ဇန္နဝါရီ ၉။         ။ ဇန္နဝါရီ ၈ ရက္က တီဟီရန္ၿမိဳ႕အနီးတြင္ ပ်က္က်သြားသည့္ ယူကရိန္းခရီးသည္တင္ေလယာဥ္ ဘိုးရင္း ၇၃၇ သည္ ပ်က္မက်မီ ေလဆိပ္ဘက္သို႔ ျပန္ဦးလွည့္ခဲ့ေၾကာင္း အီရန္ေလေၾကာင္းအာဏာ ပိုင္မ်ား က ထုတ္ျပန္လိုက္သည္။

“ေလယာဥ္က အစတုန္းက အေနာက္ဘက္ကို ဦးတည္ၿပီးထြက္သြားတာပါ၊ ျပႆနာ တစ္စုံတစ္ရာျဖစ္ၿပီးေတာ့ ယာဘက္ျပန္ေကြ႕ခဲ့တယ္၊ ပ်က္က်တဲ့အခ်ိန္မွာ ေလဆိပ္ဘက္ကို ျပန္ဦးလွည့္ေနခဲ့တယ္” ဟု အီရန္ေလေၾကာင္း လိုင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေလယာဥ္သည္ အျမင့္ေပ ၈၀၀၀ (၂၄၀၀ မီတာ) အေရာက္တြင္ ေရဒါမွ အဆက္အသြယ္ျပတ္ေတာက္သြားၿပီး ေလယာဥ္မႉးကလည္း မူမမွန္အေျခအေနအတြက္ အသံမက္ေဆ့ဂ်္မေပးပို႔ခဲ့ဟု ဆိုသည္။



မ်က္ျမင္သက္ေသတစ္ဦးကလည္း ေလယာဥ္က မီးအရွိန္ျပင္းျပင္းနဲ႔ေလာင္ၿပီး ပ်က္က်ခဲ့သည္ကို ျမင္လိုက္ရေၾကာင္းေျပာသည္။

အီရန္ေလေၾကာင္းလိုင္းအဖြဲ႕အစည္းသည္ ေျမျပင္ေပၚႏွင့္ ေလယာဥ္ပ်က္က်ခ်ိန္ ဘိုးရင္း ၇၃၇ အထက္တြင္ ပ်ံသန္းေနသည့္ ဒုတိယေလယာဥ္တစ္စီးေပၚမွ မ်က္ျမင္သက္ေသမ်ားကို ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ဇန္နဝါရီ ၈ ရက္က အီရန္နိုင္ငံ တီဟီရန္ၿမိဳ႕အနီးတြင္ပ်က္က်ခဲ့သည့္ ယူကရိန္း ခရီးသည္တင္ေလယာဥ္တြင္ အီရန္နိုင္ငံသား ၈၂ ဦး၊ ကေနဒါနိုင္ငံသား ၆၃ ၊ ေလယာဥ္အမႈထမ္းမ်ားအပါအဝင္ ယူကရိန္းနိုင္ငံသား ၁၁ ဦး၊ ဆြီဒင္နိုင္ငံသား ၁၀ ဦး၊ အာဖဂန္ ၄ ဦး၊ ဂ်ာမနီ ၃  ဦးႏွင့္ ၿဗိတိန္နိုင္ငံသား ၃ ဦး စုစုေပါင္း ၁၇၆ ဦးေသဆုံးခဲ့သည္။




Unicode




ယူကရိန်းလေယာဉ်ပျက်မကျမီ လေဆိပ်ဘက် ပြန်ဦးလှည့်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ




ဇန်နဝါရီ ၉။         ။ ဇန်နဝါရီ ၈ ရက်က တီဟီရန်မြို့အနီးတွင် ပျက်ကျသွားသည့် ယူကရိန်းခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၃၇ သည် ပျက်မကျမီ လေဆိပ်ဘက်သို့ ပြန်ဦးလှည့်ခဲ့ကြောင်း အီရန်လေကြောင်းအာဏာ ပိုင်များ က ထုတ်ပြန်လိုက်သည်။

“လေယာဉ်က အစတုန်းက အနောက်ဘက်ကို ဦးတည်ပြီးထွက်သွားတာပါ၊ ပြဿနာ တစ်စုံတစ်ရာဖြစ်ပြီးတော့ ယာဘက်ပြန်ကွေ့ခဲ့တယ်၊ ပျက်ကျတဲ့အချိန်မှာ လေဆိပ်ဘက်ကို ပြန်ဦးလှည့်နေခဲ့တယ်” ဟု အီရန်လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်သည် အမြင့်ပေ ၈၀၀၀ (၂၄၀၀ မီတာ) အရောက်တွင် ရေဒါမှ အဆက်အသွယ်ပြတ်တောက်သွားပြီး လေယာဉ်မှူးကလည်း မူမမှန်အခြေအနေအတွက် အသံမက်ဆေ့ဂျ်မပေးပို့ခဲ့ဟု ဆိုသည်။



မျက်မြင်သက်သေတစ်ဦးကလည်း လေယာဉ်က မီးအရှိန်ပြင်းပြင်းနဲ့လောင်ပြီး ပျက်ကျခဲ့သည်ကို မြင်လိုက်ရကြောင်းပြောသည်။

အီရန်လေကြောင်းလိုင်းအဖွဲ့အစည်းသည် မြေပြင်ပေါ်နှင့် လေယာဉ်ပျက်ကျချိန် ဘိုးရင်း ၇၃၇ အထက်တွင် ပျံသန်းနေသည့် ဒုတိယလေယာဉ်တစ်စီးပေါ်မှ မျက်မြင်သက်သေများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့အနီးတွင်ပျက်ကျခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်တွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ၊ လေယာဉ်အမှုထမ်းများအပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂန် ၄ ဦး၊ ဂျာမနီ ၃  ဦးနှင့် ဗြိတိန်နိုင်ငံသား ၃ ဦး စုစုပေါင်း ၁၇၆ ဦးသေဆုံးခဲ့သည်။