ဇန္နဝါရီ ၁၃




အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္တြင္ ေက်ာင္းသားထု အခြင့္အေရးအတြက္ ေတာင္းဆိုေနစဥ္ ေက်ာင္းသားအခ်င္းခ်င္း ပဋိပကၡျဖစ္ေစရန္ျပဳလုပ္သည့္ ေက်ာင္းအာဏာပိုင္မ်ားကို ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ ဒုဥကၠဌ ကိုေဝယံၿဖိဳးမိုးက ျပစ္တင ္႐ႈတ္ခ်လုိက္သည္။

"ကြၽန္ေတာ္တို ့ဗကသမ်ားအဖြဲ႔ခ်ဳပ္ အပါအဝင္ ဝန္းရံ သမဂၢကေက်ာင္းသားေတြက ေတာင္းဆိုဆႏၵျပမႈေတြ လုပ္ေနစဥ္မွာ ပဲ ေက်ာင္းအာဏာပိုင္ေတြရဲ႕လက္ကိုင္တုတ္ သမဂၢက သူေတြက လူစူလူေဝးနဲ႔ေရာက္လာၿပီး "ပါပါႀကီးကို မထိနဲ႔" ဆိုတဲ့ ေႂကြးေက်ာ္သံေတြ လုပ္ပါတယ္။ေက်ာင္းသားအစု အဖြဲ႔ႏွစ္ခုဟာ ေတာ္ေတာ္ေလး နီးကပ္တဲ့ အေနအထား ျဖစ္ေနခ်ိန္မွာ ေက်ာင္းအာဏာပိုင္ေတြက ဘာတစ္ခုမွ ေျဖ႐ွင္းေဆာင္ရြက္တာ မ႐ွိပါဘူး။ ဒီကေန႔ ေက်ာင္းအာဏာပိုင္ေတြဟာ ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ ေက်ာင္းသားအခ်င္းခ်င္း ပဋိပကၡျဖစ္ေအာင္ ဖန္တီးၾကတာလို ့ပဲေျပာရမယ္ဗ်။ အဲဒီလုပ္ရပ္ကို ဗကသမ်ားအဖြဲ႕ခ်ဳပ္နဲ႔ ညီေနာင္ သမဂၢေတြကလည္း ေၾကညာခ်က္ အသီးသီး ထုတ္ျပန္ၾကဖို ့႐ွိသလို ဗကသမ်ား အဖြဲ ့ခ်ဳပ္ကလည္း အခုလုပ္ရပ္အေပၚ ျပင္းျပင္းထန္ထန္ ကန္႔ကြက္႐ႈတ္ခ်ပါတယ္" ဟု ၎က ေျပာသည္။

ေက်ာင္းသားထုအခြင့္အေရး ကာကြယ္ေရးေက်ာင္းသားထုကို ဖိႏွိပ္ထားေသာ ေက်ာင္းစည္းကမ္းခ်က္မ်ား အလိုမရွိ၊ အေဆာင္ေနထိုင္ခြင့္ ရရွိေရးတို႔အတြက္ ကိုေအာင္ပိုင္ဦး(ပန္းပုဌာန) ေက်ာင္းသားႏွင့္ ဝန္းရံသမဂၢမ်ားမွ ပါေမာကၡခ်ဳပ္႐ုံးခန္း ေရွ႕တြင္ ေတာင္းဆိုဆႏၵျပေနစဥ္ ယင္းကဲ့သို႔ အေျခအေန ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

"ကြၽန္ေတာ္တို ့ကေတာ့ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေက်ာင္းသားထု အခြင့္အေရးအတြက္ ဆက္လက္တိုက္ပြဲဝင္မွာပါ။ ေနာက္တစ္ႀကိမ္ကေတာ့ ေက်ာင္းေပါင္းစံုကသမဂၢေတြ အင္အားအျပည့္နဲ႔ ပါဝင္ၿပီး ဆက္လုပ္ဖို ့ပဲ႐ွိပါတယ္"ဟု ကိုေဝယံၿဖိဳးမိုးက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ထံ သြားေရာက္ ေမးျမန္းခဲ့ရာ ျပန္လည္ေျဖၾကားျခင္း မ႐ွိခဲ့ေပ။

ကိုဖူးသစ္



  Unicode.    






ကျောင်းသားချင်း ပဋိပက္ခဖြစ်စေရန် ဆောင်ရွက်သည့် ကျောင်းအာဏာပိုင်များကို ဗကသ ပြစ်တင်ရှုတ်ချ

ဇန်နဝါရီ ၁၃

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ကျောင်းသားထု အခွင့်အရေးအတွက် တောင်းဆိုနေစဉ် ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်စေရန်ပြုလုပ်သည့် ကျောင်းအာဏာပိုင်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးက ပြစ်တင ်ရှုတ်ချလိုက်သည်။

"ကျွန်တော်တို ့ဗကသများအဖွဲ့ချုပ် အပါအဝင် ဝန်းရံ သမဂ္ဂကကျောင်းသားတွေက တောင်းဆိုဆန္ဒပြမှုတွေ လုပ်နေစဉ်မှာ ပဲ ကျောင်းအာဏာပိုင်တွေရဲ့လက်ကိုင်တုတ် သမဂ္ဂက သူတွေက လူစူလူဝေးနဲ့ရောက်လာပြီး "ပါပါကြီးကို မထိနဲ့" ဆိုတဲ့ ကြွေးကျော်သံတွေ လုပ်ပါတယ်။ကျောင်းသားအစု အဖွဲ့နှစ်ခုဟာ တော်တော်လေး နီးကပ်တဲ့ အနေအထား ဖြစ်နေချိန်မှာ ကျောင်းအာဏာပိုင်တွေက ဘာတစ်ခုမှ ဖြေရှင်းဆောင်ရွက်တာ မရှိပါဘူး။ ဒီကနေ့ ကျောင်းအာဏာပိုင်တွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျောင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးကြတာလို ့ပဲပြောရမယ်ဗျ။ အဲဒီလုပ်ရပ်ကို ဗကသများအဖွဲ့ချုပ်နဲ့ ညီနောင် သမဂ္ဂတွေကလည်း ကြေညာချက် အသီးသီး ထုတ်ပြန်ကြဖို ့ရှိသလို ဗကသများ အဖွဲ ့ချုပ်ကလည်း အခုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်" ဟု ၎င်းက ပြောသည်။

ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကျောင်းသားထုကို ဖိနှိပ်ထားသော ကျောင်းစည်းကမ်းချက်များ အလိုမရှိ၊ အဆောင်နေထိုင်ခွင့် ရရှိရေးတို့အတွက် ကိုအောင်ပိုင်ဦး(ပန်းပုဌာန) ကျောင်းသားနှင့် ဝန်းရံသမဂ္ဂများမှ ပါမောက္ခချုပ်ရုံးခန်း ရှေ့တွင် တောင်းဆိုဆန္ဒပြနေစဉ် ယင်းကဲ့သို့ အခြေအနေ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို ့ကတော့ ပုံစံအမျိုးမျိုးနဲ့ ကျောင်းသားထု အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်မှာပါ။ နောက်တစ်ကြိမ်ကတော့ ကျောင်းပေါင်းစုံကသမဂ္ဂတွေ အင်အားအပြည့်နဲ့ ပါဝင်ပြီး ဆက်လုပ်ဖို ့ပဲရှိပါတယ်"ဟု ကိုဝေယံဖြိုးမိုးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ထံ သွားရောက် မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ကိုဖူးသစ်