ဇန္နဝါရီ ၁၃
နိုင္ငံတကာသတင္း
အီရန္ခရီးသည္ အမ်ားစုပါဝင္ေသာ စုစုေပါင္းလူ ၁၇၆ ဦးလိုက္ပါလာသည့္ ယူက ရိန္းေလယာဥ္အား မွားယြင္းပစ္ခ်မိခဲ့ေၾကာင္း အီရန္အစိုးရကဝန္ခံခဲ့ၿပီးေနာက္ အီရန္
ျပည္သူမ်ား၏ မေက်မနပ္ဆႏၵျပပြဲမ်ား တီဟီရန္ႏွင့္ အျခားၿမိဳ့ႀကီးမ်ားတြင္ ဇန္နဝါရီ လ ၁၂ ရက္၌ ဒုတိယေန႔အျဖစ္ဆက္လက္ျဖစ္ပြားခဲ့သည္။
ဆႏၵျပသမားမ်ားက အီရန္ေခါင္းေဆာင္ပိုင္းကို မေက်မနပ္ ေႂကြးေၾကာ္သံမ်ားကို ေအာ္ဟစ္ခဲ့ၾကေၾကာင္းသိရသည္။
ဆႏၵျပသမားမ်ားႏွင့္ လုံျခဳံေရးတပ္ဖြဲ႕မ်ားအၾကား တိုက္ခိုက္မွုမ်ားလည္း ျဖစ္ပြားခဲ့ ရာမ်က္ရည္ယိုဗုံးမ်ားႏွင့္ ဆႏၵျပသမားမ်ားအား ပစ္ခတ္ခဲ့ေၾကာင္းသိရသည္။
ဆႏၵျပသမားမ်ားကလည္း လုံျခဳံေရးတပ္ဖြဲ႕ဝင္ အမ်ားအျပားခ်ထားသည့္ၾကားမွ ခ်ီတက္ဆႏၵျပမွုမ်ား ျပဳခဲ့ၾကေၾကာင္းသိရသည္။
တီဟီရန္ၿမိဳ့ရွိ ရွာဟစ္ဘီဟက္ရွ္တီတကၠသိုလ္မွ ဆႏၵျပေက်ာင္းသားမ်ားက လမ္း ေပၚတြင္ေရးဆြဲထားေသာ အေမရိကန္ႏွင့္ အစၥေရးအလံမ်ားေပၚမွ ျဖတ္ေလၽွာက္ရန္ ျငင္းဆိုခဲ့ၾကျခင္းျဖင့္ အစိုးရအားဆန႔္က်င္အာခံမွုကို ျပခဲ့ၾကေၾကာင္းသိရသည္။
ဆႏၵျပသမားမ်ားက “ကၽြန္ပ္တို့ရန္သူက အေမရိကန္ဟု အစိုးရညာေနသည္။ ရန္သူ အစစ္အမွန္ကအီရန္မွာသာျဖစ္သည္” ဟု အစိုးရဆန႔္က်င္ေရး ေႂကြးေၾကာ္သံမ်ားကို ေအာ္ဟစ္ခဲ့ၾကသည္။
တစ္ခ်ိန္တည္းမွာပင္ တီဟီရန္ၿမိဳ့၌ ဆိုေလမာနီကိုေထာက္ခံ၍ အေမရိကန္ႏွင့္ ၿဗိ တိန္တို့ကို ဆန႔္က်င္ေသာဆႏၵျပပြဲမ်ားကို ဇန္နဝါရီလ ၁၂ ရက္က ျပဳလုပ္ခဲ့ၾက ေၾကာင္းသိရသည္။
#TheFifthWaveNews. #အီရန္ဆႏၵျပ
#ေထြးကိုေထြး
Ref----- bbc
----------------------------------------------------------------------
Unicode
အီရန်တွင် ဆန္ဒပြပွဲများ ဒုတိယနေ့ဆက်လက်ဖြစ်ပွား
ဇန်နဝါရီ ၁၃
နိုင်ငံတကာသတင်း
အီရန်ခရီးသည် အများစုပါဝင်သော စုစုပေါင်းလူ ၁၇၆ ဦးလိုက်ပါလာသည့် ယူက ရိန်းလေယာဉ်အား မှားယွင်းပစ်ချမိခဲ့ကြောင်း အီရန်အစိုးရကဝန်ခံခဲ့ပြီးနောက် အီရန်
ပြည်သူများ၏ မကျေမနပ်ဆန္ဒပြပွဲများ တီဟီရန်နှင့် အခြားမြို့ကြီးများတွင် ဇန်နဝါရီ လ ၁၂ ရက်၌ ဒုတိယနေ့အဖြစ်ဆက်လက်ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသမားများက အီရန်ခေါင်းဆောင်ပိုင်းကို မကျေမနပ် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြကြောင်းသိရသည်။
ဆန္ဒပြသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ ရာမျက်ရည်ယိုဗုံးများနှင့် ဆန္ဒပြသမားများအား ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဆန္ဒပြသမားများကလည်း လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားချထားသည့်ကြားမှ ချီတက်ဆန္ဒပြမှုများ ပြုခဲ့ကြကြောင်းသိရသည်။
တီဟီရန်မြို့ရှိ ရှာဟစ်ဘီဟက်ရှ်တီတက္ကသိုလ်မှ ဆန္ဒပြကျောင်းသားများက လမ်း ပေါ်တွင်ရေးဆွဲထားသော အမေရိကန်နှင့် အစ္စရေးအလံများပေါ်မှ ဖြတ်လျှောက်ရန် ငြင်းဆိုခဲ့ကြခြင်းဖြင့် အစိုးရအားဆန့်ကျင်အာခံမှုကို ပြခဲ့ကြကြောင်းသိရသည်။
ဆန္ဒပြသမားများက “ကျွန်ပ်တို့ရန်သူက အမေရိကန်ဟု အစိုးရညာနေသည်။ ရန်သူ အစစ်အမှန်ကအီရန်မှာသာဖြစ်သည်” ဟု အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တီဟီရန်မြို့၌ ဆိုလေမာနီကိုထောက်ခံ၍ အမေရိကန်နှင့် ဗြိ တိန်တို့ကို ဆန့်ကျင်သောဆန္ဒပြပွဲများကို ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။
#TheFifthWaveNews. #အီရန်ဆန္ဒပြ
#ထွေးကိုထွေး
Ref----- bbc
----------------------------------------------------------------------
0 Comments