National Bureau of Labor Statistics အရ အေမရိိကန္ေတြဟာ ဖြံ႔ၿဖိဳးၿပီး စက္မႈႏိုင္ငံေတြထဲက ႏိုင္ငံအမ်ားစုထက္ အလုပ္ပိိုလုပ္ရတယ္လို႔ သိရပါတယ္။ အေပ်ာ္ခရီးထြက္တာမ်ိဳးေတြ နည္းတဲ့အျပင္ အလုပ္ခ်ိန္မွာလည္း အခ်ိန္ပုိၾကာၿပီး ေနာက္က်မွ ပင္စင္ယူၾကပါတယ္။ ဖင္လန္ႏိုင္ငံမွာေတာ့ ပ်မ္းမွ် အလုပ္သမားတစ္ဦးဟာဆိုရင္ ၄င္းတို႔ဘ၀ရဲ႕ နာရီေပါင္း (၉၀,၀၀၀) ကို အလုပ္လုပ္ၿပီးေတာ့ပဲ အခ်ိန္ကုန္ဆံုးၾကရပါတယ္။
ဖင္လန္ႏိုင္ငံရဲ႕ ၀န္ၾကီးခ်ဳပ္တစ္ဦးျဖစ္တဲ့ ဆန္နာမာရင္ကေတာ့ တစ္ပတ္ကို အလုပ္ (၄) ရက္သာ တက္ရၿပီး တစ္ရက္ကို အလုပ္ခ်ိန္ (၆) နာရီသာ လုပ္ရတဲ့ အလုပ္စည္းမ်ဥ္းကို အေကာင္အထည္ေဖာ္ဖို႔ ၾကိဳးစားေနတာကို abc7news မွာ ေတြ႔ရပါတယ္။ အလုပ္သမားေတြနဲ႔ ပတ္သက္လို႔ ဆြီဒင္ႏိုင္ငံကေတာ့ အရင္ကတည္းက ခြင့္ေတြ အမ်ားၾကီး ရရွိၿပီးသားပါ။ အလုပ္လုပ္ေနတဲ့ ဆီြဒင္အမ်ိဳးသမီးတိုင္းဟာဆိုရင္ မီးဖြားခြင့္အတြက္ ရက္ေပါင္း (၄၈၀) ေလာက္ ခြင့္ရရွိၾကပါတယ္။ ၀န္ထမ္းေတြအတြက္ ေပးထားတဲ့ အားလပ္ရက္ခရီးစဥ္ေတြကေတာ့ ရက္သတၱေပါင္း (၅) ပတ္အထိ ေပးထားပါတယ္။
ဆီြဒင္က အၾကံေပးအရာရွိတစ္ဦးျဖစ္တဲ့ လီဇာပီရုိစကာကေတာ့ သူမတို႔အေနနဲ႔ အေမရိကန္ေရာက္တဲ့အခါ အေမရိကန္ရဲ႕ သမရုိးက် အလုပ္ခ်ိန္ေတြနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလး စိတ္ကသိကေအာက္ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္္။ ဆြီဒင္မွာေတာ့ အလုပ္ခ်ိန္နည္းေပမယ့္ အလုပ္ေတြ ၿပီးၾကၿပီး အလုပ္တြင္ျခင္းရဲ႕ အဓိက လွ်ိဳ႕၀ွက္ခ်က္ဟာ လုပ္ငန္းခြင္မွာ ေခတၱခဏအနားယူျခင္းပါလို႔ ဆိုပါတယ္။
ပီရိုစကာက “အလုပ္ေတြ ေကာင္းေကာင္းလုပ္ႏိုင္ဖို႔က အလုပ္သမားေတြကို လံုလံုေလာက္ေလာက္ အနားယူခိုင္းမွ ျဖစ္မွာ။ အလုပ္သမားေတြ ခြန္အားျပည့္ေနတယ္ဆိုရင္ အလုပ္ကို ပိုထိထိေရာက္ေရာက္ လုပ္ႏိုင္တာေပါ့။ အလုပ္ကို တရစပ္လုပ္ေနရတာ မဟုတ္တဲ့အတြက္ စိတ္ဖိစီးမႈလည္း နည္းသြားတယ္…” လို႔ ဆိုပါတယ္။ ဒါ့အျပင္ ပီရိုစကာက ဆီြဒင္မွာ FIKA လို႔ေခၚတဲ့ ေကာ္ဖီနဲ႔ မုန္႔ break ေတြလည္း တစ္ေန႔မွာ အၾကိမ္မ်ားစြာ ရွိတယ္လို႔ ေျပာျပပါတယ္။ ဒီလို break ေလးေတြဟာ ၀န္ထမ္းအခ်င္းခ်င္းၾကားက အျပန္အလွန္ဆက္သြယ္မႈကိို အကူညီေပးတယ္လို႔လည္း သိရပါတယ္။
လင္းလင္း (ShweMom)
Unicode
တစ်ပတ်ကို အလုပ်တက်ရက် (၄) ရက်သာသတ်မှတ်ဖို့ ပြင်ဆင်နေတဲ့ ဖင်လန်
National Bureau of Labor Statistics အရ အမေရိိကန်တွေဟာ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေထဲက နိုင်ငံအများစုထက် အလုပ်ပိိုလုပ်ရတယ်လို့ သိရပါတယ်။ အပျော်ခရီးထွက်တာမျိုးတွေ နည်းတဲ့အပြင် အလုပ်ချိန်မှာလည်း အချိန်ပိုကြာပြီး နောက်ကျမှ ပင်စင်ယူကြပါတယ်။ ဖင်လန်နိုင်ငံမှာတော့ ပျမ်းမျှ အလုပ်သမားတစ်ဦးဟာဆိုရင် ၄င်းတို့ဘဝရဲ့ နာရီပေါင်း (၉၀,၀၀၀) ကို အလုပ်လုပ်ပြီးတော့ပဲ အချိန်ကုန်ဆုံးကြရပါတယ်။
ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ ဆန်နာမာရင်ကတော့ တစ်ပတ်ကို အလုပ် (၄) ရက်သာ တက်ရပြီး တစ်ရက်ကို အလုပ်ချိန် (၆) နာရီသာ လုပ်ရတဲ့ အလုပ်စည်းမျဉ်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာကို abc7news မှာ တွေ့ရပါတယ်။ အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဆွီဒင်နိုင်ငံကတော့ အရင်ကတည်းက ခွင့်တွေ အများကြီး ရရှိပြီးသားပါ။ အလုပ်လုပ်နေတဲ့ ဆွီဒင်အမျိုးသမီးတိုင်းဟာဆိုရင် မီးဖွားခွင့်အတွက် ရက်ပေါင်း (၄၈၀) လောက် ခွင့်ရရှိကြပါတယ်။ ဝန်ထမ်းတွေအတွက် ပေးထားတဲ့ အားလပ်ရက်ခရီးစဉ်တွေကတော့ ရက်သတ္တပေါင်း (၅) ပတ်အထိ ပေးထားပါတယ်။
ဆွီဒင်က အကြံပေးအရာရှိတစ်ဦးဖြစ်တဲ့ လီဇာပီရိုစကာကတော့ သူမတို့အနေနဲ့ အမေရိကန်ရောက်တဲ့အခါ အမေရိကန်ရဲ့ သမရိုးကျ အလုပ်ချိန်တွေနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ််။ ဆွီဒင်မှာတော့ အလုပ်ချိန်နည်းပေမယ့် အလုပ်တွေ ပြီးကြပြီး အလုပ်တွင်ခြင်းရဲ့ အဓိက လျှို့ဝှက်ချက်ဟာ လုပ်ငန်းခွင်မှာ ခေတ္တခဏအနားယူခြင်းပါလို့ ဆိုပါတယ်။
ပီရိုစကာက “အလုပ်တွေ ကောင်းကောင်းလုပ်နိုင်ဖို့က အလုပ်သမားတွေကို လုံလုံလောက်လောက် အနားယူခိုင်းမှ ဖြစ်မှာ။ အလုပ်သမားတွေ ခွန်အားပြည့်နေတယ်ဆိုရင် အလုပ်ကို ပိုထိထိရောက်ရောက် လုပ်နိုင်တာပေါ့။ အလုပ်ကို တရစပ်လုပ်နေရတာ မဟုတ်တဲ့အတွက် စိတ်ဖိစီးမှုလည်း နည်းသွားတယ်…” လို့ ဆိုပါတယ်။ ဒါ့အပြင် ပီရိုစကာက ဆွီဒင်မှာ FIKA လို့ခေါ်တဲ့ ကော်ဖီနဲ့ မုန့် break တွေလည်း တစ်နေ့မှာ အကြိမ်များစွာ ရှိတယ်လို့ ပြောပြပါတယ်။ ဒီလို break လေးတွေဟာ ဝန်ထမ်းအချင်းချင်းကြားက အပြန်အလှန်ဆက်သွယ်မှုကိို အကူညီပေးတယ်လို့လည်း သိရပါတယ်။
လင်းလင်း (ShweMom)
0 Comments