လႊတ္ေတာ္ျပန္ေရာက္လာသည့္ ဦးေဝွ႕တင္း / ဧရာဝတီ
ရကၡိဳင္စစ္တပ္ (AA) က ဖမ္းဆီးထားစဥ္တြင္ ၂၅ ရက္ၾကာ ထိပ္တုံးခတ္ခံထားခဲ့ရသျဖင့္ စိတ္ခံစားခ်က္ မေကာင္း ျဖစ္မိေၾကာင္း ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္သည့္ လႊတ္ေတာ္အမတ္ ဦးေဝွ႕တင္း က ေျပာသည္။
ဖမ္းဆီးခံထားရစဥ္ကာလအတြင္း စာဖတ္ခြင့္ႏွင့္ ေရဒီယိုနားေထာင္ခြင့္ မေပးခဲ့ေၾကာင္း အစားအေသာက္မ်ားမွာ လႊတ္ခါနီး ၃ ရက္ အလိုတြင္ ဟိုတယ္စာကဲ့သို႔ အစားေကာင္းမ်ားျဖင့္ ဧည့္ခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဦးေဝွ႕တင္းက “၂၅ ရက္တိတိေတာ့ ေန႔ည ထိပ္တုန္းခတ္ၿပီး က်ေနာ္ေနရတယ္။ ဒီအခ်ိန္မွာေတာ့ က်ေနာ့္ရဲ့ အခံျပင္းဆုံး အေျခအေနပါ။ ဒါေပမယ့္က်ေနာ္စိတ္ဓာတ္မက်ပါဘူး။ သူတို႔ရဲ့ လုံျခဳံေရးအရ ထားတာပဲလို႔ ခံယူပါတယ္” ဟု ဆိုသည္။
ခ်င္းျပည္နယ္ အတြင္းရွိ ပလက္ဝေဒသတြင္ AA က ဆက္ၿပီး လႈပ္ရွားေနမွာျဖစ္တဲ့အတြက္ တပ္ကို သတင္းမေပးရန္ ဦးေဝွ႕တင္းကို AA က မွာလိုက္ေၾကာင္း ဦးေဝွ႕တင္းက ယေန႔ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးသို႔ တက္ေရာက္လာစဥ္ သတင္းေထာက္မ်ားကို ေျပာသည္။
AA တပ္ဖြဲ႕ဝင္မ်ားအတြင္းမွာလည္း တပ္ေျပးမ်ားရွိသျဖင့္ ယင္းတို႔ႏွင့္ အတူတူ ေနရေၾကာင္း ထိုတပ္ေျပးမ်ားမွာ ေဆးေပါ့လိပ္ အလြန္ေသာက္သျဖင့္ ေဆးလိပ္ေငြ႕မ်ား မ်ားစြာ ရရွိခဲ့သျဖင့္ ေဆးျပန္စစ္ရမည္ ျဖစ္ေၾကာင္း ဦးေဝွ႕တင္းက ဆိုသည္။
ပလက္ဝ ၿမိဳ႕နယ္ အတြင္းမွာ တိုက္ပြဲေရွာင္ ျပည္သူမ်ား ၂၀၀၀၀ ေက်ာ္ရွိၿပီး ယခု အခ်ိန္ထိလည္း တပ္မေတာ္ ႏွင့္ AA မွာ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနေၾကာင္း ဦးေဝွ႕တင္းက ဆိုပါတယ္။
တ႐ုတ္နိုင္ငံ သမၼတ ရွီက်င့္ဖ်င္၏ ၂ ရက္တာ ျမန္မာနိုင္ငံ ခရီးစဥ္ အၿပီးတြင္ AA က ၂ လေက်ာ္ၾကာ ဖမ္းဆီး ထိန္းသိမ္းခဲ့သည့္ ခ်င္းျပည္နယ္ ပလက္ဝ မဲဆႏၵနယ္မွ အမ်ိဳးသား လႊတ္ ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႕တင္းကို ဇန္နဝါရီ ၂၁ ရက္ေန႔က ျပန္လႊတ္ေပးခဲ့သည္။
၂၀၁၉ နိုဝင္ဘာ ၃ ရက္ေန႔က လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႕တင္း အပါအဝင္ အိႏၵိယနိုင္ငံ ၅ ဦးႏွင့္ စကားျပန္၂ ဦး၊ စပိဘုတ္ေမာင္းသမား၂ ဦး စုစုေပါင္း ၁၀ ဦးသည္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ မွ စပိဘုတ္၂ စီး ျဖင့္ ေက်ာက္ေတာ္ဘက္သို႔ လာေရာက္စဥ္ လမ္း၌ AA အဖြဲ႕၏ ဖမ္းဆီးျခင္းကို ခံခဲ့ရျခင္း ျဖစ္သည္။
ထိုသို႔ AA အဖြဲ႕ဖမ္းဆီးခဲ့စဥ္ အိႏၵိယနိုင္ငံသား ၁ ဦးမြာ နဂိုအခံေရာဂါေၾကာင့္ ဖမ္းဆီးခဲ့စဥ္ကာလအတြင္း ေသဆုံးခဲ့ၿပီး ဦးေဝွ႕တင္းမွ အပ က်န္လူမ်ားကို နိုဝင္ဘာလ ၄ ရက္ မနက္ပိုင္းတြင္ ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။
Unicode
AA က ဖမ်းဆီးထားစဉ် ၂၅ ရက် ထိပ်တုံးခတ်ခံခဲ့ရကြောင်း ဦးဝှေ့တင်းဖွင့်ဟ
လွှတ်တော်ပြန်ရောက်လာသည့် ဦးဝှေ့တင်း / ဧရာဝတီ
ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီးထားစဉ်တွင် ၂၅ ရက်ကြာ ထိပ်တုံးခတ်ခံထားခဲ့ရသဖြင့် စိတ်ခံစားချက် မကောင်း ဖြစ်မိကြောင်း ပြန်လည်လွတ်မြောက်လာပြီဖြစ်သည့် လွှတ်တော်အမတ် ဦးဝှေ့တင်း က ပြောသည်။
ဖမ်းဆီးခံထားရစဉ်ကာလအတွင်း စာဖတ်ခွင့်နှင့် ရေဒီယိုနားထောင်ခွင့် မပေးခဲ့ကြောင်း အစားအသောက်များမှာ လွှတ်ခါနီး ၃ ရက် အလိုတွင် ဟိုတယ်စာကဲ့သို့ အစားကောင်းများဖြင့် ဧည့်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဝှေ့တင်းက “၂၅ ရက်တိတိတော့ နေ့ည ထိပ်တုန်းခတ်ပြီး ကျနော်နေရတယ်။ ဒီအချိန်မှာတော့ ကျနော့်ရဲ့ အခံပြင်းဆုံး အခြေအနေပါ။ ဒါပေမယ့်ကျနော်စိတ်ဓာတ်မကျပါဘူး။ သူတို့ရဲ့ လုံခြုံရေးအရ ထားတာပဲလို့ ခံယူပါတယ်” ဟု ဆိုသည်။
ချင်းပြည်နယ် အတွင်းရှိ ပလက်ဝဒေသတွင် AA က ဆက်ပြီး လှုပ်ရှားနေမှာဖြစ်တဲ့အတွက် တပ်ကို သတင်းမပေးရန် ဦးဝှေ့တင်းကို AA က မှာလိုက်ကြောင်း ဦးဝှေ့တင်းက ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် သတင်းထောက်များကို ပြောသည်။
AA တပ်ဖွဲ့ဝင်များအတွင်းမှာလည်း တပ်ပြေးများရှိသဖြင့် ယင်းတို့နှင့် အတူတူ နေရကြောင်း ထိုတပ်ပြေးများမှာ ဆေးပေါ့လိပ် အလွန်သောက်သဖြင့် ဆေးလိပ်ငွေ့များ များစွာ ရရှိခဲ့သဖြင့် ဆေးပြန်စစ်ရမည် ဖြစ်ကြောင်း ဦးဝှေ့တင်းက ဆိုသည်။
ပလက်ဝ မြို့နယ် အတွင်းမှာ တိုက်ပွဲရှောင် ပြည်သူများ ၂၀၀၀၀ ကျော်ရှိပြီး ယခု အချိန်ထိလည်း တပ်မတော် နှင့် AA မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဦးဝှေ့တင်းက ဆိုပါတယ်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် AA က ၂ လကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ချင်းပြည်နယ် ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၉ နိုဝင်ဘာ ၃ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံ ၅ ဦးနှင့် စကားပြန်၂ ဦး၊ စပိဘုတ်မောင်းသမား၂ ဦး စုစုပေါင်း ၁၀ ဦးသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မှ စပိဘုတ်၂ စီး ဖြင့် ကျောက်တော်ဘက်သို့ လာရောက်စဉ် လမ်း၌ AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ AA အဖွဲ့ဖမ်းဆီးခဲ့စဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမွာ နဂိုအခံရောဂါကြောင့် ဖမ်းဆီးခဲ့စဉ်ကာလအတွင်း သေဆုံးခဲ့ပြီး ဦးဝှေ့တင်းမှ အပ ကျန်လူများကို နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
0 Comments