ဇန္နဝါရီ ၁၃
ပဉ္စမလှိုင်း
#TheFifthWaveNews
Photo - ရဲဇာနည်
--------------------------------------------------------------------
Unicode
ဇန်နဝါရီ ၁၃
ပဥ္စမလှိုင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်(၂)စီးကို AA အဖွဲ့က ရီမု မိုင်းဖြင့် ဇန်နဝါရီ(၁၁)ရက် နံနက် ၉း၄၅ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိ ရသည်။
နယ်မြေခံရဲတပ်ဖွဲ့ မိသားစုဝင်များသည် တပ်ဖွဲ့ပိုင်ယာဉ်(၂)စီးဖြင့် မြောက်ဦးမြို့မ ဈေးသို့ ဈေးဝယ်အပြီးပြန်လာစဉ် သကျမာန်အောင်ဘုရားအနီးတွင် ရီမုမိုင်းတစ်လုံး ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ထိမှန် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဟု ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
AA အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုသည့် လမ်းများပေါ်တွင် လက်နက်ကိုင် တိုက်ခိုက်ရန်အတွက် ရည်ရွယ်လှုပ်ရှားမှု မဟုတ်သည့်ယာဉ်များ၊ မြို့တွင်းရှိဘုရား စေတီများအနီး အများပြည်သူနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ ဒုက္ခရောက်စေရန် လူ့ အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ကို ထင်ရှားစွာတွေ့ရှိရသဖြင့် ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။
#TheFifthWaveNews
Photo - ရဲဇာနည်
--------------------------------------------------------------------
0 Comments