ်ပါ။ အဲဒီအတိုင်း ၂ မိနစ်နေပါ။
၄။ အခုပုံမှာပြထားသလိုမျိုးနေပေးရမှာဖြစ်ပါတယ်။ ၁ မိနစ်နေပေးရမှာနော်။
၅။ အရင်ဆုံးခြေထောက်တစ်ဖက်ကိုကွေး တစ်ဖက်ကိုဆန့်ထားပါ။ လက်တစ်ဖက်ကို ဒူးပေါ်တင်ပြီးကျန်တဲ့တစ်ဖက်ကိုဘေးကိုချကာ ခန္ဓာကိုယ်ကို လှည့်ပေးလိုက်ပါ။ အဲဒီအတိုင်း ၁ မိနစ်နေပေးပြီး ကျန်တစ်ဖက်ပြောင်းပေးပါ။
ပျော်ရွှင်စရာရလဒ်
ဒီလိုမျိုးလေ့ကျင့်ခန်းကို ပံမှန်လုပ်ပေးခြင်းအားဖြင့် အိပ်ရေးလည်းမှန်လာသလို၊ ခါးနာတာမျိုးလည်းမရှိတော့ပါဘူးတဲ့။ ကောင်းကောင်းအိပ်နိုင်တော့ အသားအရေလည်း ပိုလှလာတာပေါ့နော်။
အားလည်းပိုရှိလာတယ်။ ပင်ပန်းနွယ်နယ်လွယ်တာမျိုးလည်းမရှိတော့ပါဘူး။
Credit – MyStyle Myanmar
Post a Comment
0 Comments
Social Plugin
Labels
YOEYOELAY
ကမၻာသတင္း
က်န္းမာေရး
နည္းပညာ
ပညာေရး
မူခင္း
အားကစား
ေဒသနၱရသတင္းမ်ား
ေဖ်ာ္ေျဖေရး
FACEBOOK
0 Comments