News
by Aung Aung on Wednesday , 15 , 2019
မြန်မာပြည်မှာ မယားငယ် အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ ရှိပါတယ် •
နိုင်လွတ် ဥပဒေ ပုဒ်မ ၈ ( စ ) ဥပဒေနဲ့ပါ •
အဲ့ဒီ ဥပဒေ နဲ့ မယားကြီးဖြစ်သူက တရားစွဲရင် အချုပ်တန်းကြပါတယ် •
အာမခံ လုံး ( လုံးဝ ) မရပါ •
မြန်မာပြည်မှ မယားငယ်တိုင်းသည် နိုင်လွတ် ဥပဒေပုဒ်မ ၈ ( စ ) နဲ့ ငြိနေသလို
တစ်လင်တစ်မယား ဥပဒေ ကို အားပေး အားမြှောက်မူ ရာဇသတ်ကြီး ပုဒ်မ ( ၁၁၄ ) နဲ့ပါ ငြိနေကြပါတယ် •
အဲသလို မယားငယ်ကို တရားပြန်စွဲနိုင်တဲ့ မည်သည့် မယားကြီးမဆို မယားငယ်ရဲ့
နိုင်လွတ် ဥပဒေ ပုဒ်မ ( ၁၀ ) နဲ့ ကန်းတက် တရားစွဲဆိုခံရဖို့ မရှိနိုင်တော့ပါ •
ဘယ်မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့ပါ •
တရားစွဲဖို့ ရှေ့နေ မငှားနိုင်ကြရင်ပူစရာမလိုပါ • ဒီပို့စ်ကို ရေးသူ မမလင်းက အလကား
ရှေ့နေ ရအောင် N G O အဖွဲ့အစည်းတချို့နဲ့ ချိတ်ဆက်ပေးနေပါတယ်ရှင့်•
Copy from ခင်လင်းလင်းဖြူ
" သိထားသင့်သည့် ဥပဒေများ "
၁ - လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေ တွေ့လို့ ဟေ့ ချစ်ချစ်လို့ ခေါ်ပြီး
ပါးစပ် သရမ်းရင် ••••• ပုဒ်မ ( ၅၀၉ ) ထောင်ဒဏ် ၁ နှစ် ။
၂ - ကားပေါ်မှာ မိန်းကလေးတွေကို မတော်တရော် သွားထိရင်•••••
ပုဒ်မ ( ၃၅၄ ) ထောင်ဒဏ် ၂ နှစ် ။
၃ - လင်နဲ့ မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် •••••
ပုဒ်မ ( ၃၂၃ ) ထောင်ဒဏ် ( ၁ နှစ် )
၎ - ငါ့မိန်းမမို့ငါရိုက်တာကွာ မင်းနဲ့ ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်
ချစ်တာကွ တုတ်နဲ့ရိုက်ရင် •••• ပုဒ်မ ( ၃၂၄ ) ထောင်ဒဏ် ( ၃ ) နှစ် ဒါ့အပြင်
ပုဒ်မ ( ၃၂၆ ) နဲ့ ညှိရင်တော့ ထောင်ဒဏ် နှစ် ( ၂၀ )
၅ - မိန်းမ နဲ့ နွား မသနားနဲ့ကွဆိုပြီး ဒီလိုရိုက် ဒီလိုကန် ဆိုရင် •••••
ပုဒ်မ ( ၃၂၅ ) ထောင်ဒဏ် ( ၇ ) နှစ်
၆ ) - သမီးကညာ အခါမလင့်စေနဲ့ ဆိုပြီး အတင်းအကျပ် ပေးစားရင် •••••
ပုဒ်မ ( ၃၇၆ ) ထောင်ဒဏ် နှစ် ( ၂၀ )
၇ ) - ယောက်ျားကောင်း မောင်းမ တစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့အပျော်မယား
ရှာရင် ••••• ပုဒ်မ ( ၁၃ ) ထောင်ဒဏ် ( ၇ ) နှစ် ဒါ့အပြင်
ပုဒ်မ ( ၁၇ ) နဲ့ ညှိရင် ထောင်ဒဏ် ( ၁၀ ) နှစ် ။
Credit
0 Comments