မေအးေအးမာ

၀င္းေဇာ္ထြန္း နဲ႕ ေဇာ္၀င္းတို႔ ၂ ဦးကို ဖမ္းဆီး ထိမ္းသိမ္းထားစဥ္
မွ်ေ၀ပါ
[Zawgyi / Unicode]

ထိုင္းႏိုင္ငံမွာ လိပ္ကြၽန္းလူသတ္မူနဲ႔ေသဒဏ္ေပးခံထားရတဲ့ ျမန္မာေ႐ႊေျပာင္းလူငယ္ ၂ ဦးကို ထိုင္းဘုရင္းမင္းျမတ္က ေသဒဏ္ျပစ္ဒဏ္ကေန ခြင့္လြတ္ေပးဖို ့အတြက္ အသနာခံထား တာနဲ႔ ပတ္သက္ၿပီး ထိုင္းဘုရင္က တႏွစ္အတြင္းမွာ ဆုံးျဖတ္ဖြယ္ရွိတယ္လို႔ ထိုင္းႏိုင္ငံဘန္ေကာက္ျမဳ ိျမန္မာသံ႐ုံးရဲ႕ ဥပေဒအႀကံေပးက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ လိပ္ကြၽန္းလူသတ္မူနဲ႔ေသဒဏ္ေပးခံထားရတဲ့ ျမန္မာေ႐ႊေျပာင္းလူငယ္ ၂ဦးကို ထိုင္းဘုရင္းမင္းျမတ္အေနနဲ႔ ေသဒဏ္ျပစ္ဒဏ္ကေန ခြင့္လြတ္ေပးဖို ့ အသနားခံစာ ကို တင္ခဲ့တာျဖစ္ၿပီး ဒီအသနားခံစာကို ေအာက္တိုဘာလ၂၄ ရက္ေန႔က လူငယ္ ၂ဦး အက်ဥ္းခ်ထားရာ ဘန္ခြမ္အက်ဥ္းေထာင္ကတဆင့္ ဘုရင္မင္းျမတ္ဆီေရာက္ေအာင္ ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီအသနားခံစာနဲ႔ ပတ္သက္ၿပီး တႏွစ္အတြင္း မွာ ဆုံးျဖတ္မယ့္အေျခအေနရွိေနတယ္လို႔ ဘန္ေကာက္က ျမန္မာသံ႐ုံးရဲ႕ ဥပေဒအႀကံေပး ဦးေအာင္မ်ိဳးသန႔္က ဗြီြအိုေအကို အခုလိုေျပာပါတယ္။

"အန္ကယ္တို႔ဘက္ကေတာ့ လုပ္သင့္တာကို အားလုံး ေဆာင္႐ြက္ၿပီးၿပီ။ သံအမတ္ႀကီးဦးေဆာင္ၿပီး အသနားခံစာလည္း တင္ၿပီးပါၿပီ။ အန္ကယ္တို႔တင္တာက ၂၄ရက္ေန႔ ၁၀ လ ၂၀၁၉ ဒီၾကားထဲမွာ ဘုရင္ရဲ႕ ပြဲတခုခုရွိရင္ေတာ့ ထူးျခားခ်က္ေပါ့။ ပုံမွန္ကေတာ့ တႏွစ္အတြင္းမွာေတာ့ တခုခု ေျပာင္းလဲမူထူးထူးျခားမူူရွိမယ္ လို႔ၾကားပါတယ္။ ေရွ႕ေနမ်ားေကာင္စီ ဘက္ကေနၾကားပါတယ္။"

ဘုရင္ဆီက ေန အေၾကာင္းျပန္ လာတဲ့အခါ အေကာင္းဆုံး အေျဖရရွိလာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔၊ ျမန္မာသံ႐ုံးကို ဒီအမူနဲ႔ ပတ္သက္ၿပီး အကူညီေပးေနတဲ့ ထိုင္းေရွေနမ်ားေကာင္စီ ဘက္က ေျပာၾကားေၾကာင္းလည္း ဦးေအာင္မ်ိဳးသန႔္ ကေျပာပါတယ္။

"ေရွ႕ေနေကာင္စီမ်ားဘက္ကလည္းအေကာင္းဆုံးအႀကံဉာဏ္ေပးတယ္ အေကာင္းဆုံးျဖစ္ရပ္ေတြကို အစအဆုံး လုပ္ခဲ့တာဆိုေတာ့ အသနားခံစာတင္တဲ့အခါမွာ တင္ထားတဲ့အခ်က္ေတြကလည္းေတာ္ေတာ္ေလးေလးနက္နက္ရွိတယ္။ သူတို႔ကိုယ္တိုင္ကလည္း ဒီျပစ္ဒဏ္ဟာ ဘုရင္ဆီေရာက္သြားရင္ ဘာမွဆက္လုပ္လို႔မရေတာ့ဘူး ဘုရင္ သေဘာထား ျဖစ္သြားၿပီ။ ဘုရင္ရဲ႕ဆုံးျဖတ္ခ်က္ျဖစ္သြားၿပီ။ ဒီေတာ့ဘုရင္ဆီေရာက္ၿပီးရင္ေတာ့ ေကာင္းေသာေမွ်ာ္လင့္ခ်က္ အေျပာင္းအလဲတခု ရသြားမယ္လို႔ေတာ့ သူတို႔လည္းေမ််ာ္လင့္ေနပါတယ္။"

လိပ္ကြၽန္းလူသတ္မူနဲပတ္သက္လို႔ အသနားခံစာတင္သြင္းတုန္းကေတာ့ ျမန္မာျပည္တြင္းက လူထုအေျချပဳအဖြဲ႕အစည္း ၆၀နဲ႔ ထိုင္းဘက္က အစိုးရမဟုတ္တဲ့အဖြဲ႕အစည္းေတြရဲ႕ေထာက္ခံစာမ်ားနဲ႔အတူ ပူးတြဲေပးပို႔ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ထိုင္းဘက္က NGO ေတြကလည္း ေထာက္ခံေၾကာင္း ေရးထားတဲ့ စာေတြလည္း ပူးတြဲ တင္လိုက္တာ ျဖစ္ပါတယ္။

ျပည္ပႏိုင္ငံတခုခုမွာ ျပစ္မႈက်ဴးလြန္ၿပီး ျပစ္ဒဏ္ေပးခဲ့ထားရတဲ့ ျမန္မာႏိုင္ငံသားေတြအေရးနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရ အဆက္ဆက္က ၾကားဝင္ေဆာင္႐ြက္ေပးတဲ့ အစဥ္အလာ အရင္က မရွိခဲ့ေပမယ့္ ဒီကိစၥမွာ ကူညီေဆာင္႐ြက္ေပးဖို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီကို အရင္သမၼတ ဦးသိန္းစိန္ အစိုးရက ေတာင္းဆိုခဲ့တာပါ။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ခန႔္မွန္းေခ် ၄,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ ေကာ့ေတာင္ အပမ္းေျဖကြၽန္းျဖစ္တဲ့ လိပ္ကြၽန္းမွာ ၂၀၁၄ခုႏွစ္ စက္တင္ဘာလမွာ ၿဗိတိန္လူငယ္၂ ဦးသတ္ခံခဲ့ရတာ ျဖစ္ၿပီး ဒီအမႈမွာ ျမန္မာေ႐ႊ႕ေျပာင္းလူငယ္ ၂ ေယာက္ျဖစ္တဲ့ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္း တို႔ကို လူသတ္မႈ၊ မုဒိမ္းမႈ၊ ပစၥည္းလူယူမႈ အပါအဝင္ အမႈ ၇ မႈနဲ႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။


Unicode




လိပ်ကျွန်းတရားခံ ၂ ဦး အယူခံ ထိုင်းဘုရင် တနှစ်အတွင်းဆုံးဖြတ်မည်



မအေးအေးမာ

ဝင်းဇော်ထွန်း နဲ့ ဇော်ဝင်းတို့ ၂ ဦးကို ဖမ်းဆီး ထိမ်းသိမ်းထားစဉ်
မျှဝေပါ
[Zawgyi / Unicode]

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေပြောင်းလူငယ် ၂ ဦးကို ထိုင်းဘုရင်းမင်းမြတ်က သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးဖို ့အတွက် အသနာခံထား တာနဲ့ ပတ်သက်ပြီး ထိုင်းဘုရင်က တနှစ်အတွင်းမှာ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြု ိမြန်မာသံရုံးရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေပြောင်းလူငယ် ၂ဦးကို ထိုင်းဘုရင်းမင်းမြတ်အနေနဲ့ သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးဖို ့ အသနားခံစာ ကို တင်ခဲ့တာဖြစ်ပြီး ဒီအသနားခံစာကို အောက်တိုဘာလ၂၄ ရက်နေ့က လူငယ် ၂ဦး အကျဉ်းချထားရာ ဘန်ခွမ်အကျဉ်းထောင်ကတဆင့် ဘုရင်မင်းမြတ်ဆီရောက်အောင် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီအသနားခံစာနဲ့ ပတ်သက်ပြီး တနှစ်အတွင်း မှာ ဆုံးဖြတ်မယ့်အခြေအနေရှိနေတယ်လို့ ဘန်ကောက်က မြန်မာသံရုံးရဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဗွီွအိုအေကို အခုလိုပြောပါတယ်။

"အန်ကယ်တို့ဘက်ကတော့ လုပ်သင့်တာကို အားလုံး ဆောင်ရွက်ပြီးပြီ။ သံအမတ်ကြီးဦးဆောင်ပြီး အသနားခံစာလည်း တင်ပြီးပါပြီ။ အန်ကယ်တို့တင်တာက ၂၄ရက်နေ့ ၁၀ လ ၂၀၁၉ ဒီကြားထဲမှာ ဘုရင်ရဲ့ ပွဲတခုခုရှိရင်တော့ ထူးခြားချက်ပေါ့။ ပုံမှန်ကတော့ တနှစ်အတွင်းမှာတော့ တခုခု ပြောင်းလဲမူထူးထူးခြားမူူရှိမယ် လို့ကြားပါတယ်။ ရှေ့နေများကောင်စီ ဘက်ကနေကြားပါတယ်။"

ဘုရင်ဆီက နေ အကြောင်းပြန် လာတဲ့အခါ အကောင်းဆုံး အဖြေရရှိလာဖို့ မျှော်လင့်ထားတယ်လို့၊ မြန်မာသံရုံးကို ဒီအမူနဲ့ ပတ်သက်ပြီး အကူညီပေးနေတဲ့ ထိုင်းရှေနေများကောင်စီ ဘက်က ပြောကြားကြောင်းလည်း ဦးအောင်မျိုးသန့် ကပြောပါတယ်။

"ရှေ့နေကောင်စီများဘက်ကလည်းအကောင်းဆုံးအကြံဉာဏ်ပေးတယ် အကောင်းဆုံးဖြစ်ရပ်တွေကို အစအဆုံး လုပ်ခဲ့တာဆိုတော့ အသနားခံစာတင်တဲ့အခါမှာ တင်ထားတဲ့အချက်တွေကလည်းတော်တော်လေးလေးနက်နက်ရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီပြစ်ဒဏ်ဟာ ဘုရင်ဆီရောက်သွားရင် ဘာမှဆက်လုပ်လို့မရတော့ဘူး ဘုရင် သဘောထား ဖြစ်သွားပြီ။ ဘုရင်ရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီ။ ဒီတော့ဘုရင်ဆီရောက်ပြီးရင်တော့ ကောင်းသောမျှော်လင့်ချက် အပြောင်းအလဲတခု ရသွားမယ်လို့တော့ သူတို့လည်းမျျော်လင့်နေပါတယ်။"

လိပ်ကျွန်းလူသတ်မူနဲပတ်သက်လို့ အသနားခံစာတင်သွင်းတုန်းကတော့ မြန်မာပြည်တွင်းက လူထုအခြေပြုအဖွဲ့အစည်း ၆ဝနဲ့ ထိုင်းဘက်က အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံစာများနဲ့အတူ ပူးတွဲပေးပို့ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဘက်က NGO တွေကလည်း ထောက်ခံကြောင်း ရေးထားတဲ့ စာတွေလည်း ပူးတွဲ တင်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတခုခုမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ပေးခဲ့ထားရတဲ့ မြန်မာနိုင်ငံသားတွေအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အဆက်ဆက်က ကြားဝင်ဆောင်ရွက်ပေးတဲ့ အစဉ်အလာ အရင်က မရှိခဲ့ပေမယ့် ဒီကိစ္စမှာ ကူညီဆောင်ရွက်ပေးဖို့ ထိုင်းရှေ့နေများကောင်စီကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရက တောင်းဆိုခဲ့တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင် အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ်၂ ဦးသတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။