ဗဟိုအေမရိကကေန အသစ္တဖန္ေျပာင္းေရႊ႕လာသူေတြကို မကၠဆီကိုအစိုးရက တားဆီးဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္  အန္ဂ်ီအိုေတြက      မကၠဆီကိုရဲ့ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒသစ္ကို “ထရမ့္ဝါဒ” ဆိုၿပီး ဇန္နဝါရီ ၃၀ ရက္မွာ ေဝဖန္လိုက္ပါတယ္။

မကၠဆီကို ကို ျဖတ္သန္းဖို႔ ႀကိဳးပမ္းတဲ့ လူအုပ္ႀကီးဟာ သမၼတ လိုပက္ဇ္ ေအာ္ဘေရဒိုအဖို႔ ေခါင္းခဲစရာႀကီး ျဖစ္ေနပါတယ္။

အေၾကာင္းကေတာ့ သမၼတ ထရမ့္အစိုးရက အဲဒီလူေတြ အေမရိကန္နိုင္ငံဆီ ေရာက္မလာေအာင္ ေအာ္ဘေရဒိုကို ျပင္းျပင္းထန္ထန္ ဖိအားေပးေနလို႔ပဲ ျဖစ္ပါတယ္။

အက်ိဳးဆက္အေနနဲ႔ နယ္စပ္တေလၽွာက္ မကၠဆီကို လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အင္အားတိုးျမႇင့္ၿပိး ေရႊ႕ေျပာင္းလာသူေတြ ဝင္မလာေအာင္ တားဆီးၾကပါတယ္။

ရာနဲ႔ခ်ီတဲ့ ေရႊ႕ေျပာင္းလာသူေတြကို သူတို႔ရဲ့ ဇာတိနိုင္ငံဆီ ျပန္ပို႔ခဲ့ၿပီး က်န္တဲ့သူေတြကို  မကၠဆီကို – ဂြါတီမာလာနယ္စပ္မွာ ရွိတဲ့ ေရႊ႕ေျပာင္းလာသူမ်ားစခန္းမွာ ေနရာခ်ေပးခဲ့ပါတယ္။

ဒီအတြက္ မကၠဆီကိုရဲ့ လူဝင္မႈႀကီးၾကပ္မူဝါဒသစ္ကို အန္ဂ်ီအိုေတြက ပြင့္လင္းျမင္သာမႈ မရွိဘူးဆိုၿပီး ေျပာဆိုၾကပါတယ္။

မကၠဆီကိုရဲ့ တင္းက်ပ္တဲ့ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒသစ္ေၾကာင့္ အေမရိကန္မွာ ခိုလႈံခြင့္ေတာင္းခံဖို႔ ႀကိဳးပမ္းတဲ့ ဗဟိုအေမရိကေျပာင္းေရႊ႕လာသူ အေရအတြက္ဟာ သိသိသာသာ ထိုးက်ခဲ့တယ္လို႔ ရိုက္တာသတင္းက ဆိုပါတယ္။




Unicode






မက္ကဆီကိုလူဝင်မှုကြီးကြပ်ရေးမူဝါဒသစ်ကို ထရမ့်ဝါဒဟု အန်ဂျီအိုများ ဝေဖန်



ဗဟိုအမေရိကကနေ အသစ်တဖန်ပြောင်းရွှေ့လာသူတွေကို မက္ကဆီကိုအစိုးရက တားဆီးဖို့ ကြိုးပမ်းခဲ့ပြီးနောက်  အန်ဂျီအိုတွေက      မက္ကဆီကိုရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒသစ်ကို “ထရမ့်ဝါဒ” ဆိုပြီး ဇန်နဝါရီ ၃၀ ရက်မှာ ဝေဖန်လိုက်ပါတယ်။

မက္ကဆီကို ကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ လူအုပ်ကြီးဟာ သမ္မတ လိုပက်ဇ် အော်ဘရေဒိုအဖို့ ခေါင်းခဲစရာကြီး ဖြစ်နေပါတယ်။

အကြောင်းကတော့ သမ္မတ ထရမ့်အစိုးရက အဲဒီလူတွေ အမေရိကန်နိုင်ငံဆီ ရောက်မလာအောင် အော်ဘရေဒိုကို ပြင်းပြင်းထန်ထန် ဖိအားပေးနေလို့ပဲ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ နယ်စပ်တလျှောက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးမြှင့်ပြိး ရွှေ့ပြောင်းလာသူတွေ ဝင်မလာအောင် တားဆီးကြပါတယ်။

ရာနဲ့ချီတဲ့ ရွှေ့ပြောင်းလာသူတွေကို သူတို့ရဲ့ ဇာတိနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ကျန်တဲ့သူတွေကို  မက္ကဆီကို – ဂွါတီမာလာနယ်စပ်မှာ ရှိတဲ့ ရွှေ့ပြောင်းလာသူများစခန်းမှာ နေရာချပေးခဲ့ပါတယ်။

ဒီအတွက် မက္ကဆီကိုရဲ့ လူဝင်မှုကြီးကြပ်မူဝါဒသစ်ကို အန်ဂျီအိုတွေက ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ပြောဆိုကြပါတယ်။

မက္ကဆီကိုရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကြောင့် အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးပမ်းတဲ့ ဗဟိုအမေရိကပြောင်းရွှေ့လာသူ အရေအတွက်ဟာ သိသိသာသာ ထိုးကျခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။