Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
၄ လ တိတိအိပ်စက်ပြီးနောက် နိုးလာပြီဖြစ်တဲ့ လိပ်
လိပ်ကလေးတစ်ကောင်ဟာ ဆောင်းခိုတဲ့အနေနဲ့ ၄လအိပ်စက်ခဲ့ပြီးနောက် အခုဆို ပြန်လည်နိုးထလာပြီဖြစ်တယ်လို့ သိရပါတယ်။
သူဟာ သူ့သခင်ရဲ့ ရေခဲသေတ္တာထဲမှာ ဆောင်းခိုကာလတစ်လျောက်လုံး အိပ်စက်နေခဲ့တာဖြစ်ပါတယ်။
သခင်ဖြစ်သူဟာ သူ့ရဲ့လိပ်ကလေးကို ရေခဲသေတ္တာထဲမှာ ဘူးလေးတစ်ဘူးကို အပေါက်ဖောက်ကာ အကျအနထားထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် အပတ်တိုင်း လိပ်ကလေးကို အလေးချိန်တိုင်းပေးတယ်လို့လည်း သိရပါတယ်။
အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးထဲမှာတော့ သခင်ဖြစ်သူဟာ လေးလတာအိပ်စက်အနားယူနေတဲ့ သူ့ရဲ့လိပ်ကလေးကို နှိုးနေတာကိုတွေ့ရမှာဖြစ်ပြီး အိပ်ချင်မူးတူးနဲ့နိုးထလာတဲ့ လိပ်ရဲ့ပုံလေးကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
Writer -LLA ( Shwe Yaung Lan )
0 Comments