ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္နဲ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ေတြက စားေသာက္ဆိုင္ႏွစ္ဆိုင္ကို ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဗဟိုအဖြဲ႕က လာေရာက္ခ်ိတ္ပိတ္ခဲ့ေၾကာင္း ေဒသႏၲရအာဏာပိုင္ေတြ က ေျပာပါတယ္။
81728561_2850139455030216_7120713820061827072_n
ၿပီးခဲ့တပတ္ေလာက္က ေတာင္ဥကၠလာပၿမိဳ႕နယ္ ရတနာလမ္းမေပၚမွာ ဖြင့္လွစ္ထားတဲ့ မဟာႏြယ္စားေသာက္ဆိုင္ကို လာေရာက္ခ်ိတ္ပိတ္ခဲ့ၿပီး၊ မေန႔ကလည္း တာေမြၿမိဳ႕နယ္၊ အာေသာက လမ္းေပၚက Phoenix စားေသာက္ဆိုင္ကို လာေရာက္စစ္ေဆးၿပီး ခ်ိတ္ပိတ္ခဲ့တာျဖစ္ပါတယ္။
81762631_2850232371687591_6442009116419293184_n
Phoenix စားေသာက္ဆိုင္ဟာ အခန္းငွားၿပီး ဆိုင္ဖြင့္တာတႏွစ္ေက်ာ္ရွိၿပီျဖစ္ၿပီး ဆိုင္ဟာ ေမာင္ႏွမ အတူပိုင္ဆိုင္တာျဖစ္ေၾကာင္း၊ လာေရာက္ခ်ိတ္ပိတ္ရာမွာ သက္ေသအျဖစ္ပါခဲ့တဲ့ တာေမြၿမိဳ႕နယ္ မလြကုန္းေဌးႂကြယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစိန္ေဌးက ေျပာပါတယ္။
81529141_2850139408363554_1185592543438438400_n
ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဗဟိုအဖြဲ႕က လာေရာက္ခ်ိတ္ပိတ္ရာမွာ ဘယ္သူမွ မက်ဴးေက်ာ္ရ၊ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕၊ ေငြေၾကးဆိုင္ရာ စုံစမ္းေထာက္လွမ္းေရး အဖြဲ႕၊ စိစစ္ေရးအဖြဲ႕က ယာယီသိမ္းဆည္းထားေၾကာင္း၊ ဝင္ေရာက္က်ဴးေက်ာ္ေျပာင္းလႊဲ၊ လႊဲေျပာင္း ေဖာက္ဖ်က္ပါက ဥပေဒအရ အေရးယူခံရမည္ ဆိုတဲ့ စာသားပါတဲ့ ပိုစတာကို ဆိုင္ႏွစ္ဆိုင္လုံးမွာ ခ်ိတ္ဆြဲထားပါတယ္။
81909010_2850232435020918_2604149576210317312_n
၂၀၁၄ ခုႏွစ္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ ၂၀၁၄ ခုႏွစ္မွ ယေန႔အထိ အမႈေပါင္း ၉၂ မႈ စုံစမ္းစစ္ေဆးခဲ့ၿပီး တရားစြဲတင္ခဲ့တဲ့ အမႈေပါင္း ၂၄ မႈ၊ တရားစြဲတင္ဖို႔ ေဆာင္႐ြက္ဆဲ ၃၄ မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္အေရးယူႏိုင္မႈ ၁၀ မႈရွိပါေၾကာင္း၊ စုစုေပါင္း တန္ဖိုးက်ပ္ ၆၀၃၁ သန္းကို ႏိုင္ငံဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ၿပီးျဖစ္ေၾကာင္း၊ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီက သိရပါတယ္။
82525252_2850232328354262_427952826296041472_n
81933669_2850232588354236_600300084243988480_n
ဒီဗြီဘီ


Unicode




ရန်ကုန်တိုင်း၊ တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေက စားသောက်ဆိုင်နှစ်ဆိုင်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က လာရောက်ချိတ်ပိတ်ခဲ့ကြောင်း ဒေသန္တရအာဏာပိုင်တွေ က ပြောပါတယ်။


ပြီးခဲ့တပတ်လောက်က တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ မဟာနွယ်စားသောက်ဆိုင်ကို လာရောက်ချိတ်ပိတ်ခဲ့ပြီး၊ မနေ့ကလည်း တာမွေမြို့နယ်၊ အာသောက လမ်းပေါ်က Phoenix စားသောက်ဆိုင်ကို လာရောက်စစ်ဆေးပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။


Phoenix စားသောက်ဆိုင်ဟာ အခန်းငှားပြီး ဆိုင်ဖွင့်တာတနှစ်ကျော်ရှိပြီဖြစ်ပြီး ဆိုင်ဟာ မောင်နှမ အတူပိုင်ဆိုင်တာဖြစ်ကြောင်း၊ လာရောက်ချိတ်ပိတ်ရာမှာ သက်သေအဖြစ်ပါခဲ့တဲ့ တာမွေမြို့နယ် မလွကုန်းဌေးကြွယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ဌေးက ပြောပါတယ်။


ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က လာရောက်ချိတ်ပိတ်ရာမှာ ဘယ်သူမှ မကျူးကျော်ရ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့၊ စိစစ်ရေးအဖွဲ့က ယာယီသိမ်းဆည်းထားကြောင်း၊ ဝင်ရောက်ကျူးကျော်ပြောင်းလွှဲ၊ လွှဲပြောင်း ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူခံရမည် ဆိုတဲ့ စာသားပါတဲ့ ပိုစတာကို ဆိုင်နှစ်ဆိုင်လုံးမှာ ချိတ်ဆွဲထားပါတယ်။


၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ၉၂ မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့တဲ့ အမှုပေါင်း ၂၄ မှု၊ တရားစွဲတင်ဖို့ ဆောင်ရွက်ဆဲ ၃၄ မှုနဲ့ ပြစ်ဒဏ်ချမှတ်အရေးယူနိုင်မှု ၁၀ မှုရှိပါကြောင်း၊ စုစုပေါင်း တန်ဖိုးကျပ် ၆၀၃၁ သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပြီးဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရပါတယ်။

ဒီဗွီဘီ