ေခြးကေလးေတြ ကယ္တင္ဖုိ႔၊ ေၾကာင္ကေလးေတြကုိ ကယ္တင္ဖုိ႔ဆုိတာ အိမ္ေမြးတိရစာၦန္ခ်စ္သူတုိင္း ျဖစ္ေစခ်င္တဲ့ စိတ္ဆႏၵတစ္ခုပါ။ အခုတင္ျပမယ့္ ကေလးငယ္ကေတာ့ အသက္ (၇) ႏွစ္သားေလးအေၾကာင္းျဖစ္ပါတယ္။ အသက္ ၇ ႏွစ္သားေလးဆုိေပမယ့္လုိ႔ ေခြးကေလး အေကာင္ေရ (၁,၃၀၀) ကုိ ကယ္တင္ႏိုင္ခဲ့တဲ့ ကေလးငယ္တစ္ေယာက္ပါ။
အဲဒီကေလးငယ္ေလးကေတာ့ Roman McConn လုိ႔ ေခၚပါတယ္။ သူဟာ ငယ္ငယ္ကတည္းက သူ႔အေမနဲ႔ Jenniferအတူ အိမ္ေမြးတိရစာၦန္ ေလးေတြကို ကယ္တင္ေပးတာတုိ႔၊ ေမြးစားတာတုိ႔ လုပ္ေလ့ရိွတာပါ။ ငယ္စဥ္ကတည္းကပဲ အိမ္ေမြးတိရစာၦန္ေလးေတြကို ခ်စ္တတ္ဖုိ႔အတြက္ ရင္းႏွီးေနသူတစ္ေယာက္ဆုိလည္း မမွားပါဘူး။
ProjectFreedomRide.Com
ရိုမန္ေလး ၄ႏွစ္ျပည့္ေမြးေန႔အေရာက္မွာ သူ႔ကို သူငယ္ခ်င္းေတြ၊ မိသားစုေတြ ေမြးေန႔လက္ေဆာင္ ဘာလုိခ်င္သလဲလုိ႔ ေမးတဲ့အခါ တျခားအရာေတြအစား တကၠဆက္ျပည္နယ္မွာရိွတဲ့ တိရစာၦန္ေဂဟာကို အလွဴအတန္းျပဳလုပ္ဖုိ႔ကုိပဲ ေတာင္းဆုိခဲ့ပါတယ္။အဲဒီလုိ ငယ္ငယ္ကတည္းက စိတ္ေကာင္ေလးရိွလွတဲ့ ကေလးငယ္ဟာ အခု (၇) ႏွစ္သားအေရာက္မွာေတာ့ ဘယ္သူမွ မလုိခ်င္လုိ႔ စြန္႔ပစ္ထားတဲ့ ေခြးေတြ၊ ေလလြင့္ေခြးေလး အေကာင္ (၁,၃၀၀) နဲ႔ ေၾကာင္ကေလး အေကာင္ (၄၀) ေလာက္ကို ကယ္တင္ထားႏိုင္လုိက္ပါၿပီ။
ရိုမန္ေလးဟာ မိဘေတြ၊ မိသားစုေတြ အကူအညီနဲ႔ ေခြးေလးေတြ၊ ေၾကာင္ေလးေတြကုိ စနစ္တက်နဲ႔ ကယ္တင္ခဲ့တာပါ။ အိမ္မွာ တစ္ႏိုင္တစ္ပိုင္ ကိုယ္ပိုင္ၿခံေလးနဲ႔ က်က်နန ေခြးေလ ေခြးလြင့္ေတြကို ျပဳစုပ်ိဳးေထာင္ထားၿပီး ယဥ္ပါးေအာင္လည္း လုပ္ေလ့ရိွတတ္တဲ့ ကေလးငယ္တစ္ေယာက္ပါ။ရိုမန္ေလး ကူညီကယ္ဆယ္ထားတဲ့ ေခြးေလးေတြကို ေမြးစားဖုိ႔ လာေရာက္တဲ့သူေတြလည္း မ်ားစြာလည္း ရိွပါတယ္။
သူရဲ႕ အေမျဖစ္သူကလည္း ထိခုိက္ဒဏ္ရာရထားၿပီး မသန္စြမ္းျဖစ္ေနတဲ့ တိရစာၦန္ေလးေတြကုိ ကူညီေစာင့္ေရွာက္ဖုိ႔အတြက္ အဖြဲ႕တစ္ခုကို တည္ေထာင္ထားသူတစ္ေယာက္ပါ။ ရိုမန္ေလးကေတာ့ အဲဒီအဖြဲ႕မွာ သူ႕အေမနဲ႔အတူ လုပ္အားေပးပါဝင္ေလ့ရိွပါတယ္။
Twitter/ASPCA
၂၀၁၈ ခုႏွစ္မွာေတာ့ ရိုမန္ေလးဟာ တိရစာၦန္ေလးမ်ားကို ကာကြယ္ေပးေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ASPCA အဖြဲ႕က ေပးတဲ့ Kid of the Year ဆုကို ရရိွခဲ့ပါတယ္။
Ye Yint Kyaw
Unicode
လမ်းဘေးခွေး အကောင် (၁,၃၀၀)ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ (၇) နှစ်သား ကလေးငယ်
By Zar Ni - January 8, 2020
ခွေးကလေးတွေ ကယ်တင်ဖို့၊ ကြောင်ကလေးတွေကို ကယ်တင်ဖို့ဆိုတာ အိမ်မွေးတိရစ္ဆာန်ချစ်သူတိုင်း ဖြစ်စေချင်တဲ့ စိတ်ဆန္ဒတစ်ခုပါ။ အခုတင်ပြမယ့် ကလေးငယ်ကတော့ အသက် (၇) နှစ်သားလေးအကြောင်းဖြစ်ပါတယ်။ အသက် ၇ နှစ်သားလေးဆိုပေမယ့်လို့ ခွေးကလေး အကောင်ရေ (၁,၃၀၀) ကို ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်ပါ။
အဲဒီကလေးငယ်လေးကတော့ Roman McConn လို့ ခေါ်ပါတယ်။ သူဟာ ငယ်ငယ်ကတည်းက သူ့အမေနဲ့ Jenniferအတူ အိမ်မွေးတိရစ္ဆာန် လေးတွေကို ကယ်တင်ပေးတာတို့၊ မွေးစားတာတို့ လုပ်လေ့ရှိတာပါ။ ငယ်စဉ်ကတည်းကပဲ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်ဖို့အတွက် ရင်းနှီးနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ProjectFreedomRide.Com
ရိုမန်လေး ၄နှစ်ပြည့်မွေးနေ့အရောက်မှာ သူ့ကို သူငယ်ချင်းတွေ၊ မိသားစုတွေ မွေးနေ့လက်ဆောင် ဘာလိုချင်သလဲလို့ မေးတဲ့အခါ တခြားအရာတွေအစား တက္ကဆက်ပြည်နယ်မှာရှိတဲ့ တိရစ္ဆာန်ဂေဟာကို အလှူအတန်းပြုလုပ်ဖို့ကိုပဲ တောင်းဆိုခဲ့ပါတယ်။အဲဒီလို ငယ်ငယ်ကတည်းက စိတ်ကောင်လေးရှိလှတဲ့ ကလေးငယ်ဟာ အခု (၇) နှစ်သားအရောက်မှာတော့ ဘယ်သူမှ မလိုချင်လို့ စွန့်ပစ်ထားတဲ့ ခွေးတွေ၊ လေလွင့်ခွေးလေး အကောင် (၁,၃၀၀) နဲ့ ကြောင်ကလေး အကောင် (၄၀) လောက်ကို ကယ်တင်ထားနိုင်လိုက်ပါပြီ။
ရိုမန်လေးဟာ မိဘတွေ၊ မိသားစုတွေ အကူအညီနဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို စနစ်တကျနဲ့ ကယ်တင်ခဲ့တာပါ။ အိမ်မှာ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်ခြံလေးနဲ့ ကျကျနန ခွေးလေ ခွေးလွင့်တွေကို ပြုစုပျိုးထောင်ထားပြီး ယဉ်ပါးအောင်လည်း လုပ်လေ့ရှိတတ်တဲ့ ကလေးငယ်တစ်ယောက်ပါ။ရိုမန်လေး ကူညီကယ်ဆယ်ထားတဲ့ ခွေးလေးတွေကို မွေးစားဖို့ လာရောက်တဲ့သူတွေလည်း များစွာလည်း ရှိပါတယ်။
ရိုမန်လေးဟာ အသက် (၇)နှစ်သာ ရှိနေသေးပေမယ့် သူ့ဘဝတစ်ခုလုံးကို တိရစ္ဆာန်လေးများကို ကူညီကယ်ဆယ်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားပုံရပါတယ်။ သူဟာ ခွေးကလးတွေနဲ့ ဆော့နေရရင် သိပ်ကို ပျော်ရွှင်နေတတ်ပြီး အရာအားလုံးကို မေ့သွားတတ်လို့ပါတဲ့။ ရိုမန်လေးက ခွေးလေးတွေ အပေါ်မှာ ဘယ်လောက်ချစ်တတ်သလဲဆိုရင် “ခွေးလေးတွေအတွက် အမိုးအကာဆိုတာ မလိုအပ်ပါဘူး။ သူတို့လိုအပ်တာက သူတို့အပေါ်ထားမယ့် ချစ်မေတ္တာပါ”လို့ ပြောဆိုခဲ့တာပါ။
သူရဲ့ အမေဖြစ်သူကလည်း ထိခိုက်ဒဏ်ရာရထားပြီး မသန်စွမ်းဖြစ်နေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီစောင့်ရှောက်ဖို့အတွက် အဖွဲ့တစ်ခုကို တည်ထောင်ထားသူတစ်ယောက်ပါ။ ရိုမန်လေးကတော့ အဲဒီအဖွဲ့မှာ သူ့အမေနဲ့အတူ လုပ်အားပေးပါဝင်လေ့ရှိပါတယ်။
Twitter/ASPCA
၂၀၁၈ ခုနှစ်မှာတော့ ရိုမန်လေးဟာ တိရစ္ဆာန်လေးများကို ကာကွယ်ပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ASPCA အဖွဲ့က ပေးတဲ့ Kid of the Year ဆုကို ရရှိခဲ့ပါတယ်။
Ye Yint Kyaw
0 Comments