မေန႔က စပိန္စူပါဖလား ဖိုင္နယ္ပြဲစဥ္ကို  မက္ဒရစ္ဒါဘီႏွစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ အက္သလက္တီကိုအသင္းတို႔ဟာ ေဆာ္ဒီနိုင္ငံ King Abdullah ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး  ရီးရဲလ္အသင္းက ေနာက္ဆုံးပင္နယ္တီအဆုံးအျဖတ္မွာ ၄-၁ ျဖင့္ အနိုင္ရကာ ဗိုလ္စြဲနိုင္ခဲ့ပါတယ္။

အဆိုပါပြဲတြင္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗလင္စီယာအသင္းနဲ႔ကစားခဲ့တဲ့ လူစာရင္းအတိုင္း အေျပာင္းအလဲမလုပ္ခဲ့ဘဲ လူစာရင္းထုတ္ခဲ့ၿပီး အက္သလက္တီကိုအသင္းလည္း ဘာစီလိုနာအသင္းကို အနိုင္ရရွိခဲ့တဲ့ လူစာရင္းမွာ ဆာဗစ္ေနရာမွာ ဟီမီနက္ဇ္ကို ေျပာင္းလဲအသုံးျပဳခဲ့ပါတယ္။



ႏွစ္ဖက္အသင္းစလုံးဟာ အႀကိတ္အနယ္ အၿပိဳင္အဆိုင္ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ဂိုးကန္သြင္းခြင့္ေတြ အႀကိမ္ႀကိမ္ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ဖက္အသင္းစလုံးရဲ့ ဂိုးသမားေတြျဖစ္တဲ့ အိုဘလက္ခ္ နဲ႔ ေကာ္တိုရစ္ ကာကြယ္နိုင္ခဲ့တာေၾကာင့္ ပြဲၿပီးဆုံးခ်ိန္ မိနစ္ (၉၀) အထိ ဂိုးမရွိသ​ေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။



အခ်ိန္ပိုဆက္ကစားရာမွာ ပြဲခ်ိန္ ၁၁၅ မိနစ္တြင္ အက္သလက္တီကိုအသင္းအတြက္ ေသခ်ာေပါက္ ဂိုးရနိုင္ေခ်ရွိတဲ့ အခြင့္အေရးတစ္ႀကိမ္ရရွိခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းက ဂိုးရရွိဖို႔ ဖိအားေပးေနစဥ္မွာ အက္သလက္တီကိုအသင္းက ေကာင္တာျပန္ကစားခြင့္ရရွိခဲ့ၿပီး မိုရာတာ တစ္ေယာက္ထဲ ေျပးထြက္ခ်ိန္မွာ ရီးရဲလ္ကြင္းလယ္လူ ဗယ္ဗာဒီက ေျခထိုးျဖတ္ခဲ့တာေၾကာင့္ အက္သလက္တီကိုအသင္း ဂိုးရရွိဖို႔ နစ္နာခဲ့ရခဲ့ပါတယ္။ ျပစ္ဒဏ္ေဘာ က်ဴးလြန္ခဲ့တဲ့ ဗယ္ဗာဒီလည္း တိုက္ရိုက္အနီကဒ္ျဖင့္ ထုတ္ပယ္ခံခဲ့ရပါတယ္။



လက္က်န္မိနစ္တြင္ အက္သလက္တီကိုအသင္းက တစ္ေယာက္အသာနဲ႔ ကစားခြင့္ရခဲ့ေပမယ့္ ရီးရဲလ္အသင္းက အေကာင္းဆုံး ထိန္းခ်ဳပ္သြားနိုင္ခဲ့ကာ ပင္နတီအဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။ ပင္နယ္တီအဆုံးအျဖတ္မွာ ရီးရဲလ္အသင္းက ၄ ဂိုးစလုံးကို ဂိုးအျဖစ္ေျပာင္းလဲနိုင္ခဲ့ၿပီး အက္သလက္တီကို အသင္းက ထရစ္ပီယာတစ္ဦးတည္းသာ ဂိုးဝင္ခဲ့ၿပီး ဆာအူလ္ရဲ့ ကန္ခ်က္က တိုင္ထိထြက္ခဲ့သလို၊ ပါေတးရဲ့ ကန္ခ်က္ကို လည္း ေကာ္တိုအာက ပုတ္ထုတ္ကာကြယ္ခဲ့ပါတယ္။



ပြဲစဥ္ရဲ့အေကာင္းဆုံး ကစားသမားဆုကိုေတာ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဗယ္ဗာဒီက ရရွိခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနည္းၿပ ဇီဒန္းဟာ သူရဲ့နည္းျပဘဝမွာ ဖလားလုပြဲ (၉) ႀကိမ္ကစားခြင့္ရရွိခဲ့ၿပီး (၉) ႀကိမ္စလုံး ဖလားရရွိအာင္စြမ္းေဆာင္နိုင္ခဲ့ပါတယ္။


Unicode




အက်သလက်တီကိုအသင်းကို အနိုင်ယူပြီး စပိန်စူပါဖလားကိုဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်








မနေ့က စပိန်စူပါဖလား ဖိုင်နယ်ပွဲစဉ်ကို  မက်ဒရစ်ဒါဘီနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကိုအသင်းတို့ဟာ ဆော်ဒီနိုင်ငံ King Abdullah ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး  ရီးရဲလ်အသင်းက နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ ဖြင့် အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
အဆိုပါပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းနဲ့ကစားခဲ့တဲ့ လူစာရင်းအတိုင်း အပြောင်းအလဲမလုပ်ခဲ့ဘဲ လူစာရင်းထုတ်ခဲ့ပြီး အက်သလက်တီကိုအသင်းလည်း ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့တဲ့ လူစာရင်းမှာ ဆာဗစ်နေရာမှာ ဟီမီနက်ဇ်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
နှစ်ဖက်အသင်းစလုံးဟာ အကြိတ်အနယ် အပြိုင်အဆိုင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးကန်သွင်းခွင့်တွေ အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်အသင်းစလုံးရဲ့ ဂိုးသမားတွေဖြစ်တဲ့ အိုဘလက်ခ် နဲ့ ကော်တိုရစ် ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန် မိနစ် (၉၀) အထိ ဂိုးမရှိသ​ရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
အချိန်ပိုဆက်ကစားရာမှာ ပွဲချိန် ၁၁၅ မိနစ်တွင် အက်သလက်တီကိုအသင်းအတွက် သေချာပေါက် ဂိုးရနိုင်ချေရှိတဲ့ အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးရရှိဖို့ ဖိအားပေးနေစဉ်မှာ အက်သလက်တီကိုအသင်းက ကောင်တာပြန်ကစားခွင့်ရရှိခဲ့ပြီး မိုရာတာ တစ်ယောက်ထဲ ပြေးထွက်ချိန်မှာ ရီးရဲလ်ကွင်းလယ်လူ ဗယ်ဗာဒီက ခြေထိုးဖြတ်ခဲ့တာကြောင့် အက်သလက်တီကိုအသင်း ဂိုးရရှိဖို့ နစ်နာခဲ့ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တဲ့ ဗယ်ဗာဒီလည်း တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ကျန်မိနစ်တွင် အက်သလက်တီကိုအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် ရီးရဲလ်အသင်းက အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ကာ ပင်နတီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ရီးရဲလ်အသင်းက ၄ ဂိုးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး အက်သလက်တီကို အသင်းက ထရစ်ပီယာတစ်ဦးတည်းသာ ဂိုးဝင်ခဲ့ပြီး ဆာအူလ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို၊ ပါတေးရဲ့ ကန်ချက်ကို လည်း ကော်တိုအာက ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။
ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဗယ်ဗာဒီက ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ သူရဲ့နည်းပြဘဝမှာ ဖလားလုပွဲ (၉) ကြိမ်ကစားခွင့်ရရှိခဲ့ပြီး (၉) ကြိမ်စလုံး ဖလားရရှိအာင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။