Zawgyi ဖြင့်ဖတ်ရန်


























Unicode ဖြင့်ဖတ်ရန်



အနာပညာအလုပ်တွေရပ်နားလိုက်တဲ့ အ‌‌ေ‌ကြာင်းအရင်းကို ပြောပြလာတဲ့ မယ်လိုဒီ

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
သရုပ်ဆောင်မယ်လိုဒီဟာ မိမိကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုကိုလည်း ဆွတ်ခူးထားနိုင်တဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်…. ခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ မယ်လိုဒီ့ကို သိပ်မတွေ့ရတော့ဘဲ ချစ်တဲ့ ခင်ပွန်း သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို လျှောက်လှမ်းနေတာတွေ့ရပါတယ်…

သရုပ်ဆောင်မယ်လိုဒီဟာ သူ့ရဲ့ သားလေး သိဒ္ဓိစစ်ကို အရမ်းချစ်သူဖြစ်ပြီးတော့ မိခင်ကောင်းတစ်ယောက်ပီသစွာ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်..ခုလိုအရမ်းချစ်ရတဲ့ သားလေးက သူ့ကို အနားကပ်မခံဘဲ အတူလာမအိပ်တာကြောင့် ဝမ်းနည်းလွန်းလို့ တစ်ညလုံးငိုခဲ့ရတာ ရင်ဘတ်တွေတောင်အောင့်တဲ့အထိ ဖြစ်ရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝမ်းနည်းစွာနဲ့ မကြာသေးမီက မျှဝေခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ သူမဟာ အနုပညာလုပ်ငန်းတွေကို ရပ်နားထားခဲ့ပါတယ်။ ယင်းကဲ့သို့ ရပ်နားထားရတဲ့ အကြောင်းအရင်းကိုလည်း ယခုလို အင်တာဗျူး တစ်ခုမှာဖြေကြားခဲ့ပါတယ်။

သူမဟာ အကယ်ဒမီ မရ ခင်ကတည်းက ရပ်နားထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ရပ်နားနေစဲဖြစ်တယ်လို့ ဆိုပါတယ်။ ဝေဖန်မှု အချို့ကို စိတ်ထဲထားမိတာကြောင့် ဒီအလုပ်တွေကို ရပ်နားခဲ့ရတဲ့ အဓိကအကြောင်းအရင်းလို့ ဆိုပါတယ်။ မယ်လိုဒီကို ချစ်တဲ့ ပရိတ်သတ်ကြီးရေ သူမရဲ့ အင်တာဗျူးလေးကို ကြည့်ရှုအားပေးကြပါဦးနော်…….။

Writer- ME(Shwe Yaung Lan)