01-Jan-2020

ရန္ကုန္၊ ဇန္နဝါရီ ၁
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္ၿမိဳ႕နယ္သို႔ ေအာင္တံခြန္-၇ ေရယာဥ္ျဖင့္ လိုက္ပါလာေသာ ကုန္းလမ္းပို႔ေဆာင္ေရးဌာနမွ ယာဥ္ေမာင္းဝန္ထမ္း (၁၆) ဦးကို AA က ျပန္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ရေသ့ေတာင္ၿမိဳ႕နယ္၊ စဖိုကၽြန္းေက်းရြာအနီးတြင္၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁) ရက္ေန႔ မြန္းလြဲ ၁ နာရီ ခန႔္က ေအာင္တံခြန္-၇ ေရယာဥ္ကို ရပ္တန႔္စစ္ေဆးၿပီး ဖမ္းဆီးေခၚေဆာင္သြားေသာ ယာဥ္ေမာင္း ၁၆ ဦးကို ယေန႔ နံနက္ ၇ နာရီခန႔္က ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေသကံေက်းရြာ စာသင္ေက်ာင္း၌ ျပန္လည္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။
“သူတို႔ဘူးသီးေတာင္ၿမိဳ႕နယ္ကို ေရာက္ကိုေနပါၿပီ၊ သူတို႔ကိုေတာ့ ဘာမွေမးမၾကည့္ရေသးဘူး၊ ေရမိုးခ်ိဳး ထမင္း စားေကၽြး လုပ္ထားတယ္၊ သူတို႔က ျပန္လည္ႀကိဳဆို လက္ခံေရးစခန္းက ယာဥ္ေမာင္းေတြျဖစ္တဲ့အတြက္ အဲဒီ ကိုပဲ ပို႔လိုက္မွာပါ။” ဟု ေမာင္းေတာခရိုင္ အုပ္ခ်ဳပ္ေရး မႉး ဦးစိုးေအာင္ ကေျပာၾကားသည္။
ယင္း ယာဥ္ေမာင္း(၁၆)ဦးကို ေအေအအဖြဲ႕က ရေသ့ေတာင္ၿမိဳ႕နယ္၊ ၿပိန္းေတာေက်းရြာအနီး၌ ေခၚ ယူထိန္း သိမ္းစစ္ေဆးခဲ့ ျခင္းျဖစ္ေၾကာင္း၊ စစ္ဖက္ႏွင့္သက္ဆိုင္သူမ်ား၊ မသကၤာဖြယ္ရာရွိသူမ်ား မဟုတ္ေသာေၾကာင့္ ျပန္လည္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ စစ္ေဆးသည့္အခ်ိန္တြင္ ေကာင္းမြန္စြာ စစ္ေဆးခဲ့ၿပီး ျပန္လႊတ္ေပးသည့္အခ်ိန္တြင္ ေကာင္းမြန္စြာျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔က စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္ၿမိဳ႕သို႔ ထြက္ခြာလာေသာ ေအာင္တံခြန္-၇ ခရီးသည္တင္ ေရယာဥ္ေပၚတြင္ ခရီးသည္ (၈၉) ဦး၊ ေရယာဥ္ဝန္ထမ္း (၁၂) ဦးလိုက္ပါလာၿပီး ယင္းအနက္မွ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ယာဥ္ေမာင္းဝန္ထမ္း (၁၆) ဦး ဖမ္းဆီးစစ္ေဆးခံရျခင္းျဖစ္သည္။ ယင္းယာဥ္ေမာင္းမ်ားသည္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ျပန္လည္လက္ခံေရးစခန္းတြင္ ေမာ္ေတာ္ယာဥ္မ်ား ေမာင္းႏွင္ရန္ ပို႔ေဆာင္ျခင္းခံရသူမ်ားျဖစ္သည္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ဘူသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ဘဇာနယ္ေျမတြင္ ဖမ္းဆီးသြားေသာ လူဝင္မႈႀကီးၾကပ္ေရးဝန္ထမ္း သုံးဦးကို AA တပ္ဖြဲ႕က ျပန္လည္လႊတ္ေပးျခင္းမရွိေသးေပ။
ေဇာ္မိုးလြင္
Unicode
အောင်တံခွန်ရေယာဉ်ဖြင့် လိုက်ပါလာသော ကုန်းလမ်းပို့ဆောင်ရေးယာဉ်မောင်း (၁၆) ဦးကို AA ကပြန်လွှတ်ပေး
01-Jan-2020

ရန်ကုန်၊ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ အောင်တံခွန်-၇ ရေယာဉ်ဖြင့် လိုက်ပါလာသော ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ယာဉ်မောင်းဝန်ထမ်း (၁၆) ဦးကို AA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းကျေးရွာအနီးတွင်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်က အောင်တံခွန်-၇ ရေယာဉ်ကို ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားသော ယာဉ်မောင်း ၁၆ ဦးကို ယနေ့ နံနက် ၇ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ သေကံကျေးရွာ စာသင်ကျောင်း၌ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“သူတို့ဘူးသီးတောင်မြို့နယ်ကို ရောက်ကိုနေပါပြီ၊ သူတို့ကိုတော့ ဘာမှမေးမကြည့်ရသေးဘူး၊ ရေမိုးချိုး ထမင်း စားကျွေး လုပ်ထားတယ်၊ သူတို့က ပြန်လည်ကြိုဆို လက်ခံရေးစခန်းက ယာဉ်မောင်းတွေဖြစ်တဲ့အတွက် အဲဒီ ကိုပဲ ပို့လိုက်မှာပါ။” ဟု မောင်းတောခရိုင် အုပ်ချုပ်ရေး မှူး ဦးစိုးအောင် ကပြောကြားသည်။
ယင်း ယာဉ်မောင်း(၁၆)ဦးကို အေအေအဖွဲ့က ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီး၌ ခေါ် ယူထိန်း သိမ်းစစ်ဆေးခဲ့ ခြင်းဖြစ်ကြောင်း၊ စစ်ဖက်နှင့်သက်ဆိုင်သူများ၊ မသင်္ကာဖွယ်ရာရှိသူများ မဟုတ်သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးသည့်အချိန်တွင် ကောင်းမွန်စွာ စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးသည့်အချိန်တွင် ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသော အောင်တံခွန်-၇ ခရီးသည်တင် ရေယာဉ်ပေါ်တွင် ခရီးသည် (၈၉) ဦး၊ ရေယာဉ်ဝန်ထမ်း (၁၂) ဦးလိုက်ပါလာပြီး ယင်းအနက်မှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မောင်းဝန်ထမ်း (၁၆) ဦး ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်။ ယင်းယာဉ်မောင်းများသည် ဘူးသီးတောင်မြို့နယ်၊ ပြန်လည်လက်ခံရေးစခန်းတွင် မော်တော်ယာဉ်များ မောင်းနှင်ရန် ပို့ဆောင်ခြင်းခံရသူများဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘူသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေတွင် ဖမ်းဆီးသွားသော လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း သုံးဦးကို AA တပ်ဖွဲ့က ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
ဇော်မိုးလွင်
0 Comments