
၂၀၁၉ ခုႏွစ္အတြင္း ခရီးသြားဦးေရ သိသိသာသာ တိုးတက္လာေသာ္လည္း ဝင္ေငြမွာနည္းသြားေၾကာင္း ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

ယင္းသို႔ျဖစ္ရျခင္းမွာ ျပည္တြင္းသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားမ်ားသည္ ပ်မ္းမွ်ေနထိုင္မႈ ရက္ထက္တိုသြားၿပီး သံုးစြဲ သည့္ ဝင္ေငြမွာလည္း နည္းသြားသည့္အတြက္ ခရီးသြားလုပ္ငန္းဝင္ေငြမွာ နည္းလာေၾကာင္း သိရသည္။ “ ေလာေလာဆယ္ခရီးသြားဦးေရက ဒီေလာက္ထိေတာင္ တက္လာမယ္လို႔ မေမွ်ာ္မွန္းထားဘူးေလ။ ဒါေပမဲ့ အေရွ႕တိုင္းက တက္လာတဲ့ တရုတ္ခရီးသြားေတြနဲ႔ ဂ်ပန္ခရီးသြားေတြေပါ့။ ခရီးသြားေတြ တိုးတက္လာတဲ့အေပၚ မူတည္ၿပီးေတာ့ ခရီးသြားဦးေရ က တစ္ႏွစ္တာအတြက္ဦးေရတက္လာတယ္။ ခန္႔မွန္းတာထက္ပိုမ်ားတယ္။ ခရီးသြားလုပ္ငန္းဝင္ေငြအေနနဲ႔ဆိုရင္ နည္းလာ တယ္။ နည္းလာတယ္ဆိုတာက ႏိုင္ငံထဲမွာသြားတဲ့ခရီးသြားေတြ ပ်မ္းမွ်ေနထိုင္မႈ ရက္ကတိုသြားတယ္။ သူတို႔သံုးတဲ့ ဝင္ေငြက လည္း နည္းသြားတယ္။ ခရီးသြားလုပ္ငန္းေတြနဲ႔ပတ္သက္တဲ့ ဝင္ေငြကေတာ့ နည္းသြားတယ္”ဟု ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္း ရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

၂၀၁၉ ခုႏွစ္အတြင္း ခရီးသြားဦးေရ သံုးသန္းခြဲမွန္းထားေသာ္လည္း ေလးသန္းနီးပါးရွိမည္ဟု ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။လက္ရွိတြင္ ဗီဇာေျဖေလွ်ာ့ေပးထားေသာ္လည္း အေနာက္ခရီးသြားဦးေရ က်ဆင္းေနေသာ္လည္း ၂၀၂၀ – ၂၀၂၁ ကာလအ တြင္း ဝင္ေငြမ်ားမ်ားသံုးၿပီး ရက္ရွည္ေနထိုင္သည့္ အေနာက္ခရီးသြားမ်ား တိုးလာႏိုင္ေၾကာင္းလည္း သိရသည္။
အကုန္သိ
Unicode
၂၀၁၉ ခုနှစ်အတွင်း ခရီးသွားဦးရေ သိသိသာသာ တိုးတက်လာသော်လည်း ဝင်ငွေမှာနည်းသွားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
Image may contain: sky, cloud, tree, outdoor and nature
ယင်းသို့ဖြစ်ရခြင်းမှာ ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများသည် ပျမ်းမျှနေထိုင်မှု ရက်ထက်တိုသွားပြီး သုံးစွဲ သည့် ဝင်ငွေမှာလည်း နည်းသွားသည့်အတွက် ခရီးသွားလုပ်ငန်းဝင်ငွေမှာ နည်းလာကြောင်း သိရသည်။ “ လောလောဆယ်ခရီးသွားဦးရေက ဒီလောက်ထိတောင် တက်လာမယ်လို့ မမျှော်မှန်းထားဘူးလေ။ ဒါပေမဲ့ အရှေ့တိုင်းက တက်လာတဲ့ တရုတ်ခရီးသွားတွေနဲ့ ဂျပန်ခရီးသွားတွေပေါ့။ ခရီးသွားတွေ တိုးတက်လာတဲ့အပေါ် မူတည်ပြီးတော့ ခရီးသွားဦးရေ က တစ်နှစ်တာအတွက်ဦးရေတက်လာတယ်။ ခန့်မှန်းတာထက်ပိုများတယ်။ ခရီးသွားလုပ်ငန်းဝင်ငွေအနေနဲ့ဆိုရင် နည်းလာ တယ်။ နည်းလာတယ်ဆိုတာက နိုင်ငံထဲမှာသွားတဲ့ခရီးသွားတွေ ပျမ်းမျှနေထိုင်မှု ရက်ကတိုသွားတယ်။ သူတို့သုံးတဲ့ ဝင်ငွေက လည်း နည်းသွားတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ဝင်ငွေကတော့ နည်းသွားတယ်”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း ခရီးသွားဦးရေ သုံးသန်းခွဲမှန်းထားသော်လည်း လေးသန်းနီးပါးရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။လက်ရှိတွင် ဗီဇာဖြေလျှော့ပေးထားသော်လည်း အနောက်ခရီးသွားဦးရေ ကျဆင်းနေသော်လည်း ၂၀၂၀ – ၂၀၂၁ ကာလအ တွင်း ဝင်ငွေများများသုံးပြီး ရက်ရှည်နေထိုင်သည့် အနောက်ခရီးသွားများ တိုးလာနိုင်ကြောင်းလည်း သိရသည်။
အကုန်သိ
0 Comments