
သဇင္ထူးျမင့္ကေတာ့ ခ်စ္သူထားရင္ေတာင္မွ အိမ္ထဲမွာေနၿပီး ေရခဲတုံးလို ေကာင္ေလးမ်ိဳးကိုပဲ ထားမယ္လို႔ ေျပာပါတယ္။ သူမရဲ႕ အခ်စ္ေရးကိုလည္း မိသားစုေတြနဲ႔ ပြင့္ပြင့္လင္းလင္းတိုင္ပင္ျဖစ္ပါတယ္တဲ့။ သဇင္ထူးျမင့္ကေတာ့ မိဘေတြအတြက္ တကယ္ကို သမီးလိမၼာေလး တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ကိုယ့္ကို စိတ္ဝင္စားေနတဲ့သူ ရွိရင္ေတာင္ မိသားစုကို ပြင့္ပြင့္လင္းလင္း တိုင္ပင္တယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။
“ ရည္းစားမထားဘူးေလ။ အလုပ္လုပ္ဦးမယ္။ အိမ္မွာက ဘယ္အရာမဆိုအပြင့္လင္းဆုံးေျပာတယ္။ မလွ်ိဳ႕ဝွက္ထားဘူး။ ဘယ္သူ ကိုယ့္ကို လာႀကိဳက္ေနပါတယ္ဆိုတာကအစ အကုန္ေျပာျပထားတာ။ ေဖေဖ တို႔က အရင္တုန္းကဆိုရင္ အျပင္ေတြဘာေတြ သိပ္မသြားဘူး။ အခုက်ေတာ့ အခန္းထဲကေတာင္ မထြက္ေတာ့လို အျပင္ထြက္လို႔ေတာင္ ေတာ္ေတာ္ေျပာယူရတယ္” လို႔ ဆိုပါတယ္။
သဇင္ထူးျမင့္ကေတာ့ လက္ရွိမွာ အခ်စ္ေရးထက္ အႏုပညာအလုပ္ေတြကို ပိုၿပီးလုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။ သူမဟာ မိသားစုဝင္ေတြရဲ႕ အခ်စ္သာမက ပရိသတ္မ်ားစြာတို႔ရဲ႕ အခ်စ္ကိုလည္း ပိုင္ဆိုင္ထားသူပါ။ ဒါေၾကာင့္ သူမ ေ႐ြးခ်ယ္မယ့္ ခ်စ္သူေကာင္ေလးမ်ိဳးကေတာ့ ေရခဲတုံးလို ျဖစ္မွ ရမယ္လို႔ ဆိုပါတယ္။
“ ေအးေအးေဆးေဆး ေနတတ္တဲ့လူကိုပဲ ရည္းစားထားမွာ။ အိမ္ထဲမွာေနတဲ့သူကိုပဲ ထားမွာ။ စိတ္ပူတာေတြ မလုပ္ခ်င္လို႔။ ဘာအာ႐ုံမွ မရွိပဲ အေနေအးၿပီးေတာ့ ေရခဲတုံးလို လူမ်ိဳးေပါ့” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃၁ ရက္ေန႔မနက္က သူမရဲ႕ ေမြးေန႔ အလႉမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။
သဇင္ထူးျမင့္ဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ အႏုပညာအလုပ္ေတြ ပိုလုပ္လာခဲ့တာကို ေတြ႕ရပါတယ္။ သူမအတြက္ေတာ့ အေျပာင္းအလဲေတြ ရွိခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါပဲတဲ့။ “၂၀၁၉က ေတာ္ေတာ္မ်ားမ်ားေတာ့ မေကာင္းတဲ့ႏွစ္ဆိုၿပီးေတာ့ ေျပာၾကတယ္။ ဒါေပမယ့္ အလုပ္နဲ႔ပတ္သက္ရင္ေတာ့ ေကာင္းတယ္။ အရမ္းကို မထင္မွတ္ထားတဲ့ အေျပာင္းအလဲေလးျဖစ္သြားတယ္ေပါ့ေနာ္။ ၂၀၂၀ မွာေတာ့ လူႀကီးဆန္သင့္ၿပီေပါ့ေနာ္။ တစ္ေယာက္တည္းလည္း မေနခ်င္ဘူး။ အေတြးမ်ားတယ္ေလ။ အဲဒီေတာ့ မိဘေတြအနားနဲ႔ သူငယ္ခ်င္းေတြ အနားမွာေနၿပီး အခ်ိန္ေတြကုန္ခ်င္တယ္” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။
သဇင္ထူးျမင့္ကေတာ့ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ခင္လႈိင္ရဲ႕ သမီးအငယ္ဆုံးေလး၊ သ႐ုပ္ေဆာင္ ေနရဲရဲ႕ ညီမအငယ္ဆုံးေလးတစ္ေယာက္ပါ။ ပညာေရးမွာလည္း ထူးခြၽန္သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း အေကာင္းဆုံးႀကိဳးစားေနတာ ေတြ႕ရပါတယ္။ တက္သစ္စ လူငယ္အႏုပညာရွင္ေတြထဲမွာ သဇင္ထူးျမင့္ကလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္လာတဲ့ လူငယ္ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။
ဆယ္လီရပ္ကြက္
Unicode
ရည်းစားမထားဘူး အလုပ်လုပ်ဦးမှာဆိုတဲ့ သဇင်ထူးမြင့်
သဇင်ထူးမြင့်ကတော့ ချစ်သူထားရင်တောင်မှ အိမ်ထဲမှာနေပြီး ရေခဲတုံးလို ကောင်လေးမျိုးကိုပဲ ထားမယ်လို့ ပြောပါတယ်။ သူမရဲ့ အချစ်ရေးကိုလည်း မိသားစုတွေနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖြစ်ပါတယ်တဲ့။ သဇင်ထူးမြင့်ကတော့ မိဘတွေအတွက် တကယ်ကို သမီးလိမ္မာလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ ရှိရင်တောင် မိသားစုကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ ရည်းစားမထားဘူးလေ။ အလုပ်လုပ်ဦးမယ်။ အိမ်မှာက ဘယ်အရာမဆိုအပွင့်လင်းဆုံးပြောတယ်။ မလျှို့ဝှက်ထားဘူး။ ဘယ်သူ ကိုယ့်ကို လာကြိုက်နေပါတယ်ဆိုတာကအစ အကုန်ပြောပြထားတာ။ ဖေဖေ တို့က အရင်တုန်းကဆိုရင် အပြင်တွေဘာတွေ သိပ်မသွားဘူး။ အခုကျတော့ အခန်းထဲကတောင် မထွက်တော့လို အပြင်ထွက်လို့တောင် တော်တော်ပြောယူရတယ်” လို့ ဆိုပါတယ်။
သဇင်ထူးမြင့်ကတော့ လက်ရှိမှာ အချစ်ရေးထက် အနုပညာအလုပ်တွေကို ပိုပြီးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူမဟာ မိသားစုဝင်တွေရဲ့ အချစ်သာမက ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒါကြောင့် သူမ ရွေးချယ်မယ့် ချစ်သူကောင်လေးမျိုးကတော့ ရေခဲတုံးလို ဖြစ်မှ ရမယ်လို့ ဆိုပါတယ်။
“ အေးအေးဆေးဆေး နေတတ်တဲ့လူကိုပဲ ရည်းစားထားမှာ။ အိမ်ထဲမှာနေတဲ့သူကိုပဲ ထားမှာ။ စိတ်ပူတာတွေ မလုပ်ချင်လို့။ ဘာအာရုံမှ မရှိပဲ အနေအေးပြီးတော့ ရေခဲတုံးလို လူမျိုးပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့မနက်က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
သဇင်ထူးမြင့်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ အနုပညာအလုပ်တွေ ပိုလုပ်လာခဲ့တာကို တွေ့ရပါတယ်။ သူမအတွက်တော့ အပြောင်းအလဲတွေ ရှိခဲ့တဲ့ နှစ်တစ်နှစ်ပါပဲတဲ့။ “၂၀၁၉က တော်တော်များများတော့ မကောင်းတဲ့နှစ်ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမယ့် အလုပ်နဲ့ပတ်သက်ရင်တော့ ကောင်းတယ်။ အရမ်းကို မထင်မှတ်ထားတဲ့ အပြောင်းအလဲလေးဖြစ်သွားတယ်ပေါ့နော်။ ၂၀၂၀ မှာတော့ လူကြီးဆန်သင့်ပြီပေါ့နော်။ တစ်ယောက်တည်းလည်း မနေချင်ဘူး။ အတွေးများတယ်လေ။ အဲဒီတော့ မိဘတွေအနားနဲ့ သူငယ်ချင်းတွေ အနားမှာနေပြီး အချိန်တွေကုန်ချင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်
0 Comments