လူရႊင္ေတာ္အျဖစ္ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစသူ၊ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပရိသတ္ေတြရဲ့အေမာေတြကို ေျပေပ်ာက္ေစသူ၊ စာေရးဆရာအျဖစ္လဲလုပ္ကိုင္ေသးတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီ ေဗလု၀ဟာဆိုရင္ ႏွစ္ေပါင္းမ်ားစြာအႏုပညာေလာကထဲမွာ က်င္လည္ေနခဲ့သူျဖစ္ၿပီး ပရိသတ္ေတြအားေပးခ်စ္ခင္ရတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ သေဘာမေနာလဲ အင္မတန္ေကာင္းတဲ့ ဦးေဗဟာဆိုရင္ “လယ္သူမ” ဆိုတဲ့ ေက်းလက္ထမင္းဆိုင္ကိုဖြင့္လွစ္ထားၿပီး ကားရိုက္နားတဲ့ရက္ေတြမွာေတာ့ လာသမၽွဧည့္သည္ေတြကို သူကိုယ္တိုင္ ဟင္းပြဲလ်ာေတြ တည္ခင္းဧည့္ခံေကၽြးေမြးေလ့ရွိသူပါ။
အသက္အရြယ္တစ္ခုသို႔ေရာက္ရွိလာၿပီျဖစ္တဲ့ ဦးေဗဟာ လက္ရွိမွာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ အေရးေပၚေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။ ဦးေဗလု၀ရဲ့က်န္းမာေရးသတင္းတက္လာခ်ိန္မွာေတာ့ ပရိသတ္ေတြက စိုးရိမ္ခဲ့ၾကသလို ခင္မင္ရင္းႏွီးသူ အႏုပညာရွင္တစ္ခ်ိဳ႕ကလဲ ေဆး႐ုံထိသြားေရာက္ သတင္းေမးျမန္းခဲ့ၾကပါတယ္။
ေလျဖန္းေရာဂါကိုစတင္ခံစားရၿပီးေနာက္ ယခုလိုမ်ိဳး ဦးေႏွာက္ေသြးခဲကာ ပင္လုံေဆး႐ုံကို အေရးေပၚေဆး႐ုံတင္ခဲ့ရတဲ့ ဦးေဗလု၀ရဲ့ လက္ရွိအေျခအေနကေတာ့ ကိုယ္လက္ျပန္လည္လႈပ္ရွားလာနိုင္ေသာ္လည္း စကားေတာ့ ေကာင္းေကာင္းမေျပာနိုင္ေသးဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ မင္းသားေနတိုးရဲ့နာမည္မွလြဲ၍ လူေတြကိုလဲ မမွတ္မိေသးဘူးလို႔သိရပါတယ္။ ထိုအေၾကာင္းကိုေတာ့ ဦးေဗလု၀ရဲ့ အသိမိတ္ေဆြ စာေရးဆရာမိုးပြင့္မွ သူ႔ရဲ့ေဖစ့္ဘြတ္မွာယခုလို ေရးသားထားတာျဖစ္ပါတယ္။
“ကိုေဗ စကားေကာင္းေကာင္း မေျပာနိုင္ေသးတာက လြဲရင္ေျခလက္အားလုံး လႈပ္ရွားနိုင္ပါတယ္။လူနာမည္ေတာ့ သိပ္မမွတ္မိေသးပါ။က်ေနာ့္ကို မွတ္မိလား ေမးေတာ့ ေခါင္းညိတ္ျပၿပီး ေနတိုး ေနတိုးလို႔ ျပန္ေျပာပါတယ္။ဘယ္သူ႔နာမည္ကို ေမးေမး ေနတိုးလို႔ပဲ ေျဖပါတယ္။သူ႔ဘာသာ အိမ္သာသြားနိုင္ေပမဲ့ လူတြဲေပးထားရပါတယ္။ တစ္ပတ္ေလာက္ ေစာင့္ၾကည့္ရမယ္လို႔ေတာ့ ေဆး႐ုံက ေျပာပါတယ္။ ဆန္ျပဳတ္ေသာက္နိုင္ပါတယ္။ လွဲအိပ္ခ်င္ေနပါတယ္။ ဧည့္သည္ေတြ လာလာေမးေနၾကလို႔ အနည္းငယ္ ပင္ပန္းေနပုံရပါတယ္။ သူ႔ပရိသတ္မ်ားမစိုးရိမ္ၾကဖို႔ သူ႔ဇနီး မစုက ေျပာပါတယ္” ဆိုၿပီး ဦးေဗလု၀ရဲ့ လက္ရွိက်န္းမာေရးအေျခအေနကို သတင္းစကားပါးထားတာျဖစ္ပါတယ္။
ပရိသတ္ႀကီးေရ… အသက္အရြယ္တစ္ခုရလာခ်ိန္မွာ က်န္းမာေရးမေကာင္းျဖစ္လာတဲ့ဦးေဗတစ္ေယာက္ အျမန္ဆုံးျပန္လည္သက္သာလာေစဖို႔ ဆုေတာင္းစကားေလးေတြ ဆိုေပးသြားပါဦးေနာ္….
Photos_AKon Thi
(ပိုပိုေလး)
Unicode
ဦးနှောက်သွေးခဲရောဂါကြောင့် ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ဗေလု၀
လူရွှင်တော်အဖြစ် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသူ၊ ဟာသသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့အမောတွေကို ပြေပျောက်စေသူ၊ စာရေးဆရာအဖြစ်လဲလုပ်ကိုင်သေးတဲ့ သရုပ်ဆောင်အကယ်ဒမီ ဗေလု၀ဟာဆိုရင် နှစ်ပေါင်းများစွာအနုပညာလောကထဲမှာ ကျင်လည်နေခဲ့သူဖြစ်ပြီး ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သဘောမနောလဲ အင်မတန်ကောင်းတဲ့ ဦးဗေဟာဆိုရင် “လယ်သူမ” ဆိုတဲ့ ကျေးလက်ထမင်းဆိုင်ကိုဖွင့်လှစ်ထားပြီး ကားရိုက်နားတဲ့ရက်တွေမှာတော့ လာသမျှဧည့်သည်တွေကို သူကိုယ်တိုင် ဟင်းပွဲလျာတွေ တည်ခင်းဧည့်ခံကျွေးမွေးလေ့ရှိသူပါ။
အသက်အရွယ်တစ်ခုသို့ရောက်ရှိလာပြီဖြစ်တဲ့ ဦးဗေဟာ လက်ရှိမှာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ ဦးဗေလု၀ရဲ့ကျန်းမာရေးသတင်းတက်လာချိန်မှာတော့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြသလို ခင်မင်ရင်းနှီးသူ အနုပညာရှင်တစ်ချို့ကလဲ ဆေးရုံထိသွားရောက် သတင်းမေးမြန်းခဲ့ကြပါတယ်။
လေဖြန်းရောဂါကိုစတင်ခံစားရပြီးနောက် ယခုလိုမျိုး ဦးနှောက်သွေးခဲကာ ပင်လုံဆေးရုံကို အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ ဦးဗေလု၀ရဲ့ လက်ရှိအခြေအနေကတော့ ကိုယ်လက်ပြန်လည်လှုပ်ရှားလာနိုင်သော်လည်း စကားတော့ ကောင်းကောင်းမပြောနိုင်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် မင်းသားနေတိုးရဲ့နာမည်မှလွဲ၍ လူတွေကိုလဲ မမှတ်မိသေးဘူးလို့သိရပါတယ်။ ထိုအကြောင်းကိုတော့ ဦးဗေလု၀ရဲ့ အသိမိတ်ဆွေ စာရေးဆရာမိုးပွင့်မှ သူ့ရဲ့ဖေစ့်ဘွတ်မှာယခုလို ရေးသားထားတာဖြစ်ပါတယ်။
“ကိုဗေ စကားကောင်းကောင်း မပြောနိုင်သေးတာက လွဲရင်ခြေလက်အားလုံး လှုပ်ရှားနိုင်ပါတယ်။လူနာမည်တော့ သိပ်မမှတ်မိသေးပါ။ကျနော့်ကို မှတ်မိလား မေးတော့ ခေါင်းညိတ်ပြပြီး နေတိုး နေတိုးလို့ ပြန်ပြောပါတယ်။ဘယ်သူ့နာမည်ကို မေးမေး နေတိုးလို့ပဲ ဖြေပါတယ်။သူ့ဘာသာ အိမ်သာသွားနိုင်ပေမဲ့ လူတွဲပေးထားရပါတယ်။ တစ်ပတ်လောက် စောင့်ကြည့်ရမယ်လို့တော့ ဆေးရုံက ပြောပါတယ်။ ဆန်ပြုတ်သောက်နိုင်ပါတယ်။ လှဲအိပ်ချင်နေပါတယ်။ ဧည့်သည်တွေ လာလာမေးနေကြလို့ အနည်းငယ် ပင်ပန်းနေပုံရပါတယ်။ သူ့ပရိသတ်များမစိုးရိမ်ကြဖို့ သူ့ဇနီး မစုက ပြောပါတယ်” ဆိုပြီး ဦးဗေလု၀ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို သတင်းစကားပါးထားတာဖြစ်ပါတယ်။
ပရိသတ်ကြီးရေ… အသက်အရွယ်တစ်ခုရလာချိန်မှာ ကျန်းမာရေးမကောင်းဖြစ်လာတဲ့ဦးဗေတစ်ယောက် အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဆုတောင်းစကားလေးတွေ ဆိုပေးသွားပါဦးနော်….
Photos_AKon Thi
(ပိုပိုလေး)
0 Comments