Zawgyiျဖင့္ဖတ္ရန္


၂လေက်ာ္ျကာျမင့္ေနသည့္ ပန္းတေနာ္ျမိဳ႕ မွ အမ်ိဳးသမီး၂ ဦး အက္ဆစ္ျဖင့္ အပက္ခံရေသာအမႈအား အျမန္ဆုံုးတရားခံ ေပၚေပါက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း ပန္းတေနာ္ျမိဳ႕နယ္ရဲတပ္ဖြဲမွဴး ရံုးမွ သိရသည္။
“က်ြန္ေတာ္လည္း ေရာက္လာတာ မၾကာေသးဘူး ဒီကိစၥက ျပစ္မႈက်ဴးလြန္သူကိုလည္း ခံရတဲ႕သူေတြက အတိအက် မေျပာနိုင္ ၾကဘူး … စုံစမ္းရတာ အခက္အခဲျဖစ္တာေပါ့ မသကၤကာသူေတြ နီးစပ္တဲ႔ CCTV ေတြ အစရွိသျဖင့္ ျပန္ျပီး အေသးစိတ္စစ္ေဆးေနပါတယ္ …
အျမန္ဆုံုး ေပၚ ေပါက္ေရး ညြန္ၾကားမႈေတြေပးထားပါတယ္ ” ပန္းတေနာ္ျမိဳ႕နယ္ ျမိနယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေက်ာ္ဇံက ဇန္နဝါရီ ၉ ရက္ ကေျပာသည္။
ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသျကီး ပန္းတေနာ္ျမိဳ႕ အေနာက္ပိုင္း ရပ္ကြက္ အပိုင္ ၇ တြင္ တစ္ရပ္ကြက္တည္း အိမ္နီးခ်င္း ေနထိုင္သူမ်ား ျဖစ္ၾကသည့္ မလဲ႕လဲ႕ဝင္း ႏွင့္ ေဒၚခင္ဥမၼာလင္း တို႕သည္ ေအာက္တိုဘာ ၂၄ ရက္ ည ၁၁ နာရီခ်ိန္က မလဲ႕လဲ႕ဝင္းတို႕ အိမ္မွထြက္ျပီး မလဲ႕လဲ႕ဝင္း၏ ေနအိမ္သို႕အျပန္ လမ္းေလ်ွာက္လာစဥ္
အေနာ္ရထာလမ္းႏွင့္ စိတၱသုခလမ္းေထာင့္သို႔ အေရာက္တြင္ ဆိုင္ကယ္ျဖင္႔ ရုတ္တရက္ ေရာက္ရွိလာသူ ၂ ဦး အနက္ ဆိုင္ကယ္ အေနာက္က ထိုင္လိုက္လာသူက ျကြတ္ျကြတ္အိတ္ အမဲေရာင္ အက္ဆစ္ အထုပ္ျဖင္႔ ပစ္ေပါက္ခဲ႔၍ နွစ္ဦးစလုံး၏ လက္ေမာင္း ရင္ဘတ္ လည္ပင္းႏွင့္ မ်က္ႏွာေနရာမ်ား ထိမွန္ေလာင္က်ြမ္းခဲ့ျခင္းျဖစ္ သည္။
နွစ္ဦးစလံုး၏ အက္ဆစ္ေလာင္ဒဏ္ရာမ်ား ကုသရန္ ပန္းတေနာ္ ျမိဳ႕မေဆးရံုႀကီးသို့ ကနဦး ပို့ေဆာင္ ကုသခဲ့ ေသာ္လည္း ဒဏ္ရာမ်ားမွာ ျပင္းထန္လြန္းတာေၾကာင့္ ညတြင္းခ်င္း ရန္ကုန္ေဆးရံုႀကီးသို႔ ဆက္လက္ ပို ့ေဆာင္၍ ၂ လ ေက်ာ္ၾကာ ကုသခဲ႕ရသည္။
” က်ြန္မကေတာ့ ညာဘက္ မ်က္စိကြယ္သြားျပီ ဘယ္ဘက္မ်က္စိလည္း မွံဳ ဝါးဝါးပဲ ဘယ္မ်က္စိ မကြယ္ေအာင္ ဆက္ကုေနရတယ္ အားလုံးက်ပ္ သိန္းတစ္ရာေက်ာ္ကုန္ေနျပီ … ေဆးရံုကေတာ့ ဆင္းလာျပီ ဒါေပမဲ႕ အပတ္တိုင္း ေဆးရံုသြားျပ ေနရတုန္းပဲ … စနစ္တက် က်မကို လုပ္ၾကံတာလို႕ယူဆတယ္
က်ြန္မတို့လို မိန္းမသားေတြဒါမ်ိဳး ေနာက္ထပ္ မျဖစ္ေစခ်င္ဘူး အမႈက တရားခံကိုလည္း အျမန္ေပၚေစခ်င္တယ္ … ခုလည္းအိမ္မွာ လုံျခံဳမႈမရွိလို႕မေနရဲဘူး … ဓႏုျဖဳျမိဳ႕မွာ သြားေနတယ္ … က်မတစ္ခ်ိန္တုန္းက တိုင္ၾကားဖူးသူက လူငွားျပီး အၾကမ္းဖက္တာလို႔ပဲ က်မျမင္တယ္။
သံသယရွိသူ ေတြကိုလည္း ရဲတပ္ဖြဲ႕ကို ေျပာထားပါတယ္ ဒါေပမဲ႔ ခုထိမေပၚဘူးျဖစ္ေနတယ္” ဟု အက္ဆစ္ျဖင့္ အပက္ခံထားရ၍ မ်က္စိတဖက္ ကြယ္သြားသူ မလဲ့လဲ့ဝင္းက ေျပာသည္။
အဆိုပါ အမႈ႕ကို ပန္းတေနာ္ျမိဳ႕နယ္ျမိဳ႕မရဲစခန္းမွ မခင္ဥမၼာလင္း၏ အေဒၚျဖစ္သူမွ တရားလိုလုပ္ကာ ေအာက္တိုဘာ ၂၄ ရက္ေန႕က အမႈဖြင့္ တိုင္ၾကားမႈေၾကာင္ ့(ပ)၈၅၈/၂၀၁၉ ရာဇသတ္ျကီးပုဒ္မ ၃၂၆/၃၂၄ တို႕ျဖင့္ အမႈဖႈင့္ စစ္ေဆး ေနေၾကာင္း သိရသည္။
” က်ေနာ္ဘဒီမွာေနတာၾကာပါျပီ ဒီလိုျဖစ္စဥ္မ်ိဳး တစ္ခါမွ တသက္နဲ႕ တစ္ကိုယ္ တစ္ခါမွ မျဖစ္ဘူးပါဘူး။ အျမန္ေပၚေစခ်င္ပါတယ္ ကာယကံရွင္ ကိုယ္စားလည္း က်ြန္ေတာ္တို့လည္း အရမ္းခံစားရပါတယ္ လုပ္ၾကံတဲ့ လူေတြက ဒီအရပ္က လူေတြမျဖစ္နိုင္ဘူးလို႕ယူဆတယ္
ဒါေၾကာင့္ ေဒသတြင္း ရဲတပ္ဖြဲ႕ထက္ ျမင့္တဲ့ အထက္အဖြဲ႕က တစ္ခုခုလာျပီး စစ္ေဆးေဖာ္ထုတ္ရင္ အျမန္ေပၚနိုင္ပါတယ္ ” အေနာက္ပိုင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းလင္း ကေျပာသည္။



Source – ေရႊျမင့္ဦး( ေရႊျပည္သာ )


Unicode ဖြင့်ဖတ်ရန်


၂လကျော်ကြာမြင့်နေသည့် ပန်းတနော်မြို့မှ အမျိုးသမီး၂ ဦး အက်ဆစ်ဖြင့် အပက်ခံရသောအမှုအား အမြန်ဆုံးတရားခံ ပေါ်ပေါက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပန်းတနော်မြို့နယ်ရဲတပ်ဖွဲမှူး ရုံးမှ သိရသည်။
“ကျွန်တော်လည်း ရောက်လာတာ မကြာသေးဘူး ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျ မပြောနိုင် ကြဘူး … စုံစမ်းရတာ အခက်အခဲဖြစ်တာပေါ့ မသင်္ကကာသူတွေ နီးစပ်တဲ့ CCTV တွေ အစရှိသဖြင့် ပြန်ပြီး အသေးစိတ်စစ်ဆေးနေပါတယ် …
အမြန်ဆုံး ပေါ် ပေါက်ရေး ညွန်ကြားမှုတွေပေးထားပါတယ် ” ပန်းတနော်မြို့နယ် မြိနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇံက ဇန်နဝါရီ ၉ ရက် ကပြောသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ အနောက်ပိုင်း ရပ်ကွက် အပိုင် ၇ တွင် တစ်ရပ်ကွက်တည်း အိမ်နီးချင်း နေထိုင်သူများ ဖြစ်ကြသည့် မလဲ့လဲ့ဝင်း နှင့် ဒေါ်ခင်ဥမ္မာလင်း တို့သည် အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီချိန်က မလဲ့လဲ့ဝင်းတို့ အိမ်မှထွက်ပြီး မလဲ့လဲ့ဝင်း၏ နေအိမ်သို့အပြန် လမ်းလျှောက်လာစဉ်
အနော်ရထာလမ်းနှင့် စိတ္တသုခလမ်းထောင့်သို့ အရောက်တွင် ဆိုင်ကယ်ဖြင့် ရုတ်တရက် ရောက်ရှိလာသူ ၂ ဦး အနက် ဆိုင်ကယ် အနောက်က ထိုင်လိုက်လာသူက ကြွတ်ကြွတ်အိတ် အမဲရောင် အက်ဆစ် အထုပ်ဖြင့် ပစ်ပေါက်ခဲ့၍ နှစ်ဦးစလုံး၏ လက်မောင်း ရင်ဘတ် လည်ပင်းနှင့် မျက်နှာနေရာများ ထိမှန်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။
နှစ်ဦးစလုံး၏ အက်ဆစ်လောင်ဒဏ်ရာများ ကုသရန် ပန်းတနော် မြို့မဆေးရုံကြီးသို့ ကနဦး ပို့ဆောင် ကုသခဲ့ သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းတာကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်၍ ၂ လ ကျော်ကြာ ကုသခဲ့ရသည်။
” ကျွန်မကတော့ ညာဘက် မျက်စိကွယ်သွားပြီ ဘယ်ဘက်မျက်စိလည်း မှုံ ဝါးဝါးပဲ ဘယ်မျက်စိ မကွယ်အောင် ဆက်ကုနေရတယ် အားလုံးကျပ် သိန်းတစ်ရာကျော်ကုန်နေပြီ … ဆေးရုံကတော့ ဆင်းလာပြီ ဒါပေမဲ့ အပတ်တိုင်း ဆေးရုံသွားပြ နေရတုန်းပဲ … စနစ်တကျ ကျမကို လုပ်ကြံတာလို့ယူဆတယ်
ကျွန်မတို့လို မိန်းမသားတွေဒါမျိုး နောက်ထပ် မဖြစ်စေချင်ဘူး အမှုက တရားခံကိုလည်း အမြန်ပေါ်စေချင်တယ် … ခုလည်းအိမ်မှာ လုံခြုံမှုမရှိလို့မနေရဲဘူး … ဓနုဖြုမြို့မှာ သွားနေတယ် … ကျမတစ်ချိန်တုန်းက တိုင်ကြားဖူးသူက လူငှားပြီး အကြမ်းဖက်တာလို့ပဲ ကျမမြင်တယ်။
သံသယရှိသူ တွေကိုလည်း ရဲတပ်ဖွဲ့ကို ပြောထားပါတယ် ဒါပေမဲ့ ခုထိမပေါ်ဘူးဖြစ်နေတယ်” ဟု အက်ဆစ်ဖြင့် အပက်ခံထားရ၍ မျက်စိတဖက် ကွယ်သွားသူ မလဲ့လဲ့ဝင်းက ပြောသည်။
အဆိုပါ အမှု့ကို ပန်းတနော်မြို့နယ်မြို့မရဲစခန်းမှ မခင်ဥမ္မာလင်း၏ အဒေါ်ဖြစ်သူမှ တရားလိုလုပ်ကာ အောက်တိုဘာ ၂၄ ရက်နေ့က အမှုဖွင့် တိုင်ကြားမှုကြောင့်(ပ)၈၅၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ တို့ဖြင့် အမှုဖှုင့် စစ်ဆေး နေကြောင်း သိရသည်။
” ကျနော်ဘဒီမှာနေတာကြာပါပြီ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ တသက်နဲ့ တစ်ကိုယ် တစ်ခါမှ မဖြစ်ဘူးပါဘူး။ အမြန်ပေါ်စေချင်ပါတယ် ကာယကံရှင် ကိုယ်စားလည်း ကျွန်တော်တို့လည်း အရမ်းခံစားရပါတယ် လုပ်ကြံတဲ့ လူတွေက ဒီအရပ်က လူတွေမဖြစ်နိုင်ဘူးလို့ယူဆတယ်
ဒါကြောင့် ဒေသတွင်း ရဲတပ်ဖွဲ့ထက် မြင့်တဲ့ အထက်အဖွဲ့က တစ်ခုခုလာပြီး စစ်ဆေးဖော်ထုတ်ရင် အမြန်ပေါ်နိုင်ပါတယ် ” အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။
Source – ရွှေမြင့်ဦး( ရွှေပြည်သာ )
Credit: Vital News