အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ေပယိုရဲ့ ယူကရိန္းခရီးစဥ္အတြင္း ဇန္နဝါရီလ ၃၁ ရက္က ယူကရိန္းနိုင္ငံျခားေရးဝန္ႀကီး ဗာဒင္း-ပရိုက္စေတကိုနဲ႔ ေတြ႕ဆုံၿပီး ႏွစ္နိုင္ငံ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ့ပါတယ္။
အေမရိကန္ သမၼတ ထရမ့္အေပၚ ျပစ္တင္စြပ္စြဲမႈ စတင္ၿပီးေနာက္ပိုင္း ပြန္ေပယိုဟာ ယူကရိန္းကို သြားေရာက္တဲ့ ပထမဆုံး အေမရိကန္ အရာရွိတဦးျဖစ္ပါတယ္။
ယူကရိန္းပိုင္ ခရိုင္းမီးယားေဒသကို ႐ုရွားသိမ္းပိုက္တာနဲ႔ ပတ္သက္လို႔ ဒီသီတင္းပတ္ အေစာပိုင္းကပဲ အေမရိကန္ အစိုးရဟာ လူပုဂၢိဳလ္ ၈ ေယာက္နဲ႔ ေမာ္စကိုအေျခစိုက္ ရထားကုမၸဏီ တခုကို ပစ္မွတ္ထားတဲ့ ဒဏ္ခတ္မႈ အသစ္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။
ဇန္နဝါရီလ ၃၁ ရက္ ညေနပိုင္းမွာ ပြန္ေပယိုနဲ႔ ယူကရိန္းသမၼတ ဗိုလိုဒီမာ ဇီလန္စကီတို႔ ေတြ႕ဆုံမယ္လို႔လည္း ရိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
Unicode
အမေရိကန်နှင့်ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး ဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုရဲ့ ယူကရိန်းခရီးစဉ်အတွင်း ဇန်နဝါရီလ ၃၁ ရက်က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဗာဒင်း-ပရိုက်စတေကိုနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ထရမ့်အပေါ် ပြစ်တင်စွပ်စွဲမှု စတင်ပြီးနောက်ပိုင်း ပွန်ပေယိုဟာ ယူကရိန်းကို သွားရောက်တဲ့ ပထမဆုံး အမေရိကန် အရာရှိတဦးဖြစ်ပါတယ်။
ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ရုရှားသိမ်းပိုက်တာနဲ့ ပတ်သက်လို့ ဒီသီတင်းပတ် အစောပိုင်းကပဲ အမေရိကန် အစိုးရဟာ လူပုဂ္ဂိုလ် ၈ ယောက်နဲ့ မော်စကိုအခြေစိုက် ရထားကုမ္ပဏီ တခုကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှု အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းမှာ ပွန်ပေယိုနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီတို့ တွေ့ဆုံမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
0 Comments