ရန္ကုန္၊ ဇန္နဝါရီ ၉ ရက္။ ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံပါ က်ပ္ ၁၀၀၀ တန္ ထုတ္ၿပီးေနာက္ပိုင္း ကရင္ျပည္နယ္၊ ျမဝတီ-မဲေဆာက္ နယ္စပ္တြင္ ထိုင္းဘတ္ေငြ ေဈးႏႈန္း အနည္းအငယ္ ေျပာင္းလဲမႈ ရွိခဲ့သည္ဟု ကရင္ ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးေဌးက ေျပာသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံပါ ေငြက်ပ္ ၁၀၀၀ တန္ကို ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီ ၇ ရက္၌ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ေဝ ျဖန႔္ခ်ိခဲ့သည္။
ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးေဌးက "ကၽြန္ေတာ္တို႔ နိုင္ငံက ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ေငြစကၠဴမရွိတာ ၾကာၿပီေလ၊ အခုမွ ျပန္ေပၚလာၿပီးဆိုေတာ့ တဖက္နိုင္ငံ ထိုင္းက ေလးစားသြားတာေပါ့။ စီးပြားေရးသမားေတြက အဲဒီပုံကို ေတြ႕ၿပီးေတာ့ ဘတ္ေဈးႏႈန္းလည္း အနည္းအငယ္ ေျပာင္းလဲမႈရွိသြားတယ္" ဟု ေျပာသည္။
ပုံ - EPA ျမဝတီ-မဲေဆာက္ နယ္စပ္ဂိတ္ေပါက္ကို ေတြ႕ရစဥ္။
ျမဝတီၿမိဳ႕တြင္ ကုန္ေရာင္း ကုန္ဝယ္လုပ္ကိုင္ေနသူ ကိုထက္ေအာင္ကိုက အီရန္ႏွင့္ အေမရိကန္၏ စစ္ေရး တင္းမာ မႈေၾကာင့္ ဘတ္ေငြေဈႏႈန္း အတက္အက် ျဖစ္ျခင္း ျဖစ္နိုင္သည္ဟု ဆိုသည္။
“ အီရန္နဲ႔ အေမရိကန္ စစ္ျဖစ္မယ္ဆိုေတာ့ မေန႔ညေနက ျမန္မာေငြ ၁၀၀ က်ပ္ကို ဘတ္ေငြ ၂ ဘတ္ နဲ႔ ၉ ျပားခြဲ ရွိတယ္။ စစ္မျဖစ္ေတာ့ဘူး အေနအထားေရာက္ေတာ့ ၂ ဘတ္နဲ႔ ၈ ျပား ျဖစ္သြားတယ္။ တစ္ျပားခြဲ ျပန္တက္လာတယ္” ဟု ၎က ေျပာသည္။
ျမဝတီၿမိဳ႕တြင္ ဇန္နဝါရီ ၈ ရက္က ေငြလဲႏႈန္းသည္ ၁ ဘတ္လၽွင္ ျမန္မာေငြ ၄၇ က်ပ္ျဖစ္ၿပီး ယေန႔ (ဇန္နဝါရီ ၉ ရက္)တြင္ ေငြလဲႏႈန္းမွာ ၄၈ က်ပ္ျဖစ္ သြားေၾကာင္း သိရသည္။
အဆိုပါ ထိုင္း ဘတ္ေငြေဈးႏႈန္း အေျပာင္းအလဲသည္ ဒီဇင္ဘာ ၂၅ ရက္ေန႔ ေနာက္ပိုင္းက စတင္ ျဖစ္ပြားခဲ့ရာ ဇန္နဝါရီ ၉ ရက္မွာေတာ့ ျပန္လည္ တက္လာေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက ေျပာသည္။
Unicode
ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀၀ တန် ထုတ်ပြီးနောက်ပိုင်း ဘတ်ငွေဈေးနှုန်း အနည်းအငယ် ပြောင်းလဲမှုရှိ
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက်။ ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ကျပ် ၁၀၀၀ တန် ထုတ်ပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ မြဝတီ-မဲဆောက် နယ်စပ်တွင် ထိုင်းဘတ်ငွေ ဈေးနှုန်း အနည်းအငယ် ပြောင်းလဲမှု ရှိခဲ့သည်ဟု ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေကျပ် ၁၀၀၀ တန်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ ဖြန့်ချိခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက "ကျွန်တော်တို့ နိုင်ငံက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူမရှိတာ ကြာပြီလေ၊ အခုမှ ပြန်ပေါ်လာပြီးဆိုတော့ တဖက်နိုင်ငံ ထိုင်းက လေးစားသွားတာပေါ့။ စီးပွားရေးသမားတွေက အဲဒီပုံကို တွေ့ပြီးတော့ ဘတ်ဈေးနှုန်းလည်း အနည်းအငယ် ပြောင်းလဲမှုရှိသွားတယ်" ဟု ပြောသည်။
ပုံ - EPA မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ပေါက်ကို တွေ့ရစဉ်။
မြဝတီမြို့တွင် ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ ကိုထက်အောင်ကိုက အီရန်နှင့် အမေရိကန်၏ စစ်ရေး တင်းမာ မှုကြောင့် ဘတ်ငွေဈေနှုန်း အတက်အကျ ဖြစ်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
“ အီရန်နဲ့ အမေရိကန် စစ်ဖြစ်မယ်ဆိုတော့ မနေ့ညနေက မြန်မာငွေ ၁၀၀ ကျပ်ကို ဘတ်ငွေ ၂ ဘတ် နဲ့ ၉ ပြားခွဲ ရှိတယ်။ စစ်မဖြစ်တော့ဘူး အနေအထားရောက်တော့ ၂ ဘတ်နဲ့ ၈ ပြား ဖြစ်သွားတယ်။ တစ်ပြားခွဲ ပြန်တက်လာတယ်” ဟု ၎င်းက ပြောသည်။
မြဝတီမြို့တွင် ဇန်နဝါရီ ၈ ရက်က ငွေလဲနှုန်းသည် ၁ ဘတ်လျှင် မြန်မာငွေ ၄၇ ကျပ်ဖြစ်ပြီး ယနေ့ (ဇန်နဝါရီ ၉ ရက်)တွင် ငွေလဲနှုန်းမှာ ၄၈ ကျပ်ဖြစ် သွားကြောင်း သိရသည်။
အဆိုပါ ထိုင်း ဘတ်ငွေဈေးနှုန်း အပြောင်းအလဲသည် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်းက စတင် ဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၉ ရက်မှာတော့ ပြန်လည် တက်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။
0 Comments