စပါးအသင္းရဲ့ ဒိန္းမတ္လက္ေရြးစင္ အဲရစ္ဆင္ဟာ စီးရီးေအကလပ္ အင္တာမီလန္အသင္းကို ေျပာင္းေရြ႕ဖို႔အတြက္ (၄) ႏွစ္ခြဲစာခ်ဳပ္ျဖင့္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း အီတလီသတင္းစာမ်ားက ေဖာ္ျပခ်က္အရ သိရပါတယ္။
အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းတြင္ တစ္ႏွစ္လုပ္ခလစာ ေပါင္ (၆.၅) သန္းရရွိမွာ ျဖစ္တယ္လိုသိရပါတယ္။ စပါးအသင္းက အဲရစ္ဆင္၏ေျပာင္းေရြ႕ေၾကးအျဖစ္ ေပါင္ (၁၇) သန္းအလို ရွိေနတယ္လို႔ သိရပါတယ္။ အင္တာမီလန္အသင္းဟာ ယခုဇန္နဝါရီအေျပာင္းအေရြ႕တြင္ အဲရစ္ဆင္ကို ေခၚယူနိုင္ဖို႔ ႀကိဳးပမ္းေနၿပီး ယခုလာမည့္အပါတ္အတြင္း စပါးအသင္းႏွင့္ အၿပီးသတ္ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။
အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ အပါတ္က လီဗာပူးလ္းအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ပြဲခ်ိန္ (၆၉) မိနစ္မွာ လိုဆယ္ဆိုႏွင့္ လူစားလဲခံခဲ့ရပါတယ္။ ထို႔ေနာက္ အဲရစ္ဆင္က ပြဲၾကည့္စင္မွ ပရိတ္သတ္မ်ားကို လက္ျပႏႈတ္ဆက္သြားခဲ့တယ္လို႔ Daily Mail သတင္းစာက ေဖာ္ျပထားပါတယ္။ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ အဲရစ္ဆင္ကိုလည္း အသင္းပရိတ္သတ္ေတြက ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
အဲရစ္ဆင္ဟာ ၂၀၀၃ ခုႏွစ္တြင္ နယ္သာလန္ကလပ္ ေအဂ်က္စ္အသင္းမွ စပါးအသင္းကို ေျပာင္းေရြ႕ေၾကး ေပါင္ (၁၁) သန္းျဖင့္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ စပါအသင္းတြင္ (၇) ႏွစ္တာအတြင္း ၿပိဳင္ပြဲစုံ ပြဲေပါင္း (၃၀၀) တိတိ ကစားေပးခဲ့ပါတယ္။အင္တာမီလန္အသင္းဟာ အဲရစ္ဆင္အျပင္ ခ်ဲလ္ဆီးအသင္းမွ ဂီေရာ့ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
Unicode
အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အဲရစ်ဆင်
စပါးအသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွေ့ဖို့အတွက် (၄) နှစ်ခွဲစာချုပ်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း အီတလီသတင်းစာများက ဖော်ပြချက်အရ သိရပါတယ်။
အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းတွင် တစ်နှစ်လုပ်ခလစာ ပေါင် (၆.၅) သန်းရရှိမှာ ဖြစ်တယ်လိုသိရပါတယ်။ စပါးအသင်းက အဲရစ်ဆင်၏ပြောင်းရွေ့ကြေးအဖြစ် ပေါင် (၁၇) သန်းအလို ရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ယခုဇန်နဝါရီအပြောင်းအရွေ့တွင် အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ယခုလာမည့်အပါတ်အတွင်း စပါးအသင်းနှင့် အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ အပါတ်က လီဗာပူးလ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲချိန် (၆၉) မိနစ်မှာ လိုဆယ်ဆိုနှင့် လူစားလဲခံခဲ့ရပါတယ်။ ထို့နောက် အဲရစ်ဆင်က ပွဲကြည့်စင်မှ ပရိတ်သတ်များကို လက်ပြနှုတ်ဆက်သွားခဲ့တယ်လို့ Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ အသင်းကနေ ထွက်ခွာချင်နေတဲ့ အဲရစ်ဆင်ကိုလည်း အသင်းပရိတ်သတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။
အဲရစ်ဆင်ဟာ ၂၀၀၃ ခုနှစ်တွင် နယ်သာလန်ကလပ် အေဂျက်စ်အသင်းမှ စပါးအသင်းကို ပြောင်းရွေ့ကြေး ပေါင် (၁၁) သန်းဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စပါအသင်းတွင် (၇) နှစ်တာအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀၀) တိတိ ကစားပေးခဲ့ပါတယ်။အင်တာမီလန်အသင်းဟာ အဲရစ်ဆင်အပြင် ချဲလ်ဆီးအသင်းမှ ဂီရော့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
0 Comments