၂၀၁၉ ခုႏွစ္အတြင္း ေျမျမႇုပ္မိုင္းေတြနဲ႔ စစ္လက္က်န္ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ား (ERWs) ရဲ့ အက်ိဳးဆက္ေၾကာင့္ ျမန္မာနိုင္ငံ ပဋိပကၡျဖစ္ပြားရာ နယ္ေျမေတြမွာ ကေလးငယ္ ၁၆ ေယာက္ အသက္ဆုံးရႈံးခဲ့ရၿပီး ၃၆ ေယာက္ ျပင္းထန္ဒဏ္ရာရရွိခဲ့တယ္လို႔ ယူနီဆက္ဖ္က ဇန္နဝါရီ ၁၀ မွာ ထုတ္ျပန္ပါတယ္။
ဇန္နဝါရီ ၆ ရက္ေန႔က ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ထိုက္ထူေပါက္ရြာအနီးရွိ ေတာအတြင္း ထင္းေကာက္ေနစဥ္ ေပါက္ကြဲမႈတခုေၾကာင့္ ကေလးငယ္ ၄ ေယာက္ ေသဆုံးခဲ့ရမႈအေပၚ မ်ားစြာဝမ္းနည္းေၾကကြဲရေၾကာင္း ထုတ္ျပန္ထားပါတယ္။
ယူနီဆက္ဖ္အေနနဲ႔ ပဋိပကၡအတြင္း ေရာက္ရွိေနတဲ့ ကေလးငယ္ေတြ ေဘးကင္းလုံျခဳံမႈရွိေရးနဲ႔ အကာအကြယ္ရပိုင္ခြင့္ကို ထိန္းသိမ္းနိုင္ဖို႔အတြက္ ေျမျမႇုပ္မိုင္း ခ်ထားျခင္းေတြ မလုပ္ဖို႔နဲ႔ လက္ရွိမိုင္းနဲ႔ မေပါက္ကြဲေသးေသာ လက္နက္ပစၥည္းမ်ားကို ရွင္းလင္းဖယ္ရွားၾကဖို႔လည္း အဖြဲ႕အစည္းအားလုံးကို တိုက္တြန္းထားပါတယ္။
ဒါ့အျပင္ ပဋိပကၡေၾကာင့္ ထိခိုက္မႈရွိေနတဲ့ ေဒသအားလုံးရွိ ကေလးငယ္ေတြ၊ ဆရာေတြနဲ႔ အျခားရပ္ရြာ အသိုက္အဝန္းအဖြဲ႕ဝင္ေတြကို လူမႈစိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈနဲ႔ မိုင္းအႏၲရာယ္ အသိပညာေပးမႈေတြ ရရွိဖို႔ အေရးေပၚမိုင္းအႏၲရာယ္ အသိပညာေပး လႈပ္ရွား ေဆာင္ရြက္မႈမ်ား ျပဳလုပ္နိုင္ေအာင္ အစိုးရဘက္ကလည္း ကူညီေပးဖို႔ တိုက္တြန္းထားပါတယ္။
Unicode
မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများကြောင့် ကလေး ၁၆ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ

၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ (ERWs) ရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေမှာ ကလေးငယ် ၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၃၆ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ယူနီဆက်ဖ်က ဇန်နဝါရီ ၁၀ မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိုက်ထူပေါက်ရွာအနီးရှိ တောအတွင်း ထင်းကောက်နေစဉ် ပေါက်ကွဲမှုတခုကြောင့် ကလေးငယ် ၄ ယောက် သေဆုံးခဲ့ရမှုအပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။
ယူနီဆက်ဖ်အနေနဲ့ ပဋိပက္ခအတွင်း ရောက်ရှိနေတဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းနိုင်ဖို့အတွက် မြေမြှုပ်မိုင်း ချထားခြင်းတွေ မလုပ်ဖို့နဲ့ လက်ရှိမိုင်းနဲ့ မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားကြဖို့လည်း အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပဋိပက္ခကြောင့် ထိခိုက်မှုရှိနေတဲ့ ဒေသအားလုံးရှိ ကလေးငယ်တွေ၊ ဆရာတွေနဲ့ အခြားရပ်ရွာ အသိုက်အဝန်းအဖွဲ့ဝင်တွေကို လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ မိုင်းအန္တရာယ် အသိပညာပေးမှုတွေ ရရှိဖို့ အရေးပေါ်မိုင်းအန္တရာယ် အသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်နိုင်အောင် အစိုးရဘက်ကလည်း ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
0 Comments