ဇန္နဝါရီ ၉  ။                ။ ၿဗိတိန္ ေတာ္ဝင္မိသားစု၏ အေရးပါဆုံး အဆင့္ျမင့္ အဖြဲ႕ဝင္မ်ားအျဖစ္ ရွင္ေနေတာ့မည္မဟုတ္ဘဲ ေနာက္ဆုတ္လိုက္ၿပီျဖစ္ေၾကာင္း မင္းသား ဟယ္ရီႏွင့္ ဇနီးသည္ မီဂန္ တို႔ ဇန္နဝါရီ ၈ ရက္တြင္ ဆိုင္းမဆင့္ ဘုံမဆင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

ေတာ္ဝင္ မိသားစု၏ ေရွ႕တန္းေနရာတြင္ ရွိေနရမည့္ အဖြဲ႕ဝင္မ်ားအျဖစ္ ဆက္ရွိေနေတာ့မည္မဟုတ္ ဆိုသည့္ မင္းသား ဟယ္ရီ တို႔ ဇနီးေမာင္ႏွံ၏ ေၾကညာခ်က္က ၿဗိတိန္ ေတာ္ဝင္မိသားစုတစ္ခုလုံးကို အံ့အားသင့္ေစခဲ့သည္။

၎တို႔ အေနျဖင့္ ယူေကႏွင့္ ေျမာက္အေမရိက တို႔တြင္ တလွည့္စီ ေနထိုင္ရန္ ရွိေနေၾကာင္း ထုတ္ျပန္ေၾကညာသြားခဲ့သည္။



သတင္းမီဒီယာ ေဖာ္ျပခ်က္မ်ားအရ ဆပ္ဆက္စ္ ၿမိဳ႕စားႏွင့္ ၿမိဳ႕စားကေတာ္တို႔သည္ ယခု ေၾကညာခ်က္ကို မထုတ္ခင္ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘတ္ ႏွင့္ မင္းသားႀကီးခ်ားလ္တို႔ပင္ ႀကိဳတင္တိုင္ပင္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဟယ္ရီ ေမာင္ႏွံ၏ ဆိုင္းမဆင့္ဘုံမဆင့္ ေၾကညာခ်က္ေၾကာင့္ ဘက္ကင္ဟမ္ နန္းေတာ္တြင္လည္း စိတ္ပ်က္ဝမ္းနည္းမႈမ်ား ရွိေနေၾကာင္း သိရသည္။

မင္းသား ဟယ္ရီ ႏွင့္ ဇနီး မီဂန္ တို႔သည္ မီဒီယာ၏ မ်က္စိေဒါက္ေထာက္ ၾကည့္ခံရမႈေၾကာင့္ ႐ုန္းကန္ေနခဲ့ရေၾကာင္း ယမန္ႏွစ္ ေအာက္တိုဘာလကတည္းက လူသိရွင္ၾကားထုတ္ေဖာ္ထားခဲ့ၾကသည္။



Unicode




မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန်တို့ ဗြိတိန်တော်ဝင်မိသားစု အဆင့်မြင့်အဖွဲ့ဝင်များအဖြစ်ကနေ နောက်ဆုတ်ထွက်ခွာ

ဇန်နဝါရီ ၉  ။                ။ ဗြိတိန် တော်ဝင်မိသားစု၏ အရေးပါဆုံး အဆင့်မြင့် အဖွဲ့ဝင်များအဖြစ် ရှင်နေတော့မည်မဟုတ်ဘဲ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန် တို့ ဇန်နဝါရီ ၈ ရက်တွင် ဆိုင်းမဆင့် ဘုံမဆင့် ထုတ်ပြန်ကြေညာလိုက်သည်။

တော်ဝင် မိသားစု၏ ရှေ့တန်းနေရာတွင် ရှိနေရမည့် အဖွဲ့ဝင်များအဖြစ် ဆက်ရှိနေတော့မည်မဟုတ် ဆိုသည့် မင်းသား ဟယ်ရီ တို့ ဇနီးမောင်နှံ၏ ကြေညာချက်က ဗြိတိန် တော်ဝင်မိသားစုတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။

၎င်းတို့ အနေဖြင့် ယူကေနှင့် မြောက်အမေရိက တို့တွင် တလှည့်စီ နေထိုင်ရန် ရှိနေကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။



သတင်းမီဒီယာ ဖော်ပြချက်များအရ ဆပ်ဆက်စ် မြို့စားနှင့် မြို့စားကတော်တို့သည် ယခု ကြေညာချက်ကို မထုတ်ခင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် နှင့် မင်းသားကြီးချားလ်တို့ပင် ကြိုတင်တိုင်ပင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဟယ်ရီ မောင်နှံ၏ ဆိုင်းမဆင့်ဘုံမဆင့် ကြေညာချက်ကြောင့် ဘက်ကင်ဟမ် နန်းတော်တွင်လည်း စိတ်ပျက်ဝမ်းနည်းမှုများ ရှိနေကြောင်း သိရသည်။

မင်းသား ဟယ်ရီ နှင့် ဇနီး မီဂန် တို့သည် မီဒီယာ၏ မျက်စိဒေါက်ထောက် ကြည့်ခံရမှုကြောင့် ရုန်းကန်နေခဲ့ရကြောင်း ယမန်နှစ် အောက်တိုဘာလကတည်းက လူသိရှင်ကြားထုတ်ဖော်ထားခဲ့ကြသည်။