Zawgyi ျဖင့္ဖတ္ရန္



( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
ျမန္မာ့လက္ေ႐ြးစင္ တိုက္စစ္မႉးေဟာင္းျဖစ္တဲ့ ဇင္မာဝမ္း တစ္ေယာက္ကေတာ့ ထီေတြဆက္တိုက္နီးပါးေပါက္လြန္းတာေၾကာင့္ ဇင္မာေပါက္လို႔ေတာင္ အမည္ေျပာင္ေခၚရတဲ့အထိျဖစ္တယ္လို႔ သိရပါတယ္။ ယခုလမွာလည္း ေပါက္သလို ယခင္လေတြမွာလည္းထီဆု အေသးအႀကီး မ်ိဳးစုံေပါက္ေနခဲ့တယ္လို႔ သိရပါတယ္။
အခုပါနဲ႔ဆို စုစုေပါင္း ထီ ၂၆ ႀကိမ္ေပါက္ခဲ့ၿပီလို႔ သူမကဆိုပါတယ္။ အျမင့္ဆုံး ဆုေၾကးအေနနဲ႔ေတာ့ မၾကာေသးခင္က သုံးေစာင္တြဲ ထီက သိန္း ၂၀၀ ေပါက္ခဲ့တယ္လို႔ သိရပါတယ္။ သူဟာဆိုရင္ ထီေပါက္ကံ ပါလာတာေၾကာင့္လည္း ထီေပါက္နည္းလွ်ိဳ႕ဝွက္ခ်က္ေတြမ်ား ရွိေနမလားဆိုတဲ့ အခ်က္ကလည္း အမ်ားက စိတ္ဝင္စားေနပါတယ္။
သူမရဲ႕ ေျပာျပခ်က္အရေတာ့ သူဟာ ေပါက္သမွ်ထီေတြကို ႏြမ္းပါးသူေတြကိုလႉတယ္ ၊အလႉဒါနျပဳတယ္ ၊ ဘုရားတည္တယ္ ၊ ကထိန္ခင္းတယ္ ၊ မိဘကို ကန္ေတာ့တယ္ စသျဖင့္ လုပ္ေလ့ရွိတာေၾကာင့္ပဲ ကံလိုက္ၿပီး ေပါက္ေနသလားာ မေျပာတတ္ဘူးလို႔ သူမက ဆိုပါတယ္။ လက္ရွိမွာေတာ့ ၂၇ ေတာင္ အျမင့္ရွိတဲ့ ဘုရားတစ္ဆူကို တည္ထားကိုးကြယ္ႏိုင္ဖို႔အတြက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။




ဘာပဲျဖစ္ျဖစ္ ကံ ကံ၏ အက်ိဳး ဆိုရမွာျဖစ္သလို ၊ သူမျပဳတဲ့ကုသိုလ္ေကာင္းမႈေတြရဲ႕အဆက္ေၾကာင့္ပဲ ထီေတြ လစဥ္ေပါက္ေနခဲ့တာလားဆိုတာကေတာ့ စဥ္းစားစရာတစ္ခုပါပဲေနာ္။
႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ



Writer- SMT(Shwe Yaung Lan)



Unicode ဖြင့်ဖတ်ရန်



26 ကြိမ်ဆက်တိုက် ထီပေါက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှုးဟောင်းဇင်မာဝမ်းပြောပြလာတဲ့ ထီထိုးနည်းလျှို့ဝှက်ချက်
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဇင်မာဝမ်း တစ်ယောက်ကတော့ ထီတွေဆက်တိုက်နီးပါးပေါက်လွန်းတာကြောင့် ဇင်မာပေါက်လို့တောင် အမည်ပြောင်ခေါ်ရတဲ့အထိဖြစ်တယ်လို့ သိရပါတယ်။ ယခုလမှာလည်း ပေါက်သလို ယခင်လတွေမှာလည်းထီဆု အသေးအကြီး မျိုးစုံပေါက်နေခဲ့တယ်လို့ သိရပါတယ်။
အခုပါနဲ့ဆို စုစုပေါင်း ထီ ၂၆ ကြိမ်ပေါက်ခဲ့ပြီလို့ သူမကဆိုပါတယ်။ အမြင့်ဆုံး ဆုကြေးအနေနဲ့တော့ မကြာသေးခင်က သုံးစောင်တွဲ ထီက သိန်း ၂၀၀ ပေါက်ခဲ့တယ်လို့ သိရပါတယ်။ သူဟာဆိုရင် ထီပေါက်ကံ ပါလာတာကြောင့်လည်း ထီပေါက်နည်းလျှို့ဝှက်ချက်တွေများ ရှိနေမလားဆိုတဲ့ အချက်ကလည်း အများက စိတ်ဝင်စားနေပါတယ်။
သူမရဲ့ ပြောပြချက်အရတော့ သူဟာ ပေါက်သမျှထီတွေကို နွမ်းပါးသူတွေကိုလှူတယ် ၊အလှူဒါနပြုတယ် ၊ ဘုရားတည်တယ် ၊ ကထိန်ခင်းတယ် ၊ မိဘကို ကန်တော့တယ် စသဖြင့် လုပ်လေ့ရှိတာကြောင့်ပဲ ကံလိုက်ပြီး ပေါက်နေသလားာ မပြောတတ်ဘူးလို့ သူမက ဆိုပါတယ်။ လက်ရှိမှာတော့ ၂၇ တောင် အမြင့်ရှိတဲ့ ဘုရားတစ်ဆူကို တည်ထားကိုးကွယ်နိုင်ဖို့အတွက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ကံ ကံ၏ အကျိုး ဆိုရမှာဖြစ်သလို ၊ သူမပြုတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အဆက်ကြောင့်ပဲ ထီတွေ လစဉ်ပေါက်နေခဲ့တာလားဆိုတာကတော့ စဉ်းစားစရာတစ်ခုပါပဲနော်။
ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ



Writer- SMT(Shwe Yaung Lan)