Facebook/JamieClarke
ဒီဘက္ေခတ္လူငယ္ေတြရဲ႕ ေန႔စဥ္ဘဝထဲမွာ ဖုန္းတို႔၊အင္တာနက္တို႔ဟာ မျဖစ္မေနကို ပါဝင္လာတဲ့ အရာေတြျဖစ္ပါတယ္။မနက္အိပ္ရာႏိုးတာနဲ႔ အင္တာနက္ေလးသံုး၊ဂိမ္းေလးေဆာ့နဲ႔ စိတ္ပါရင္ တစ္ေနကုန္အိပ္ရာထဲမွာ ကုန္ဆံုးသြားေလ့ရွိတတ္ပါတယ္။မိဘေတြကလည္း ငါ့သားေလးစိတ္ခ်မ္းသာရင္ၿပီးေရာ၊ငါ့သမီးေလးစိတ္ခ်မ္းသာရင္ၿပီးေရာနဲ႔ လႊတ္ထားတတ္ၾကတာမ်ားပါတယ္။
Facebook-@JamieClarke
ဒါေပမယ့္ Jamie Clarkeဆိုတဲ့ ဖခင္တစ္ဦးကေတာ့အဲဒီလိုမဟုတ္ပါဘူး။အသက္၁၈ႏွစ္ရွိၿပီျဖစ္တဲ့ သူ႔ရဲ႕သား Khobeဟာ ေန႔စဥ္ဖုန္းတစ္လံုးနဲ႔ ဂိမ္းေဆာ့ၿပီး အခ်ိန္ကုန္ေနတာကို သတိထားမိလာေတာ့ Jamieဟာ အစီအစဥ္တစ္ခုဆြဲခဲ့ပါတယ္။အဲဒါကေတာ့ သူ႔နဲ႔အတူ သူ႔ရဲ႕သား Khobeကို မြန္ဂိုလီးယားသို႔ တစ္လေက်ာ္ၾကာေအာင္ ဆိုင္ကယ္စီးၿပီး ခရီးထြက္ဖို႔ပဲ ျဖစ္ပါတယ္။ အဲဒါစိတ္ကူးေလးဟာ Jamieမွာ ရွိေနတာ သူအသက္၅၀ျပည့္ေမြးေန႔ထဲကျဖစ္ပါတယ္။
Facebook-@JamieClarke
ဒီလိုနဲ႔ပဲ သားအဖႏွစ္ေယာက္ဟာ ၂၀၁၉ဂ်ဴလိုင္လကတည္းက ခရီးထြက္ခဲ့ၾကပါတယ္။ခရီးစဥ္တစ္ေလၽွာက္မွာ သားျဖစ္သူကို ဖုန္းလံုးဝမသံုးဖို႔ Jamieက မွာၾကားခဲ့ပါတယ္။သားျဖစ္သူကလည္း ဖခင္စကားကို နားေထာင္ၿပီး ခရီးစဥ္ေတာက္ေလၽွာက္မွာ ဖုန္းလံုးဝမသံုးပဲ သားအဖႏွစ္ဦး ေပ်ာ္ရႊင္စြာ ခရီးထြက္ခဲ့ၾကပါတယ္။
“ခရီးကအရမ္းကို ေပ်ာ္ဖို႔ေကာင္းတယ္ဗ်ာ။လမ္းမွာေတြ႕တဲ့ လူေတြအခ်င္းခ်င္းတစ္ဦးနဲ႔တစ္ဦး ရိုင္းပင္းကူညီၿပီး သြားရတာ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတယ္။လမ္းမွာဆိုင္ကယ္အျပင္ ကုလားအုတ္ပါ စီးခဲ့ရေသးတယ္ဗ်။ခရီးကျပန္လာၿပီးေနာက္ပိုင္း ဖုတ္းေတာင္သိပ္မကိုင္ျဖစ္ေတာ့ဘူးဗ်။ပြင့္ပြင့္လင္းလင္းေျပာရရင္ ကိုယ့္ကိုယ္ကို လူသားပိုဆန္လာတယ္လို႔ ခံစားရတယ္ဗ်”လို႔ BBCသတင္းဌာနသို႔ ေျပာျပခဲ့ပါတယ္။ဖခင္ျဖစ္သူ Jamieကလည္း သူ႔သားတစ္ေယာက္အခုလို ေျပာင္းလဲသြားတာကို ဝမ္းသာမဆံုးျဖစ္ေနမွာေတာ့ အမွန္ပါပဲဗ်ာ။
Pyi Hein Kyaw
Unicode
သားဖြစ်သူ ဖုန်းသုံးတာ လျော့သွားစေဖို့ အင်တာနက်မရှိတဲ့ နေရာကို ခရီးထွက်ခဲ့တဲ့ ဖခင်
Facebook/JamieClarke
ဒီဘက်ခေတ်လူငယ်တွေရဲ့ နေ့စဉ်ဘဝထဲမှာ ဖုန်းတို့၊အင်တာနက်တို့ဟာ မဖြစ်မနေကို ပါဝင်လာတဲ့ အရာတွေဖြစ်ပါတယ်။မနက်အိပ်ရာနိုးတာနဲ့ အင်တာနက်လေးသုံး၊ဂိမ်းလေးဆော့နဲ့ စိတ်ပါရင် တစ်နေကုန်အိပ်ရာထဲမှာ ကုန်ဆုံးသွားလေ့ရှိတတ်ပါတယ်။မိဘတွေကလည်း ငါ့သားလေးစိတ်ချမ်းသာရင်ပြီးရော၊ငါ့သမီးလေးစိတ်ချမ်းသာရင်ပြီးရောနဲ့ လွှတ်ထားတတ်ကြတာများပါတယ်။
Facebook-@JamieClarke
ဒါပေမယ့် Jamie Clarkeဆိုတဲ့ ဖခင်တစ်ဦးကတော့အဲဒီလိုမဟုတ်ပါဘူး။အသက်၁၈နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့သား Khobeဟာ နေ့စဉ်ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့ပြီး အချိန်ကုန်နေတာကို သတိထားမိလာတော့ Jamieဟာ အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်။အဲဒါကတော့ သူ့နဲ့အတူ သူ့ရဲ့သား Khobeကို မွန်ဂိုလီးယားသို့ တစ်လကျော်ကြာအောင် ဆိုင်ကယ်စီးပြီး ခရီးထွက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒါစိတ်ကူးလေးဟာ Jamieမှာ ရှိနေတာ သူအသက်၅ဝပြည့်မွေးနေ့ထဲကဖြစ်ပါတယ်။
Facebook-@JamieClarke
ဒီလိုနဲ့ပဲ သားအဖနှစ်ယောက်ဟာ ၂၀၁၉ဂျူလိုင်လကတည်းက ခရီးထွက်ခဲ့ကြပါတယ်။ခရီးစဉ်တစ်လျှောက်မှာ သားဖြစ်သူကို ဖုန်းလုံးဝမသုံးဖို့ Jamieက မှာကြားခဲ့ပါတယ်။သားဖြစ်သူကလည်း ဖခင်စကားကို နားထောင်ပြီး ခရီးစဉ်တောက်လျှောက်မှာ ဖုန်းလုံးဝမသုံးပဲ သားအဖနှစ်ဦး ပျော်ရွှင်စွာ ခရီးထွက်ခဲ့ကြပါတယ်။
“ခရီးကအရမ်းကို ပျော်ဖို့ကောင်းတယ်ဗျာ။လမ်းမှာတွေ့တဲ့ လူတွေအချင်းချင်းတစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီပြီး သွားရတာ တော်တော်ပျော်ဖို့ကောင်းတယ်။လမ်းမှာဆိုင်ကယ်အပြင် ကုလားအုတ်ပါ စီးခဲ့ရသေးတယ်ဗျ။ခရီးကပြန်လာပြီးနောက်ပိုင်း ဖုတ်းတောင်သိပ်မကိုင်ဖြစ်တော့ဘူးဗျ။ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ကိုယ်ကို လူသားပိုဆန်လာတယ်လို့ ခံစားရတယ်ဗျ”လို့ BBCသတင်းဌာနသို့ ပြောပြခဲ့ပါတယ်။ဖခင်ဖြစ်သူ Jamieကလည်း သူ့သားတစ်ယောက်အခုလို ပြောင်းလဲသွားတာကို ဝမ်းသာမဆုံးဖြစ်နေမှာတော့ အမှန်ပါပဲဗျာ။
Pyi Hein Kyaw
0 Comments