မှုခင်းစီမံခန့်ခွဲမှု(NCPM)ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၈_၂၀၂၂)၏မဟာဗျူဟာလုပ်ငန်းနယ်ပယ် ၅ဖြင့်သော ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွှက်သော အထူးမှုခင်းကိစ္စတို့ကိုတိုးမြှင့်ဆောင်ရွှက်ရန်အတွက် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ရန်ကင်းမြို့နယ်တရားရုံးက ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်မြန်မာ
Unicode
သရုပ်ဆောင်မိုးအောင်ရင်အမှုကို ရက်ပေါင်း ၁၈၀ အတွင်းအပြီးသတ် စစ်ဆေးမည်
ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်အမှုကို ရန်ကင်းမြို့နယ်တရားရုံးက မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေး (NCMP )အရ ရက်ပေါင်း ၁၈ဝအတွင်း အပြီးသတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလ ၇ ရက်က ရန်ကင်းမြို့နယ်တရားရုံးတွင် မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးထိုင်ကာ ယင်းသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သရုပ်ဆောင်မိုးအောင်ရင်အား ဇန်နဝါရီလ ရရက်၌ ရုံးချိန်ခေါ်ယူ စစ်ဆေးခြင်းမှာ တတိယအကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး၊ လာမည့် ဇန်နဝါရီလ ၁ရရက်တွင်လည်း ပြန်လည်ချိန်းဆိုထားရှိကြောင်းသိရသည်။ လက်ရှိတွင် မိုးအောင်ရင်အား ဒီဇင်ဘာလ ၁၃ရက်က လူပုဂ္ဂိုလ်နှစ်ဦး နှင့်ကျပ်သိန်း၁ဝဝဖြင့် ခံဝန်ချုပ်ရေးထိုးကာ အာမခံရယူခဲ့ကြောင်း သိရသည်။
မှုခင်းစီမံခန့်ခွဲမှု(NCPM)ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော််ချုပ်သည် တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၈_၂၀၂၂)၏မဟာဗျူဟာလုပ်ငန်းနယ်ပယ် ၅ဖြင့်သော ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွှက်သော အထူးမှုခင်းကိစ္စတို့ကိုတိုးမြှင့်ဆောင်ရွှက်ရန်အတွက် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ရန်ကင်းမြို့နယ်တရားရုံးက ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
သရုပ်ဆောင် မိုးအောင်ရင်အား ၄င်း၏ ရည်းစားဟောင်း ဖြစ်သူက ကာမလိမ်လည်မှုဖြင့် နိုဝင်ဘာလ ၂၂ ရက်တွင် ရန်ကင်း မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားစွဲဆိုရာတွင် ရန်ကင်း မြို့နယ် တရားရုံးက တရားလို မခင်မြတ်နိုးအား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် အမှုအား ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် တရားရုံးက လက်ခံစစ်ဆေးမည့် ပုဒ်မ ၄၁၇ မျာ လိမ်လည်မှုပုဒ်မတစ်ခုဖြစ်ပြီး အာမခံရရှိနိုင်ကာ ပြစ်မှုထင်ရှားပါက ထိုသူကို ထောင်ဒဏ်သုံးနှစ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဖသသတ်ကြီး ဥဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ပြည်မြန်မာ
0 Comments