နာဂတိုင္းရင္းသားေလးတစ္ေယာက္ျဖစ္တဲ့ တန္ခြန္ေက်ာ္ကေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးကေနတစ္ဆင့္ ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကို ရရွိခဲ့သူတစ္ေယာက္ပါ။ၿပိဳင္ပြဲစဥ္တစ္ေလွ်ာက္လုံးမွာ တစ္ႀကိမ္သာရတဲ့ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကို အသုံးျပဳရတဲ့ Channel 9 Wild Card Winner ဆုရွင္ျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲႀကီးကို တစ္ဖန္ျပန္လည္ဝင္ေရာက္လာရသူလည္းျဖစ္ပါတယ္။
Image may contain: 1 person, closeup
ျမန္မာအိုင္ေဒါၿပိဳင္ပြဲစဥ္ႀကီးၿပီးဆုံးသြားခဲ့တဲ့အခ်ိန္မွာေတာ့ ကိုယ္စီဂီတခရီးလမ္းကို ေလွ်ာက္လွမ္းလာခဲ့တဲ့သူေတြထဲမွာ တန္ခြန္ေက်ာ္တစ္ေယာက္လည္း အပါအဝင္ျဖစ္ၿပီး မၾကာေသးခင္ကမွ ေတာင္ႀကီးၿမိဳ႕မွာက်င္းပတဲ့ Miss Universe Taunggyi & Pathein ၿပိဳင္ပြဲႀကီးမွာ သြားေရာက္သီဆိုခဲ့ပါေသးတယ္။အျခားပြဲေတြအတြက္ ကမ္းလွမ္းမႈေတြလည္း ရွိေနၿပီျဖစ္ၿပီး မိဘအေပၚသိတတ္လိမၼာတဲ့သားေလးျဖစ္တဲ့ တန္ခြန္ေက်ာ္ကေတာ့ မေန႔က အေမမ်ားေန႔မွာ မိခင္ျဖစ္သူအတြက္ ေ႐ႊဆြဲႀကိဳးႀကီးဝယ္ေပးခဲ့တာျဖစ္ပါတယ္။
Image may contain: 1 person, sitting and standing
No photo description available.
“အေမမ်ားေန႔အထိမ္းအမွတ္ အဦးဆုံးရတဲ့ အႏုပညာေၾကးေလးနဲ႔ အေမ့ကိုလက္ေဆာင္ေလးဝယ္ေပးႏိုင္ခဲ့ပါၿပီ။ေက်းဇူးရွင္ေတြအားလုံးကို ဝမ္းသာေစခ်င္လို႔ တင္ေပးလိုက္ပါတယ္ဗ်။ေက်းဇူးတင္ထိုက္သူအားလုံးကို ေက်းဇူးတင္ပါတယ္ဗ်” ဆိုၿပီး သူ႔ရဲ႕ေက်းဇူးရွင္ပရိသတ္ႀကီး ဝမ္းသာရေအာင္ ပို႔စ္ေလးတင္ၿပီး မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။မိဘအေပၚသိတတ္လြန္းတဲ့ နာဂတိုင္းရင္းသားေလးတန္ခြန္ေက်ာ္ကို ပရိသတ္ႀကီးကေရာ ဒီထက္ပိုခ်စ္ေပး အားေပးၾကမယ္မလား။
Image may contain: 1 person, smiling, closeup



Unicode






နာဂတိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေတစ်ဆင့် ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူတစ်ယောက်ပါ။ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာရတဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အသုံးပြုရတဲ့ Channel 9 Wild Card Winner ဆုရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲကြီးကို တစ်ဖန်ပြန်လည်ဝင်ရောက်လာရသူလည်းဖြစ်ပါတယ်။


မြန်မာအိုင်ဒေါပြိုင်ပွဲစဉ်ကြီးပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့ ကိုယ်စီဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့တဲ့သူတွေထဲမှာ တန်ခွန်ကျော်တစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး မကြာသေးခင်ကမှ တောင်ကြီးမြို့မှာကျင်းပတဲ့ Miss Universe Taunggyi & Pathein ပြိုင်ပွဲကြီးမှာ သွားရောက်သီဆိုခဲ့ပါသေးတယ်။အခြားပွဲတွေအတွက် ကမ်းလှမ်းမှုတွေလည်း ရှိနေပြီဖြစ်ပြီး မိဘအပေါ်သိတတ်လိမ္မာတဲ့သားလေးဖြစ်တဲ့ တန်ခွန်ကျော်ကတော့ မနေ့က အမေများနေ့မှာ မိခင်ဖြစ်သူအတွက် ရွှေဆွဲကြိုးကြီးဝယ်ပေးခဲ့တာဖြစ်ပါတယ်။

“အမေများနေ့အထိမ်းအမှတ် အဦးဆုံးရတဲ့ အနုပညာကြေးလေးနဲ့ အမေ့ကိုလက်ဆောင်လေးဝယ်ပေးနိုင်ခဲ့ပါပြီ။ကျေးဇူးရှင်တွေအားလုံးကို ဝမ်းသာစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ” ဆိုပြီး သူ့ရဲ့ကျေးဇူးရှင်ပရိသတ်ကြီး ဝမ်းသာရအောင် ပို့စ်လေးတင်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။မိဘအပေါ်သိတတ်လွန်းတဲ့ နာဂတိုင်းရင်းသားလေးတန်ခွန်ကျော်ကို ပရိသတ်ကြီးကရော ဒီထက်ပိုချစ်ပေး အားပေးကြမယ်မလား။