အမႈဖြင့္ရန္ ဒီဇင္ဘာလ ၃၀ ရက္ေန႔ညက မုပြန္နယ္ေျမရဲစခန္းေရွ႕၌ လိုက္ပါကူညီေဆာင္ရြက္သူမ်ား ေစာင့္ဆိုင္းေနစဥ္ (ဓာတ္ပုံ - Zin Moe/ Mawlamyine Rescue)






အိမ္နီးခ်င္း စတုတၳတန္းေက်ာင္းသူကို မုဒိမ္းက်င့္မႈျဖင့္ ေမာ္လၿမိဳင္မွ ဒုတပ္ၾကပ္တစ္ဦး အမႈဖြင့္ခံထားရ







ေမာ္လၿမိဳင္ၿမိဳ႕နယ္ေန အသက္ ၁၁ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးကို မုဒိမ္းက်င့္သည္ဟုဆိုကာ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ ဒုတပ္ၾကပ္တစ္ဦးအား ယေန႔ (ဒီဇင္ဘာ ၃၁) တြင္ မုပြန္နယ္ေျမရဲစခန္း၌ အမႈဖြင့္ထားသည္ဟု နယ္ေျမစခန္းမွ ရဲအုပ္ေအာင္နိုင္ဦးက ေျပာသည္။



အသက္ ၅၅ ႏွစ္အရြယ္ရွိ ဒုတပ္ၾကပ္ အုန္းသန္းဆိုသူကို မိန္းကေလးငယ္၏ ဖခင္ျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းမႈေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕၊ မုပြန္နယ္ေျမရဲစခန္းတြင္ (ပ) နံပါတ္ ၃၁၀၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ (ဓမၼတာႏွင့္ဆန႔္က်င္ေသာ ကာမစပ္ယွက္မႈ) ျဖင့္ အမႈဖြင့္ထားျခင္း ျဖစ္သည္။






“အခုလက္ရွိ စစ္ေဆးဆဲပဲ ရွိပါေသးတယ္၊ ကၽြန္ေတာ္တို႔ မႈခင္းပိုင္းနဲ႔ပတ္သက္ၿပီးေတာ့ အမႈလမ္းေၾကာင္းအတိုင္း စစ္ေဆးသြားမွာပါ” ဟု ရဲအုပ္ေအာင္နိုင္ဦးက ယေန႔ေန႔လယ္ပိုင္းက ေျပာသည္။


က်ဴးလြန္ခံရသူမွာ အေျခခံပညာ စတုတၳတန္းေက်ာင္းသူျဖစ္ၿပီး အမႈႏွင့္ပတ္သက္သည့္ ေဆးစစ္ခ်က္မ်ား ရယူၿပီးျဖစ္သည္ဟု ဆက္ေျပာသည္။





ဒုတပ္ၾကပ္အုန္းသန္းသည္ က်ဴးလြန္ခံရသူ မိန္းကေလးငယ္၏ မိသားစုဝင္ ေဆြမ်ိဳးမ်ားေနထိုင္ရာ ၿခံဝင္းတြင္ ငွားရမ္းေနထိုင္သူျဖစ္ၿပီး ဒီဇင္ဘာလ ၂၈ ရက္တြင္ ကေလးငယ္အား “မုဒိန္းျပဳက်င့္သည္ကို အိမ္နီးနားခ်င္းမ်ားက လက္ပူးလက္ၾကပ္မိခဲ့သည္” ဟု မိန္းကေလး၏ အုပ္ထိန္းသူ က Myanmar Now ကိုေျပာသည္။





ဒီဇင္ဘာလ ၂၈ ရက္ မတိုင္ခင္ တစ္ပတ္ခန႔္အတြင္းကလည္း ေလးႀကိမ္ထက္မနည္း အမ်ိဳးသမီး အဂၤါအစိတ္အပိုင္းမ်ား ကိုင္တြယ္ခံခဲ့ရသည္ဟု မိန္းကေလးကေျပာျပေၾကာင္း အဆိုပါအုပ္ထိန္းသူက ဆိုသည္။

ဒုတပ္ၾကပ္အုန္းသန္းမွာ အဆိုပါၿခံဝင္းရွိ ေနအိမ္တြင္ သားတစ္ဦး၊ သမီးတစ္ဦး၊ ဇနီးတို႔ႏွင့္အတူ ငွားရမ္းေနထိုင္သည္မွာ တစ္ႏွစ္ခြဲခန႔္ရွိၿပီျဖစ္ေၾကာင္း၊ က်ဴးလြန္ခံရသူ မိန္းကေလး၏ဖခင္မွာ ဒီဇင္ဘာလ ၁၈ ရက္ေန႔ကတည္းက ခရီးသြားေနေၾကာင္း ၎ကေျပာသည္။





တပ္တြင္းစစ္ေဆးေန

အမႈဖြင့္ရန္ လိုက္ပါကူညီေနသည့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား ဒီဇင္ဘာ ၃၀ ရက္ေန႔ညက ရဲစခန္းသို႔ ေရာက္ရွိေနစဥ္ တပ္မေတာ္အရာရွိႏွစ္ဦးေရာက္ရွိလာၿပီး က်ဴးလြန္သူကို တပ္တြင္းအေရးယူမည္ ျဖစ္ေသာေၾကာင့္ အမႈမဖြင့္ရန္ တားဆီးခဲ့ေသးသည္ဟု ေတာက္ပၾကယ္-ဘာသာေပါင္းစုံ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ပံ့ပိုးကူညီသူမ်ားအဖြဲ႕ ဥကၠ႒ ဦးျမင့္သိန္းက ေျပာသည္။



“နာမည္ေမးတာေတာင္ မေျပာဘူး။ အရပ္ဝတ္နဲ႔ပဲ ဗိုလ္ႀကီးလို႔ေျပာတယ္၊ ေဆးစစ္တာေတာင္ သူတို႔ဟာသူတို႔ စစ္မယ္ေျပာတယ္။ ကၽြန္ေတာ္တို႔ လက္မခံခဲ့ဘူး” ဟု ဦးျမင့္သိန္းက ဆိုသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူကို တပ္တြင္းအခ်ဳပ္ထဲထည့္ထားၿပီး ထြက္ဆိုခ်က္မ်ားကို စစ္ေဆးေနေၾကာင္း၊ ျပစ္ဒဏ္ထင္ရွား၍ တပ္မွထုတ္ပယ္ၿပီးပါက အရပ္ဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီးေမာင္ေမာင္လတ္က Myanmar Now ကို ဒီဇင္ဘာလ ၃၁ ရက္ (ယေန႔) တြင္ ေျပာသည္။

“အမွန္အတိုင္းပဲေပါ့ ဥပေဒအတိုင္းပဲေပါ့” ဟု ၎က ဆိုသည္။





လာမည့္ ဇန္နဝါရီ ၂ ရက္ တြင္ မိန္းကေလးကို ေမာ္လၿမိဳင္ အေထြေထြေရာဂါကု ေဆး႐ုံႀကီးတြင္ မႈခင္းဆရာဝန္က ျပန္လည္ေဆးစစ္ခ်က္ယူမည္ဟု ဦးျမင့္သိန္းက ဆိုသည္။

“သူ႔အသက္အရြယ္နဲ႔ ဒီလိုလုပ္တဲ့အတြက္ ထိုက္တန္တဲ့အျပစ္ သူ႔ကိုေပးေစခ်င္တယ္။ သူ႔ကို ထိုက္တန္တဲ့အျပစ္မေပးခဲ့ရင္ ေနာင္တစ္ခ်ိန္ တျခားတစ္ေယာက္ကို က်ဴးလြန္မွာပဲ” ဟု မိန္းကေလးကို အုပ္ထိန္းသည့္ အမ်ိဳးသမီးက ေျပာသည္။



Unicode


အိမ်နီးချင်း စတုတ္ထတန်းကျောင်းသူကို မုဒိမ်းကျင့်မှုဖြင့် မော်လမြိုင်မှ ဒုတပ်ကြပ်တစ်ဦး အမှုဖွင့်ခံထားရ


အမှုဖွင့်ရန် ဒီဇင်ဘာလ ၃၀ ရက်နေ့ညက မုပွန်နယ်မြေရဲစခန်းရှေ့၌ လိုက်ပါကူညီဆောင်ရွက်သူများ စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ - Zin Moe/ Mawlamyine Rescue)






အိမ်နီးချင်း စတုတ္ထတန်းကျောင်းသူကို မုဒိမ်းကျင့်မှုဖြင့် မော်လမြိုင်မှ ဒုတပ်ကြပ်တစ်ဦး အမှုဖွင့်ခံထားရ







မော်လမြိုင်မြို့နယ်နေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သည်ဟုဆိုကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတပ်ကြပ်တစ်ဦးအား ယနေ့ (ဒီဇင်ဘာ ၃၁) တွင် မုပွန်နယ်မြေရဲစခန်း၌ အမှုဖွင့်ထားသည်ဟု နယ်မြေစခန်းမှ ရဲအုပ်အောင်နိုင်ဦးက ပြောသည်။



အသက် ၅၅ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အုန်းသန်းဆိုသူကို မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် (ပ) နံပါတ် ၃၁၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှု) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။






“အခုလက်ရှိ စစ်ဆေးဆဲပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ မှုခင်းပိုင်းနဲ့ပတ်သက်ပြီးတော့ အမှုလမ်းကြောင်းအတိုင်း စစ်ဆေးသွားမှာပါ” ဟု ရဲအုပ်အောင်နိုင်ဦးက ယနေ့နေ့လယ်ပိုင်းက ပြောသည်။

ကျူးလွန်ခံရသူမှာ အခြေခံပညာ စတုတ္ထတန်းကျောင်းသူဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် ဆေးစစ်ချက်များ ရယူပြီးဖြစ်သည်ဟု ဆက်ပြောသည်။





ဒုတပ်ကြပ်အုန်းသန်းသည် ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ မိသားစုဝင် ဆွေမျိုးများနေထိုင်ရာ ခြံဝင်းတွင် ငှားရမ်းနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ကလေးငယ်အား “မုဒိန်းပြုကျင့်သည်ကို အိမ်နီးနားချင်းများက လက်ပူးလက်ကြပ်မိခဲ့သည်” ဟု မိန်းကလေး၏ အုပ်ထိန်းသူ က Myanmar Now ကိုပြောသည်။





ဒီဇင်ဘာလ ၂၈ ရက် မတိုင်ခင် တစ်ပတ်ခန့်အတွင်းကလည်း လေးကြိမ်ထက်မနည်း အမျိုးသမီး အင်္ဂါအစိတ်အပိုင်းများ ကိုင်တွယ်ခံခဲ့ရသည်ဟု မိန်းကလေးကပြောပြကြောင်း အဆိုပါအုပ်ထိန်းသူက ဆိုသည်။

ဒုတပ်ကြပ်အုန်းသန်းမှာ အဆိုပါခြံဝင်းရှိ နေအိမ်တွင် သားတစ်ဦး၊ သမီးတစ်ဦး၊ ဇနီးတို့နှင့်အတူ ငှားရမ်းနေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေး၏ဖခင်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက ခရီးသွားနေကြောင်း ၎င်းကပြောသည်။





တပ်တွင်းစစ်ဆေးနေ

အမှုဖွင့်ရန် လိုက်ပါကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဒီဇင်ဘာ ၃၀ ရက်နေ့ညက ရဲစခန်းသို့ ရောက်ရှိနေစဉ် တပ်မတော်အရာရှိနှစ်ဦးရောက်ရှိလာပြီး ကျူးလွန်သူကို တပ်တွင်းအရေးယူမည် ဖြစ်သောကြောင့် အမှုမဖွင့်ရန် တားဆီးခဲ့သေးသည်ဟု တောက်ပကြယ်-ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးကူညီသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။



“နာမည်မေးတာတောင် မပြောဘူး။ အရပ်ဝတ်နဲ့ပဲ ဗိုလ်ကြီးလို့ပြောတယ်၊ ဆေးစစ်တာတောင် သူတို့ဟာသူတို့ စစ်မယ်ပြောတယ်။ ကျွန်တော်တို့ လက်မခံခဲ့ဘူး” ဟု ဦးမြင့်သိန်းက ဆိုသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို တပ်တွင်းအချုပ်ထဲထည့်ထားပြီး ထွက်ဆိုချက်များကို စစ်ဆေးနေကြောင်း၊ ပြစ်ဒဏ်ထင်ရှား၍ တပ်မှထုတ်ပယ်ပြီးပါက အရပ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်က Myanmar Now ကို ဒီဇင်ဘာလ ၃၁ ရက် (ယနေ့) တွင် ပြောသည်။

“အမှန်အတိုင်းပဲပေါ့ ဥပဒေအတိုင်းပဲပေါ့” ဟု ၎င်းက ဆိုသည်။





လာမည့် ဇန်နဝါရီ ၂ ရက် တွင် မိန်းကလေးကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးတွင် မှုခင်းဆရာဝန်က ပြန်လည်ဆေးစစ်ချက်ယူမည်ဟု ဦးမြင့်သိန်းက ဆိုသည်။

“သူ့အသက်အရွယ်နဲ့ ဒီလိုလုပ်တဲ့အတွက် ထိုက်တန်တဲ့အပြစ် သူ့ကိုပေးစေချင်တယ်။ သူ့ကို ထိုက်တန်တဲ့အပြစ်မပေးခဲ့ရင် နောင်တစ်ချိန် တခြားတစ်ယောက်ကို ကျူးလွန်မှာပဲ” ဟု မိန်းကလေးကို အုပ်ထိန်းသည့် အမျိုးသမီးက ပြောသည်။