Zawgyi ဖြင့်ဖတ်ရန်
Credit:aunty may
Unicode ဖြင့်ဖတ်ရန်
Daraအပေါ် သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ဝန်ခံခဲ့တဲ့ G-Dragon
G-Dragon နဲ့ Dara တို့ကတော့ ကုမ္ပဏီတစ်ခုတည်းရဲ့ လက်အောက်က အရမ်းကို ရင်းနှီးကြတဲ့ အနုပညာရှင်နှစ်ယောက်အဖြစ် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတို့နှစ်ယောက်နဲ့ပတ်သတ်တဲ့ အချစ်ရေးကောလဟာလတွေလည်း ထွက်လေ့ရှိပါတယ်။
၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ ကျင်းပပြုလုပ်တဲ့ G-Dragonရဲ့ ဖျော်ဖြေပွဲကိုတော့ Dara ကလည်း တက်ရောက်ခဲ့ပြီး အတူတူ လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ G-Dragon ကတော့ Dara နဲ့အတူ ဖျော်ဖြေနေစဉ်မှာပဲ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။
G-Dragon ကတော့ အနည်းငယ်ရှက်နေတဲ့ ပုံစံနဲ့ “သူက ကျွန်တော့အတွက်တော့ noona တစ်ယောက်ပါ…..။ဒါပေမဲ့…မင်းတို့သိလား သူက အခုထိ အရမ်းလှနေတုန်းပဲနော်။ အရင်တုန်းကတော့ ဒါမျိုးတစ်ခါမှမပြောခဲ့ဖူးပါဘူး။” လို့ပရိသတ်တွေအများကြီးရှေ့မှာ Daraကို ပြောခဲ့တာပါ။ သူတို့နှစ်ယောက်ကတော့ ယနေ့အချိန်အထိလည်း အခင်အမင်ဆုံး အနုပညာမောင်နှမတွေအဖြစ် ဆက်ပြီးတော့ ရှိနေဆဲပါပဲ။ Dara ရဲ့ရှေ့ကို ရောက်တိုင်း ချစ်စရာကောင်းတဲ့ ကောင်လေးအဖြစ် ပုံစံပြောင်းသွားတတ်တဲ့ G-Dragon ကို ဒီဗီဒီယိုလေးမှာ ကြည့်လိုက်ပါဦးနော်။
Credit:aunty may
0 Comments